ကျွန်မနှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော် သည် သိုးများကိုအဘယ်မှာ ထိန်းတော်မူသည်ကို၎င်း၊ မွန်းတည့်ချိန်၌ အဘယ်မှာအရပ်ခိုစေတော်မူသည်ကို၎င်း ပြတော်မူပါ။ ကျွန်မသည် အခြားတပါးသော သိုးထိန်း နောက်သို့ အဘယ်ကြောင့် လမ်းလွဲ၍လိုက်ရပါအံ့နည်း။
ရှင်မာကု 4:6 - Common Language Bible နေပူသောအခါအမြစ်မစွဲသဖြင့်ညှိုးနွမ်း ခြောက်သွေ့လေ၏။- Garrad Bible နေ ထွက် သော အ ခါ အ ပူ လောင်၍ အ မြစ် မ စွဲ သည့် အ တွက် ညှိုး နွမ်း သေ ပျောက်၏။ Judson Bible နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် နေထွက်လာ၍ နေလောင်ဒဏ်ခံရသောအခါ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းခြောက်သွေ့သွားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် နေထွက်သောအခါ အပူဒဏ်ခံရပြီး အမြစ်လည်းမစွဲသောကြောင့် ညှိုးနွမ်းသွားကြ၏။ မြန်မာ နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။- |
ကျွန်မနှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော် သည် သိုးများကိုအဘယ်မှာ ထိန်းတော်မူသည်ကို၎င်း၊ မွန်းတည့်ချိန်၌ အဘယ်မှာအရပ်ခိုစေတော်မူသည်ကို၎င်း ပြတော်မူပါ။ ကျွန်မသည် အခြားတပါးသော သိုးထိန်း နောက်သို့ အဘယ်ကြောင့် လမ်းလွဲ၍လိုက်ရပါအံ့နည်း။
ဆင်းရဲသူနှင့် ခိုကိုးရာမဲ့သူတို့သည် ကိုယ်တော်ရှင်၏ထံတော်သို့ခိုလှုံကြသဖြင့် ဒုက္ခရောက်ချိန်၌ဘေးမဲ့လုံခြုံမှုကိုရရှိကြ ပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားမိုးသက်မုန်တိုင်းမှ အကာအကွယ်ကိုလည်းကောင်း၊ ပြင်းထန်သည့်အပူရှိန်မှခိုလှုံရန်အရိပ် အာဝါသ ကိုလည်းကောင်းပေးတော်မူပါ၏။ ရက်စက်ကြမ်းကြုတ်သူတို့၏တိုက်ခိုက်မှုသည်၊ ဆောင်းလေပြင်းနှင့်လည်းကောင်း၊
နေထွက်လာပြီးနောက်ဘုရားသခင်သည် အရှေ့လေပူကိုတိုက်ခတ်စေတော်မူ၏။ ယောန သည်မိမိဦးခေါင်းပေါ်သို့ကျရောက်လာသည့် အပူရှိန်ကြောင့် မေ့လုမတတ်ဖြစ်ပြီးလျှင် သေချင်စိတ်ပေါက်လာ၏။ သို့ဖြစ်၍ယောန က``ငါ့အဖို့မှာအသက်ရှင်နေရခြင်းထက် သေရခြင်းကပို၍ကောင်းလိမ့်ဦးမည်'' ဟု မြည်တမ်း၏။
အချို့မျိုးစေ့တို့သည်မြေဆီလွှာပါးသည့် ကျောက်ခံမြေပေါ်တွင်ကျ၍ မြေသားတိမ် သဖြင့်အပင်များလျင်မြန်စွာပေါက်သော် လည်း၊-
အချို့မျိုးစေ့တို့သည်ဆူးတောတွင်ကျ၍ဆူး ပင်များကြီးထွားလာပြီးလျှင် အပင်ငယ်တို့ ကိုလွှမ်းမိုးသဖြင့်သီးနှံမဖြစ်ပွားနိုင်။-
သင်တို့ယုံကြည်ခြင်းအားဖြင့်ခရစ်တော်သည် သင်တို့စိတ်နှလုံးတွင်ကျိန်းဝပ်တော်မူရန်ငါ ဆုတောင်း၏။ သင်တို့သည်ခရစ်တော်၏မေတ္တာ တော်အလျား၊ အနံ၊ အမြင့်၊ အနက်တို့ကို ဘုရားသခင်၏လူစုတော်ဝင်အပေါင်းတို့ နှင့်အတူသိရှိနားလည်နိုင်ကြမည့်အကြောင်း မေတ္တာတော်တွင်အခြေခံအမြစ်စွဲလျက်ရှိ ကြစေရန်ကိုလည်းငါသည်ဆုတောင်းပတ္ထ နာပြု၏။-
သွန်သင်ခြင်းကိုခံရသည်အတိုင်းကိုယ်တော် ၌နက်နဲစွာအမြစ်စွဲလျက်ကိုယ်တော်အပေါ်၌ မိမိတို့ဘဝကိုတည်ဆောက်ကာသင်တို့၏ ယုံကြည်ခြင်းကိုပို၍ခိုင်မြဲစေကြလော့။ ကျေးဇူးတော်ကိုချီးမွမ်းလျက်နေကြလော့။
ထိုနောက်မုချသေကြေပျက်စီးကြမည့်သူတို့ အားယုတ်မာသည့်နည်းအမျိုးမျိုးဖြင့်လှည့်စား လိမ့်မည်။ ထိုသူတို့သည်ကယ်တင်ခြင်းရနိုင်ရန် သမ္မာတရားတော်ကိုနှစ်သက်လက်ခံမှုမရှိ ကြသောကြောင့်ယင်းသို့သေကြေပျက်စီးရ ပေတော့အံ့။-
နေပူရှိန်သည်အပင်ကိုခြောက်သွေ့စေ၍ အပွင့်ကိုကြွေကျစေ၏။ သို့ဖြစ်၍ယင်း၏ တင့်တယ်လှပမှုသည်ပျက်စီးရသကဲ့သို့ ချမ်းသာကြွယ်ဝသူသည် မိမိ၏အလုပ် အကိုင်ကိုဆောင်ရွက်လျက်နေစဉ်ပျောက် ကွယ်ရလိမ့်မည်။
သူတို့သည်အရှက်အကြောက်ကင်းမဲ့စွာ ပျော်ရွှင်သောက်စားလျက် သင်တို့၏မိတ်သဟာ ယပွဲများတွင်သင်တို့၏ဂုဏ်သိက္ခာကိုညစ် စွန်းစေကြ၏။ ထိုသူတို့ကားကိုယ်ကျိုးကို သာကြည့်တတ်သူများတည်း။ သူတို့သည် မိုးရေမပါဘဲ လေတိုက်ရာသို့လွင့်ပါသွား တတ်သောမိုးတိမ်နှင့်လည်းကောင်း၊ ဆောင်း ဦးကာလတွင်အသီးမသီး၊ အမြစ်မှ ဆွဲနှုတ်ထားသည့်နှစ်ပြန်သေသစ်ပင်နှင့် လည်းကောင်းတူကြ၏။-
သူတို့သည်နောက်တစ်ဖန်အစာရေစာ မငတ်မွတ်ရကြ။ နေရောင်ခြည်သည်လည်း ကောင်း၊ ပြင်းထန်သောအပူရှိန်သည်လည်း ကောင်းသူတို့အပေါ်သို့မကျရောက်ရ။-