တိုး၍မလွန်ရ၊ ဤအရပ်၌သင်၏ ထောင်လွှားသောလှိုင်းတံပိုးဆုံးရ၏ဟု ပညက်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီ သနည်း။
ရှင်မာကု 4:41 - Common Language Bible ထိုအခါသူတို့သည်လွန်စွာထိတ်လန့်ကြ၏။ ``ဤ သူကားအဘယ်သူနည်း။ လေနှင့်လှိုင်းများပင် လျှင်သူ၏အမိန့်ကိုလိုက်နာကြသည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။ Garrad Bible အ လွန် ကြောက် ရွံ့ ၍ ဤ သူ ကား မည် သူ နည်း။ လေ နှင့် ရေ ပင် အ မိန့် တော် ကို နား ထောင် ရ ပါ သည် တ ကား ဟု အ ချင်း ချင်း ပြော ဆို ကြ ၏။ Judson Bible သူတို့သည် အလွန်ကြောက်ရွံ့၍ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့် ပင်လယ်သည် သူ၏စကားကို နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်လျက် “ဤသူကား မည်သူဖြစ်သနည်း။ လေနှင့်ပင်လယ်တို့ပင်လျှင် သူ့ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တပည့်တော်တို့သည်လည်း အလွန်အံ့သြထိတ်လန့်လျက် “ဤသူသည် မည်သူနည်း။ လေနှင့် လှိုင်းတံပိုးတို့ပင်လျှင် သူ့ကို နာခံကြသည်” ဟု အချင်းချင်း ပြောဆိုကြ၏။ မြန်မာ သူတို့သည် အလွန်ကြောက်ရွံ့၍ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့် ပင်လယ်သည် သူ၏စကားကို နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။ |
တိုး၍မလွန်ရ၊ ဤအရပ်၌သင်၏ ထောင်လွှားသောလှိုင်းတံပိုးဆုံးရ၏ဟု ပညက်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီ သနည်း။
ကိုယ်တော်ရှင်သည်သန့်ရှင်းသူတို့၏ကောင်စီတွင် ရိုသေလေးမြတ်ခြင်းကိုခံရပါ၏။ သူတို့သည်ကိုယ်တော်ရှင်အားလွန်စွာ ကြောက်ရွံ့ရိုသေကြပါ၏။
ငါ၏ပဋိညာဉ်တော်တွင်သူတို့အား အသက်ရှင်မှုနှင့် ချမ်းမြေ့သာယာမှုကို ကတိထားခဲ့သည်ဖြစ်၍ ငါသည်မိမိ အားသူတို့ရိုသေလေးစားစိမ့်သောငှာ ထိုအရာများကိုပေးအပ်ခဲ့ပေသည်။ ထို နေ့ရက်ကာလများကသူတို့သည်အကယ် ပင်ငါ့အားကြောက်ရွံ့ရိုသေရကြ၏။-
ကိုယ်တော်နှင့်ပေတရုတို့လှေပေါ်သို့ရောက် ကြသောအခါလေသည်ငြိမ်သွားလေ၏။-
တပည့်တော်တို့သည်အံ့သြ၍ ``ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်လှိုင်းများပင် လျှင်သူ၏အမိန့်ကိုလိုက်နာကြပါတကား'' ဟုဆိုကြ၏။
ထိုနောက်ကိုယ်တော်ကတပည့်တော်တို့အား ``အဘယ်ကြောင့်ဤမျှကြောက်လန့်ကြသနည်း။ ယခုတိုင်အောင်ပင်သင်တို့သည် ငါ့အပေါ်၌ ယုံကြည်ကိုးစားမှုကင်းလျက်ရှိနေကြသေး သနည်း'' ဟုမေးတော်မူ၏။
ကိုယ်တော်နှင့်တပည့်တော်တို့သည် ဂါလိလဲအိုင် တစ်ဖက်ကမ်းတွင်ရှိသောဂါရစဒေသသို့ ရောက်ကြ၏။-
အဝတ်တော်ကိုတို့ထိသောအမျိုးသမီးသည် မိမိခံစားရသည့်အဖြစ်ကိုသိသဖြင့် ကြောက်ရွံ့ တုန်လှုပ်လျက်ရှေ့တော်သို့လာရောက်ပျပ်ဝပ်ကာ ဟုတ်တိုင်းမှန်ရာကိုအကုန်အစင်လျှောက်ထား၏။
ထိုအဖြစ်အပျက်အကြောင်းကိုကြားရသည့် လူအပေါင်းတို့သည်လွန်မင်းစွာအံ့သြကြ လျက် ``ကိုယ်တော်သည်ခပ်သိမ်းသောအမှုတို့ ကိုလျောက်ပတ်စွာပြုတော်မူပြီ။ နားပင်းသူတို့ ကိုကြားစေတော်မူပြီ။ ဆွံ့အသူတို့ကိုစကား ပြောစေတော်မူပြီ'' ဟုပြောဆိုကြ၏။
လူအပေါင်းတို့သည်အံ့သြလျက် ``ဤသူ၏ အမိန့်စကားကားအဘယ်သို့နည်း။ သူသည် ညစ်ညမ်းသောနတ်များအားထွက်သွားရန် တန်ခိုးအာဏာဖြင့်အမိန့်ပေး၍ သူတို့သည် ထွက်သွားကြပါသည်တကား'' ဟုအချင်း ချင်းပြောဆိုကြ၏။-
ကိုယ်တော်က ``သင်တို့သည်ယုံကြည်ခြင်း မရှိကြသလော'' ဟုတပည့်တော်တို့အား မေးတော်မူ၏။ တပည့်တော်တို့သည်ကြောက်ရွံ့အံ့သြလျက် ``ဤ သူကားအဘယ်သူနည်း။ လေနှင့်လှိုင်းများကို ပင်အမိန့်ပေး၍သူတို့သည်လိုက်နာကြပါ သည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။
ထို့ကြောင့်ငါတို့ရရှိကြသည့်နိုင်ငံတော် သည်မတုန်မလှုပ်နိုင်သည်ဖြစ်ရာငါတို့ သည်ကျေးဇူးတော်ကိုချီးမွမ်းကြစို့။ ငါ တို့သည်ကျေးဇူးတင်၍ကြောက်ရွံ့ရိုသေ သောသဘောနှင့်ကိုယ်တော်အား နှစ်သက် တော်မူသောနည်းဖြင့်ဝတ်ပြုကိုးကွယ် ကြကုန်အံ့။-
အို ဘုရားသခင်၊ကိုယ်တော်ရှင်အားမကြောက်ရွံ့ မရိုသေဘဲအဘယ်သူနေနိုင်ပါမည်နည်း။ ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် သန့်ရှင်းမြင့်မြတ်တော်မူပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် တရားမျှတကြောင်းပေါ်လွင်ထင်ရှားသဖြင့် လူမျိုးတကာတို့သည်ရှေ့တော်သို့လာ၍ ပျပ်ဝပ်ရှိခိုးကြပါလိမ့်မည်'' ဟူ၍ဘုရားသခင်၏အစေခံမောရှေ၏ သီချင်းနှင့် သိုးသူငယ်တော်၏သီချင်းကို သီဆိုလျက်နေကြ၏။
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍စိတ် နှလုံးအကြွင်းမဲ့သစ္စာနှင့်ဝတ်ပြုကြလော့။ သင်တို့သည်ကိုယ်တော်ပြုတော်မူခဲ့သည့်ထူး မြတ်သောအမှုတော်တို့ကိုအောက်မေ့သတိရ ကြလော့။-