အချို့မျိုးစေ့တို့သည်မြေဆီလွှာပါးသည့် ကျောက်ခံမြေပေါ်တွင်ကျ၏။ မြေသားတိမ် သဖြင့်အပင်များလျင်မြန်စွာပေါက်သော် လည်း၊-
ရှင်မာကု 4:16 - Common Language Bible ထိုနည်းတူစွာအချို့သောသူတို့သည်ကျောက်ခံ မြေတွင်ကျသည့်မျိုးစေ့နှင့်တူ၏။ သူတို့သည် တရားတော်ကိုကြားလျှင်ကြားချင်းဝမ်းမြောက် စွာခံယူကြ၏။- Garrad Bible ထို နည်း တူ ကျောက် ခံ မြေ တွင် ကြဲ ထား သူ တို့ မှာ တ ရား တော် ကို ကြား လျှင် ကြား ချင်း ရွှင် လန်း စွာ နာ ယူ သော် လည်း၊ Judson Bible ကျောက်ပေါသောအရပ်၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ချင်း ခံယူသော်လည်း၊- မြန်မာ့စံမီသမ္မာကျမ်း ကျောက်ပေါများသောနေရာတွင် ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြားသောအခါ ဝမ်းမြောက်စွာဖြင့် ချက်ချင်းလက်ခံသောသူတို့ကိုဆိုလို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အခြားသောသူတို့သည် ကျောက်ပေါသောမြေတွင် ကျသောမျိုးစေ့နှင့် တူ၏။ ထိုသူတို့သည် တရားစကားကို ကြား၍ ဝမ်းမြောက်စွာ ချက်ချင်းခံယူ၏။ မြန်မာ ကျောက်ပေါသောအရပ်၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ချင်း ခံယူသော်လည်း၊- |
အချို့မျိုးစေ့တို့သည်မြေဆီလွှာပါးသည့် ကျောက်ခံမြေပေါ်တွင်ကျ၏။ မြေသားတိမ် သဖြင့်အပင်များလျင်မြန်စွာပေါက်သော် လည်း၊-
သို့သော်ယင်းတရားတော်သည်စိတ်နှလုံးတွင် အမြစ်မစွဲ။ ကာလအနည်းငယ်သာတည်နေ၏။ ထိုနောက်ဤတရားတော်ကြောင့်ဒုက္ခနှင့်နှိပ်စက် ညှဉ်းပန်းမှုကိုကြုံတွေ့ရသောအခါ သူတို့ သည်ချက်ချင်းပင်ဖောက်ပြန်သွားကြ၏။-
ယောဟန်သည်သူတော်သူမြတ်ဖြစ်ကြောင်းဟေရုဒ် သိသဖြင့်ကြောက်၍ သူ့အားဘေးမဲ့လုံခြုံစွာ ထား၏။ ဟေရုဒ်သည်ယောဟန်၏ဟောပြောသွန်သင် ချက်များကိုကြားနာရသည့်အခါတိုင်း စိတ် မငြိမ်မသက်ဖြစ်ရတတ်သော်လည်းဝမ်းမြောက် စွာပင်ကြားနာလေ့ရှိသည်။
ကျောက်မြေတွင်ကျသည့်မျိုးစေ့သည်နှုတ်ကပတ် တရားတော်ကိုကြားသောအခါ ဝမ်းမြောက်စွာ ယုံကြည်ခံယူသူများကိုဆိုလိုသည်။ သို့ရာတွင် သူတို့၏စိတ်နှလုံးတွင်နှုတ်ကပတ်တော်သည် အမြစ်မစွဲ။ ကာလအနည်းငယ်သာယုံကြည် လက်ခံ၏။ သို့ရာတွင်စုံစမ်းနှောင့်ယှက်ခြင်းတွေ့ သောအခါသူတို့သည်ဖောက်ပြန်သူများ ဖြစ်ကြ၏။-
ယောဟန်သည်အလျှံထ၍ထွန်းလင်းနေသော ဆီမီးခွက်သဖွယ်ဖြစ်သဖြင့် သင်တို့သည်သူ ၏အလင်းရောင်တွင်ခဏမျှသာပျော်မွေ့လို ကြ၏။-
အဂြိပ္ပမင်းက ``သင်သည်ဤမျှတိုတောင်း သည့်အချိန်၌ ငါ့ကိုခရစ်ယာန်ဖြစ်စေနိုင် မည်ဟုထင်မှတ်ပါသလော'' ဟုဆို၏။
ရှိမုန်ကိုယ်တိုင်ပင်လျှင်ယုံကြည်သဖြင့်ဗတ္တိဇံ မင်္ဂလာကိုခံပြီးနောက် ဖိလိပ္ပုထံတွင်မှီဝဲ ဆည်းကပ်လေသည်။ သူသည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုတွေ့မြင်ရသော အခါ အံ့သြမိန်းမောလေ၏။