ထိုအခါသခင်ယေရှုက ``ကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုအစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် အသိပညာရှင်များအားသိခွင့်မပေးဘဲထား သည့်အရာများကို ပညာမဲ့သူတို့အားဖွင့်ပြ တော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-
ရှင်မာကု 4:11 - Common Language Bible ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော ခက်ခဲနက်နဲသည့် အကြောင်းအရာတို့ကိုသိနိုင်ခွင့်ရရှိကြ၏။ ယင်းသို့သိနိုင်ခွင့်မရသောသူတို့ကား ပုံ ဥပမာများအားဖြင့်သာကြားသိရပေသည်။- Garrad Bible ကိုယ် တော် က ဘု ရား သ ခင့် နိုင် ငံ တော် နှင့် စပ် လျဉ်း သည့် နက် နဲ ရာ ကို သင် တို့ ရ ရှိ သည် မှန်၏။ ပြင် ပ လူ တို့ မူ ကား ကြည့် လျက် ပင် သိ မြင် ခြင်း၊ ကြား လျက် ပင် နား လည် ခြင်း ကင်း၍ အ ပြစ် ပြေ လွတ် ခြင်း ရ ရန် ပြန် လာ ခွင့် မ ရှိ စေ အံ့ သော ငှါ ဥ ပ မာ များ ဖြင့် သာ သွန် သင် ခံ ရ ကြ သည် ဟု မိန့် တော် မူ ၏။ Judson Bible ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာကို သိရသောအခွင့်ရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို သိခွင့်ပေးထား၏။ အပြင်လူတို့အတွက်မူကား အရာရာကို ပုံဥပမာများဖြင့်ဖော်ပြရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်က “သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြ၏။ သို့သော်လည်း အပြင်လူများအတွက်မှာမူ ပုံဥပမာဖြင့် ပြောပြရ၏။ မြန်မာ ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာကို သိရသောအခွင့်ရှိကြ၏။- |
ထိုအခါသခင်ယေရှုက ``ကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုအစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် အသိပညာရှင်များအားသိခွင့်မပေးဘဲထား သည့်အရာများကို ပညာမဲ့သူတို့အားဖွင့်ပြ တော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-
``သင်တို့၏မျက်စိများသည်မြင်၍နားများသည် လည်းကြားသောကြောင့် သင်တို့သည်မင်္ဂလာရှိကြ၏။-
သခင်ယေရှုက ``ယောဟန်၏သားရှိမုန်၊ သင်သည် မင်္ဂလာရှိ၏။ ဤအကြောင်းကိုသာမန်လူတစ်ယောက် အနေဖြင့်သင်မသိနိုင်။ ကောင်းကင်ဘုံရှင်ငါ၏ ခမည်းတော်ကဖော်ပြတော်မူ၍သာသင်သိ သတည်း။-
ကိုယ်တော်သည်သူတို့ကိုခေါ်တော်မူပြီးလျှင် ပုံဥပမာဆောင်၍ ``စာတန်သည်အဘယ်သို့ လျှင် မိမိကိုယ်ကိုမိမိနှင်ထုတ်နိုင်မည်နည်း။-
လူပရိသတ်ကင်းရှင်းချိန်၌တပည့်တော်တစ် ဆယ့်နှစ်ဦးနှင့်တကွ နောက်တော်ပါးမှလိုက်လာ သူတို့သည် ပုံဥပမာများ၏အနက်အဋ္ဌိပ္ပါယ် ကိုကိုယ်တော်အားမေးလျှောက်ကြ၏။-
ကိုယ်တော်ကပုံဥပမာဆောင်၍များစွာသော အကြောင်းအရာများကိုသွန်သင်တော်မူ၏။-
ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သောနက်နဲသည့်အကြောင်း အရာများကိုသိနားလည်ရကြ၏။ အခြား သူတို့မူကားကြည့်လျက်နှင့်မမြင်၊ ကြားလျက် နှင့်နားမလည်၊ ပုံဥပမာများအားဖြင့်ဟောရ၏။
အဘယ်သူသည်သင်တို့အားသူတစ်ပါး ထက်ထူးကဲစေပါသနည်း။ သင်တို့တွင်ရှိ သမျှသောအရာတို့သည် ဘုရားသခင် ချပေးတော်မူသောအရာများမဟုတ် ပါလော။ သို့ဖြစ်ပါလျက်သင်တို့ရရှိထား သောအရာများသည် ဘုရားသခင်ချပေး တော်မူသောဆုကျေးဇူးများမဟုတ် သကဲ့သို့ သင်တို့အဘယ်ကြောင့်ကြွား ဝါသနည်း။
ခရစ်တော်၏မျက်နှာတော်တွင်ထွန်းတောက် လျက်ရှိသော ဘုန်းအသရေတော်အကြောင်း ကိုသိနားလည်နိုင်စေရန် ငါတို့၏စိတ်နှလုံး ထဲ၌အလင်းကိုထွန်းလင်းစေတော်မူသော ဘုရားသခင်ကား `အမှောင်ထဲမှအလင်း ပေါ်ထွန်းလိမ့်မည်' ဟုမိန့်ကြားတော်မူခဲ့ သောဘုရားသခင်ပင်ဖြစ်သတည်း။
မိမိရည်ရွယ်ချက်အတိုင်းပြုတော်မူ၏။ ခရစ်တော်အားဖြင့်နက်နဲသောအကြံ အစည်တော်ကိုငါတို့အားသိစေတော်မူပြီ။-
သင်တို့ရရှိသည့်အခွင့်ကောင်းမှန်သမျှကို အသုံးပြုကာ အခြားဘာသာဝင်တို့အား ပညာသတိနှင့်ဆက်ဆံကြလော့။-
ဤနည်းအားဖြင့်သင်တို့သည်အသင်းတော်ဝင် မဟုတ် သူတို့၏ကြည်ညိုလေးစားခြင်းကိုခံရ ကြလိမ့်မည်။ အဘယ်သူကိုမျှမှီခိုရန်လည်း လိုလိမ့်မည်မဟုတ်။
ကဲ့ရဲ့ပြစ်တင်ခြင်းမခံရစေရန်နှင့်မာရ်နတ် ၏ကျော့ကွင်းထဲသို့မကျရောက်စေရန်သူ သည်အသင်းတော်အပရှိလူတို့၏ရိုသေ လေးစားမှုကိုခံရသူဖြစ်ရမည်။
ဘုရားသခင်၏သားတော်သည်လောကသို့ကြွ လာတော်မူ၍ ငါတို့အားဘုရားစစ်ဘုရားမှန် ကိုသိရှိနိုင်သည့်ဉာဏ်ကိုပေးတော်မူကြောင်း ငါတို့သိကြ၏။ ငါတို့သည်ကိုယ်တော်၏သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ ဘုရားစစ်ဘုရားမှန် ဖြစ်တော်မူသောဘုရားသခင်နှင့်လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြ၏။ ကိုယ်တော်သည် ဘုရားစစ်ဘုရားမှန်ဖြစ်တော်မူ၏။ ထာဝရ အသက်လည်းဖြစ်တော်မူ၏။