ကိုယ်တော်သည်နာဇရက်မြို့တွင်နေထိုင်တော် မမူဘဲဇာဗုလုန်နယ်နှင့်နဿလိနယ်စပ်ကြား၊ ဂါလိလဲအိုင်အနီးရှိကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။-
ရှင်မာကု 2:1 - Common Language Bible ရက်အနည်းငယ်ကြာသောအခါကိုယ်တော်သည် ကပေရနောင်မြို့သို့ပြန်လည်ရောက်ရှိလာ၏။ အိမ်သို့ကိုယ်တော်ရောက်ရှိနေသည့်သတင်းကို လူတို့ကြားကြကုန်၏။- Garrad Bible ရက် အ နည်း ငယ် ကြာ ပြီး နောက် က ပေ ရ နောင် မြို့ သို့ ကြွ ဝင် တော် မူ ပြန် သော် အိမ် တွင် ရှိ တော် မူ ကြောင်း၊ Judson Bible နောက်တစ်နေ့သ၌ ကိုယ်တော်သည် ကပေရနောင်မြို့သို့ ဝင်ပြန်၍ အိမ်၌ရှိတော်မူသည်ကို ကြားကြလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ရက်အနည်းငယ်ကြာပြီးနောက် ကိုယ်တော်သည် ကပေရနောင်မြို့ထဲသို့ တစ်ဖန်ဝင်တော်မူ၏။ အိမ်၌ ကိုယ်တော်ရှိတော်မူသည်ကိုကြား၍ ခေတ်သစ်မြန်မာ သမ္မာကျမ်း ရက်အနည်းငယ် ကြာပြီးနောက် ယေရှုသည် ကပေရနောင်မြို့သို့ တစ်ဖန်ဝင်တော်မူ၏။ အိမ်သို့ ကိုယ်တော်ရောက်ရှိနေတော်မူသည့်သတင်းသည် ပျံ့နှံ့လေ၏။ မြန်မာ နောက်တစ်နေ့သ၌ ကိုယ်တော်သည် ကပေရနောင်မြို့သို့ ဝင်ပြန်၍ အိမ်၌ရှိတော်မူသည်ကို ကြားကြလျှင်၊- |
ကိုယ်တော်သည်နာဇရက်မြို့တွင်နေထိုင်တော် မမူဘဲဇာဗုလုန်နယ်နှင့်နဿလိနယ်စပ်ကြား၊ ဂါလိလဲအိုင်အနီးရှိကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။-
သခင်ယေရှုသည်လှေကိုစီး၍အိုင်တစ်ဖက်သို့ ကူးပြီးလျှင်မိမိနေရင်းမြို့သို့ကြွတော်မူ၏။-
ထိုသူသည်ထွက်ခွာ၍သွား၏။ သို့ရာတွင်မိမိ၏ အဖြစ်အပျက်အကြောင်းကို အနှံ့အပြား ပြောကြားလေသည်။ ထိုသတင်းသည်လွန်စွာ ပြန့်သွားရကားသခင်ယေရှုသည် အဘယ်မြို့သို့မျှ အထင်အရှားမဝင်နိုင်တော့ချေ။ ဆိတ်ကွယ်ရာ မြို့ပြင်ဒေသများမှာသာနေရ၏။ သို့သော် အရပ်ရပ်မှလူအပေါင်းတို့သည်အထံတော် သို့လာရောက်ကြကုန်၏။
ထို့ကြောင့်အထံတော်သို့စုရုံးလာကြသူများ လှသဖြင့် အိမ်ဥပစာမှာခြေချစရာမရှိ တော့ပေ။ ကိုယ်တော်သည်ထိုသူတို့အားတရား တော်ကိုဟောပြောလျက်နေတော်မူ၏။-
ထိုနောက်ကိုယ်တော်သည်အိမ်သို့ပြန်တော်မူ၏။ လူ တို့သည်စုရုံးလာကြပြန်သည်။ ထို့ကြောင့်ကိုယ်တော် နှင့်တပည့်တော်တို့မှာအစားအစာသုံးဆောင်ရန် ပင်အခွင့်မရကြ။-
ကိုယ်တော်သည်ပရိသတ်ရှိရာမှကြွ၍အိမ်ထဲ သို့ဝင်တော်မူသောအခါ တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူခဲ့သည့်ပုံဥပမာ၏အနက် အဋ္ဌိပ္ပါယ်ကိုမေးမြန်းကြ၏။-
ကိုယ်တော်သည်ထိုအရပ်မှထွက်ခွာတော်မူ၍ တုရုနယ်သို့ကြွတော်မူ၏။ ရောက်လျှင်အိမ်တစ် အိမ်တွင်တည်းခိုတော်မူ၏။ ကိုယ်တော်ရောက်ရှိ တော်မူကြောင်းမည်သူကိုမျှသိစေတော်မမူ လို။ သို့ရာတွင်ပုန်းကွယ်၍နေတော်မမူနိုင်။-
ကိုယ်တော်သည်အိမ်သို့ပြန်ရောက်၍တစ်ကိုယ်တည်း ရှိတော်မူသောအခါ တပည့်တော်တို့က ``အကျွန်ုပ် တို့သည်ထိုနတ်ကိုအဘယ်ကြောင့်နှင်ထုတ်၍ မရပါသနည်း'' ဟုမေးလျှောက်ကြ၏။
ကိုယ်တော်က ``သင်တို့သည် `အချင်းဆရာဝန်၊ သင့်ရောဂါကိုသင်ပျောက်အောင်ကုလော့' ဟူ သောဆိုရိုးစကားကိုအသုံးပြုကာငါ့ အားဆိုလိမ့်မည်။ ကပေရနောင်မြို့တွင်အရှင် ပြုခဲ့သည်ဟုအကျွန်ုပ်တို့ကြားသိရသည့် အမှုအရာများကို အရှင့်နေရင်းမြို့တွင် လည်းပြုတော်မူပါဟုငါ့အားမုချပြော ဆိုကြလိမ့်မည်။-
ထိုအခါလူတို့သည်လေဖြတ်သူတစ်ယောက် ကိုထမ်းစင်နှင့်တင်၍ဆောင်ခဲ့ကြ၏။ ထိုသူနာ ကိုအိမ်ထဲသို့သယ်ဆောင်ကာသခင်ယေရှု၏ ရှေ့တော်တွင်ချထားရန်ကြိုးစားကြ၏။-
ထိုအရာရှိသည်ယုဒပြည်မှဂါလိလဲ ပြည်သို့သခင်ယေရှုကြွလာတော်မူကြောင်း ကိုကြားသဖြင့် အထံတော်သို့သွား၍သေ ခါနီးဖြစ်သော မိမိသား၏အနာရောဂါ ကိုပျောက်ကင်းစေတော်မူပါမည့်အကြောင်း လျှောက်ထား၏။-
ထိုအသံကိုကြားသောအခါလူပရိသတ် တို့သည်စုရုံးလာကြ၏။ တပည့်တော်တို့ဟော ပြောချက်များကို လူတိုင်းပင်မိမိဘာသာ စကားဖြင့်ကြားကြရသဖြင့်သူတို့သည် အံ့အားသင့်ကြ၏။-