ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အတွက် ခိုင်ခံ့သည့် ခိုလှုံရာဖြစ်တော်မူသဖြင့် ကျွန်တော်မျိုးသည်လူတို့ရှေ့တွင်စံနမူနာ ဖြစ်ပါ၏။
ရှင်မာကု 15:5 - Common Language Bible သခင်ယေရှုသည်ဆိတ်ဆိတ်နေတော်မူသဖြင့် ပိလတ်မင်းသည်အံ့သြလေ၏။ Garrad Bible ယေ ရှု သည် တစ် ခွန်း တစ် ပါ ဒ မျှ မိန့် ပြန် တော် မ မူ သော ကြောင့် ပိ လတ် မင်း အံ့ သြ ၏။ Judson Bible စကားတစ်ခွန်းကိုမျှပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယေရှုသည် နောက်ထပ် မည်သည့်အရာကိုမျှ ပြန်၍ မိန့်တော်မမူဘဲနေသဖြင့် ပိလတ်မင်းသည် အံ့ဩလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ယေရှုသည် စကားတစ်ခွန်းမျှ ပြန်၍ မိန့်တော်မမူဘဲနေသဖြင့် ပိလတ်မင်းသည် အလွန်အံ့သြလေ၏။ မြန်မာ စကားတစ်ခွန်းကိုမျှပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ၏။ |
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အတွက် ခိုင်ခံ့သည့် ခိုလှုံရာဖြစ်တော်မူသဖြင့် ကျွန်တော်မျိုးသည်လူတို့ရှေ့တွင်စံနမူနာ ဖြစ်ပါ၏။
``သူသည်ညှဉ်းပန်းနှိပ်စက်မှုကိုခံရသော်လည်း သူသည်စကားတစ်ခွန်းမျှမပြော။ သတ်ရန်ယူဆောင်သွားသည့်သိုးသငယ် ကဲ့သို့လည်းကောင်း၊ အမွေးညှပ်ခံရအံ့ဆဲဆဲဖြစ်သော သိုးကဲ့သို့လည်းကောင်း၊ သူသည်စကားတစ်ခွန်းမျှမပြော။
ငါ့အားထာဝရဘုရားပေးသနားတော် မူသောသားသမီးများနှင့်အတူ ငါသည် ဤမှာရှိပါ၏။ ဇိအုန်တောင်တော်ပေါ်တွင် စိုးစံတော်မူသောအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ငါတို့အားဣသရေလအမျိုး သားတို့အတွက်ပြန်ကြားသည့်ဗျာဒိတ် တော်တို့ကို သရုပ်ဆောင်သူများဖြစ်စေ တော်မူလေပြီ။
သို့ဖြစ်၍ယဇ်ပုရောဟိတ်မင်းဖြစ်သူယောရှု၊ နားထောင်လော့။ ယောရှု၏အပေါင်းအဖော် ယဇ်ပုရောဟိတ်တို့၊ သာယာသောအနာဂတ် ၏နိမိတ်လက္ခဏာကိုဆောင်သူတို့၊ နားထောင် ကြလော့။ ငါသည်``အညွှန့်အတက်'' ဟုနာမည် တွင်သောမိမိ၏အစေခံကိုပေါ်ထွန်းစေ မည်။-
သို့ရာတွင်ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာ ရေးခေါင်းဆောင်များပြစ်တင်စွပ်စွဲချက်များကို ကိုယ်တော်သည်မည်သို့မျှဖြေကြားတော်မမူ။
သို့ရာတွင်ကိုယ်တော်သည်စကားတစ်ခွန်းကိုမျှ ပြန်လည်မိန့်ကြားတော်မမူ။ သို့ဖြစ်၍ဘုရင်ခံ မင်းသည်လွန်စွာအံ့သြလေ၏။
သို့ဖြစ်၍တစ်ဖန်ပိလတ်မင်းကကိုယ်တော် အား ``သင်သည်မည်သို့မျှမဖြေဘဲနေပါ သလော။ သင့်အပေါ်မည်မျှအပြစ်တင်သည် ကိုကြည့်ပါ'' ဟုဆို၏။
ဟေရုဒ်မင်းသည်ကိုယ်တော်အားမေးခွန်းများ စွာမေးသော်လည်း ကိုယ်တော်ကဖြေကြားတော် မမူ။-
သို့ဖြစ်၍အိမ်တော်ထဲသို့ပြန်ဝင်ပြီးနောက် သခင်ယေရှုအား ``သင်သည်အဘယ်မှလာ သနည်း'' ဟုမေး၏။ သို့ရာတွင်သခင်ယေရှုသည်မည်သို့မျှ ဖြေကြားတော်မမူ။-
လူထုအားထုတ်ပြရာတွင်သေဒဏ်သင့် သူများအားနောက်ဆုံးမှလိုက်ပါစေသကဲ့ သို့ ဘုရားသခင်သည်လူတို့နှင့်ကောင်းကင် တမန်တို့ရှုစားကြစေရန် ငါတို့တမန် တော်များအားနောက်ဆုံးနေရာတွင်ထား တော်မူသည်ဟုငါထင်မှတ်၏။-