ဟေရှာယ 53:7 - Common Language Bible7 ``သူသည်ညှဉ်းပန်းနှိပ်စက်မှုကိုခံရသော်လည်း သူသည်စကားတစ်ခွန်းမျှမပြော။ သတ်ရန်ယူဆောင်သွားသည့်သိုးသငယ် ကဲ့သို့လည်းကောင်း၊ အမွေးညှပ်ခံရအံ့ဆဲဆဲဖြစ်သော သိုးကဲ့သို့လည်းကောင်း၊ သူသည်စကားတစ်ခွန်းမျှမပြော။ အခန်းကိုကြည့်ပါ။Garrad Bible7 ထို သူ သည် နှိပ် စက် ခံ ရ သော် လည်း၊ နှုတ် မ မြွက် ဘဲ ကိုယ် ကို နှိမ့် ချ၍၊ သတ် ရန် ဆွဲ ငင် သော သိုး ကဲ့ သို့ လည်း ကောင်း၊ အ မွေး ညှပ် သူ တို့ ရှေ့ ဆိတ် ဆိတ် နေ သော သိုး မ ကဲ့ သို့ လည်း ကောင်း နှုတ် မ မြွက် ဘဲ နေ ၏။ အခန်းကိုကြည့်ပါ။Judson Bible7 ထိုသူသည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏။ အသေသတ်ခြင်းငှာ ဆောင်သွားသော သိုးသငယ်ကဲ့သို့ သူ့ကိုဆောင်သွား၍၊ သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကိုမဖွင့်ဘဲ နေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 သူသည် ညှဉ်းဆဲနှိပ်စက်ခြင်းခံရသော်လည်း နှုတ်ကိုမဖွင့်ဘဲနေ၏။ အသတ်ခံရမည့်နေရာသို့ ခေါ်ဆောင်သွားခြင်းခံရသောသိုးသငယ်ကဲ့သို့၊ အမွေးညှပ်သောသူရှေ့၌ တိတ်ဆိတ်စွာနေသောသိုးကဲ့သို့ နှုတ်ကိုမဖွင့်ဘဲနေ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်သတ်ရန်ထုတ်ဆောင်သွားသည့် သိုး ငယ်ကဲ့သို့ယုံကြည်စိတ်ချတတ်သူဖြစ်ပေ သည်။ ငါ့ကိုသူတို့မကောင်းကြံလျက်နေ ကြကြောင်းကိုငါမသိ။ သူတို့က``စိမ်းလန်း စိုပြေလျက်နေချိန်၌ သစ်ပင်ကိုခုတ်လှဲ ကြကုန်အံ့။ သူ့အားနောင်အခါအဘယ်သူ မျှသတိမရကြစေရန် သူ့ကိုငါတို့သတ် ဖြတ်ကြကုန်အံ့'' ဟုဆိုကြ၏။
ထိုနောက်သိုးသူငယ်သည်သက်ရှိသတ္တဝါလေး ပါးတို့နှင့်အကြီးအကဲများခြံရံလျက်ရှိ သည့်ပလ္လင်တော်အလယ်၌ရပ်လျက်နေသည် ကိုငါမြင်၏။ သူသည်ယဇ်ပူဇော်ရန်အသတ် ခံရပြီးသည့်သိုးနှင့်တူ၏။ သူ့မှာဦးချိုခုနစ် ချောင်းနှင့်မျက်စိခုနစ်လုံးရှိ၏။ ယင်းတို့သည် ကမ္ဘာမြေတစ်ပြင်လုံးသို့ဘုရားသခင်စေ လွှတ်တော်မူသောဝိညာဉ်ခုနစ်ပါးဖြစ်၏။-