ကျွန်တော်မျိုးသည်နားမကြားသဖြင့် စကားပြန်မပြောနိုင်သူကဲ့သို့ဖြစ်ပါ၏။
ရှင်မာကု 15:3 - Common Language Bible ယဇ်ပုရောဟိတ်ကြီးတို့သည်ကိုယ်တော်အပေါ် အပြစ်များစွာစွပ်စွဲကြ၏။- Garrad Bible ထို နောက် ပ ရော ဟိတ် ကြီး တို့ သည် အ ပြစ် များ စွာ စွဲ ဆို ကြ သည့် ကာ လ၊ Judson Bible ယဇ်ပုရောဟိတ်အကြီးတို့သည် များစွာသောအပြစ်ကို တင်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ကိုယ်တော်ကို အမျိုးမျိုးစွပ်စွဲကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယဇ်ပုရောဟိတ်ခေါင်းဆောင်များသည် ယေရှုကို ပြစ်ချက်များစွာနှင့် စွပ်စွဲကြ၏။ မြန်မာ ယဇ်ပုရောဟိတ်အကြီးတို့သည် များစွာသောအပြစ်ကို တင်ကြ၏။- |
ကျွန်တော်မျိုးသည်နားမကြားသဖြင့် စကားပြန်မပြောနိုင်သူကဲ့သို့ဖြစ်ပါ၏။
``သူသည်ညှဉ်းပန်းနှိပ်စက်မှုကိုခံရသော်လည်း သူသည်စကားတစ်ခွန်းမျှမပြော။ သတ်ရန်ယူဆောင်သွားသည့်သိုးသငယ် ကဲ့သို့လည်းကောင်း၊ အမွေးညှပ်ခံရအံ့ဆဲဆဲဖြစ်သော သိုးကဲ့သို့လည်းကောင်း၊ သူသည်စကားတစ်ခွန်းမျှမပြော။
သို့ရာတွင်ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာ ရေးခေါင်းဆောင်များပြစ်တင်စွပ်စွဲချက်များကို ကိုယ်တော်သည်မည်သို့မျှဖြေကြားတော်မမူ။
ပိလတ်မင်းက ``သင်သည်ယုဒရှင်ဘုရင်မှန် သလော'' ဟုကိုယ်တော်အားမေး၏။ ကိုယ်တော်က ``မင်းကြီးမေးသည့်အတိုင်းမှန်၏'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍တစ်ဖန်ပိလတ်မင်းကကိုယ်တော် အား ``သင်သည်မည်သို့မျှမဖြေဘဲနေပါ သလော။ သင့်အပေါ်မည်မျှအပြစ်တင်သည် ကိုကြည့်ပါ'' ဟုဆို၏။
ဤသို့မိန့်တော်မူသောကြောင့်ပိလတ်မင်းသည် ကိုယ်တော်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးရန် နည်းလမ်းရှာကြံလေတော့၏။ သို့ရာတွင်လူ ထုက ``ထိုသူအားလွတ်ငြိမ်းချမ်းသာခွင့်ပေး ပါမူအရှင်မင်းကြီးသည်ဧကရာဇ်မင်း၏ အဆွေတော်မဟုတ်တော့ပြီ။ မည်သူမဆို မိမိကိုယ်ကိုရှင်ဘုရင်ဟုဆိုသူသည် ဧကရာဇ်မင်းကိုပုန်ကန်သူဖြစ်ပါ၏'' ဟု ဟစ်အော်ကြ၏။