``သင်္ဘောသဖန်းပင်မှသင်ခန်းစာတစ်ရပ်ကို သင်ယူကြလော့။ ထိုအပင်တွင်အခက်အလက် နုထွက်၍ အရွက်နုထွက်သောအခါနွေကာလ နီးသည်ကိုသင်တို့သိကြ၏။-
ရှင်မာကု 13:29 - Common Language Bible ထိုနည်းတူစွာဖော်ပြခဲ့သောအမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ လူသားသည်သင်တို့အနီး၊ တံခါးဝသို့ပင် ရောက်ရှိနေပြီဟုသိမှတ်ကြလော့။- Garrad Bible ဆို ခဲ့ သော အ ခြင်း အ ရာ များ ကို မြင် ကြ သော် လူ့ သား သည် နီး လှ၍ တံခါး ဝ တိုင် ရောက် ကြောင်း သိ မှတ် ကြ လော့။ Judson Bible ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ သင်တို့သည်လည်း ဤအရာများဖြစ်ပျက်နေကြသည်ကို မြင်ရသောအခါ လူ့သားသည် တံခါးဝအနီးသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိမှတ်ကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ ဖော်ပြခဲ့သောအခြင်းအရာများကို သင်တို့မြင်ရသောအခါ လူသားသည် တံခါးဝအနီးသို့ ရောက်နေပြီဖြစ်ကြောင်းကို သိမှတ်ကြလော့။ မြန်မာ ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။- |
``သင်္ဘောသဖန်းပင်မှသင်ခန်းစာတစ်ရပ်ကို သင်ယူကြလော့။ ထိုအပင်တွင်အခက်အလက် နုထွက်၍ အရွက်နုထွက်သောအခါနွေကာလ နီးသည်ကိုသင်တို့သိကြ၏။-
အမှန်အကန်ငါဆိုသည်ကားဤအမှုအရာ အလုံးစုံတို့မဖြစ်မပျက်မီ ယခုခေတ်လူတို့ သေလွန်ရကြလိမ့်မည်မဟုတ်။-
ညီအစ်ကိုတို့၊ သင်တို့ကိုယ်တိုင်ဘုရားသခင်၏ စစ်ကြောစီရင်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း အချင်းချင်းတစ်ယောက်ကိုတစ်ယောက်အပြစ် မတင်ကြနှင့်။ တရားစီရင်တော်မူသောအရှင် သည်ဤအရပ်သို့ရောက်ရှိကာတံခါးဝ၌ ရပ်လျက်နေတော်မူလေပြီ။-