`ငါသည်မေရှိယဖြစ်သည်' ဟုဆိုကာလူ အမြောက်အမြားပင်ငါ၏အယောင်ဆောင် လျက်လူများစွာတို့ကိုလှည့်စားကြလိမ့် မည်။-
ရှင်မာကု 13:21 - Common Language Bible ``ထိုကာလ၌လူတစ်စုံတစ်ယောက်က `ကြည့်လော့၊ ဤအရပ်တွင်မေရှိယရှိသည်' ဟူ၍လည်းကောင်း၊ `ထိုအရပ်တွင်၊ မေရှိယရှိသည်' ဟူ၍လည်းကောင်း ဆိုသော်မယုံကြည်နှင့်။- Garrad Bible ထို ကာ လ ကြည့် လော့။ ခ ရစ် တော် သည် ဤ တွင် ထို တွင် ရှိ သည် ဟု တစ် စုံ တစ် ယောက် ဆို လျှင် မ ယုံ ကြ နှင့်။ Judson Bible ထိုအခါ သူတစ်ပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တစ်စုံတစ်ယောက်က သင်တို့အား ‘ကြည့်လော့။ ခရစ်တော်သည် ဤအရပ်၌ရှိ၏’ သို့မဟုတ် ‘ကြည့်လော့။ ထိုအရပ်၌ရှိ၏’ဟု ဆိုလျှင်လည်း မယုံကြနှင့်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ တစ်စုံတစ်ဦးက သင်တို့အား ‘ကြည့်လော့။ ဤနေရာတွင် ခရစ်တော် ရှိသည်၊’ သို့မဟုတ် ‘ထိုနေရာတွင် ခရစ်တော် ရှိသည်’ ဟု ဆိုသော်လည်း မယုံကြနှင့်။ မြန်မာ ထိုအခါ သူတစ်ပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။- |
`ငါသည်မေရှိယဖြစ်သည်' ဟုဆိုကာလူ အမြောက်အမြားပင်ငါ၏အယောင်ဆောင် လျက်လူများစွာတို့ကိုလှည့်စားကြလိမ့် မည်။-
ထာဝရဘုရားသည်ထိုနေ့ရက်ကာလကိုတိုစေ တော်မမူလျှင် အဘယ်သူမျှအသက်ဘေးမှ ကင်းလွတ်နိုင်လိမ့်မည်မဟုတ်။ သို့ရာတွင်ကိုယ်တော် သည်မိမိရွေးချယ်ထားတော်မူသောသူများ အဖို့အလို့ငှာထိုနေ့ရက်ကာလကိုတိုစေ တော်မူပြီ။
မေရှိယအတုအယောင်များနှင့်ပရောဖက် အတုအယောင်များပေါ်လာလိမ့်မည်။ သူတို့ သည်ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ် ထားသူများကိုပင်လှည့်စားနိုင်ရန် အံ့သြဖွယ် အမှုအရာများနှင့်နိမိတ်လက္ခဏာများကို ပြကြလိမ့်မည်။-
ကိုယ်တော်က ``သင်တို့သည်လှည့်စားခြင်းမခံရ ကြစေရန်သတိပြုကြလော့။ လူအများပင် ငါ၏အယောင်ဆောင်လျက်`ငါသည်မေရှိယဖြစ် သည်' ဟုဆို၍လည်းကောင်း၊ `ချိန်းချက်သတ်မှတ် တော်မူရာအချိန်ရောက်ပြီ' ဟုဆို၍လည်းကောင်း လူတို့ကိုလှည့်စားကြလိမ့်မည်။ ထိုသူတို့၏ နောက်သို့မလိုက်ကြနှင့်။-
ငါသည်ခမည်းတော်၏အခွင့်အာဏာနှင့် ရောက်ရှိလာသော်လည်း သင်တို့သည်ငါ့ကို လက်မခံကြ။ အခြားသူတစ်ဦးတစ်ယောက် သည် ကိုယ်ပိုင်အခွင့်အာဏာနှင့်ရောက်ရှိလာ ပါမူ သင်တို့လက်ခံကြလိမ့်မည်။-