ငါ၏အမျိုးသားတို့ကြုံတွေ့ရသည့် ဘေးအန္တရာယ်ဆိုးသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ ချစ်ခင်ကြင်နာတတ်သောမိခင်များပင်လျှင် မိမိတို့သားသမီးများကိုပြုတ်၍စားကြ၏။
ရှင်မာကု 13:17 - Common Language Bible ထိုနေ့ရက်ကာလ၌ကိုယ်ဝန်ဆောင်မိန်းမနှင့် သားသည်မိခင်တို့အတွက်အကျိုးနည်းပေ တော့မည်။- Garrad Bible ထို နေ့ ရက် ကာ လ တွင် ကိုယ် ဝန် ဆောင် မိန်း မ နှင့် နို့ ငင် မိန်း မ တို့ အ ကျိုး နည်း လေ စွ။ Judson Bible ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်တို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့ကလေးငယ်ရှိသောမိခင်များသည် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေ့ရက်များတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့ကလေးငယ်ရှိသောမိခင်များသည် အလွန်ဒုက္ခရောက်ကြလိမ့်မည်။ မြန်မာ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။- |
ငါ၏အမျိုးသားတို့ကြုံတွေ့ရသည့် ဘေးအန္တရာယ်ဆိုးသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ ချစ်ခင်ကြင်နာတတ်သောမိခင်များပင်လျှင် မိမိတို့သားသမီးများကိုပြုတ်၍စားကြ၏။
ရှမာရိပြည်သည်ငါ့ကိုပုန်ကန်သော ကြောင့်ဒဏ်ခတ်ခြင်းကိုခံရမည်။ ရှမာရိ ပြည်သားတို့သည်စစ်ဘေးကြောင့်သေကြေ ပျက်စီးရမည်။ ကလေးငယ်တို့သည်မြေ ပေါ်သို့ဆောင့်သတ်ခြင်းကိုခံရမည်။ ကိုယ် ဝန်ဆောင်တို့၏ဝမ်းများကိုလဲခွဲခံရမည်။''
ဤသူတို့အတွက်ကိုယ်တော်ရှင်ထံအကျွန်ုပ် မည်သည့်အရာကိုတောင်းလျှောက်ရပါမည် နည်း။ သူတို့၏အမျိုးသမီးများကိုမြုံစေ ၍သူတို့ကလေးငယ်များကိုပြုစုခွင့် မရကြပါစေနှင့်။
``ဤသူငယ်တို့အဘယ်သို့ကြွေးကြော်နေကြ သည်ကိုကြားပါသလော'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။ သခင်ယေရှုက ``ငါကြား၏။ `ကိုယ်တော်သည် သူငယ်များနှင့်မိခင်ရင်ခွင်ရှိနို့စို့များအား ချီးမွမ်းစေရန်သင်ကြားပေးတော်မူပြီ' ဟူ သောကျမ်းစကားကိုသင်တို့အဘယ်အခါ မျှမဖတ်ဖူးကြပါသလော'' ဟုမိန့်တော်မူ၏။
ထိုကာလ၌ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် သားသည် မိခင်တို့အတွက်အကျိုးနည်းပေ တော့မည်။ ယုဒပြည်သည်အတိဒုက္ခရောက်၍ ပြည်သူတို့သည်အမျက်တော်သင့်ကြလိမ့် မည်။-
`ကလေးမရှိခဲ့၊ နို့မတိုက်ခဲ့သောအမျိုးသမီး များသည်မင်္ဂလာရှိ၏' ဟုဆိုရသည့်အချိန် ကျရောက်လာလိမ့်မည်။-