ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။-
ရှင်မာကု 1:39 - Common Language Bible ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး လှည့်လည်တော်မူ၍ တရားဇရပ်များတွင်တရား ဟောတော်မူ၏။ ထို့အပြင်နတ်မိစ္ဆာများကိုနှင် ထုတ်တော်မူ၏။ Garrad Bible ဂါ လိ လဲ နယ် တစ် ဝှမ်း လုံး တွင် ဓ မ္မာ ရုံ များ သို့ သွား ရောက် ဟော ပြော လျက် နတ် ဆိုး တို့ ကို နှင် ထုတ် လျက် နေ တော် မူ၏။ Judson Bible ဂါလိလဲပြည်အရပ်ရပ် တရားဇရပ်တို့၌ တရားဟောလျက် နတ်ဆိုးတို့ကို နှင်ထုတ်လျက် နေတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်တစ်ဝန်းလုံးသို့ကြွတော်မူ၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ ဟောပြောလျက် နတ်ဆိုးများကို နှင်ထုတ်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ဖြင့် ကိုယ်တော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် ဟောပြောလျက် နတ်ဆိုးများကို နှင်ထုတ်တော်မူ၏။ မြန်မာ ဂါလိလဲပြည်အရပ်ရပ် တရားဇရပ်တို့၌ တရားဟောလျက် နတ်ဆိုးတို့ကို နှင်ထုတ်လျက် နေတော်မူ၏။ |
ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။-
သခင်ယေရှုသည်မြို့ရွာရှိသမျှသို့လှည့်လည်ပြီး လျှင်တရားဇရပ်များတွင်သွန်သင်၍နိုင်ငံတော် အကြောင်းသတင်းကောင်းကိုဟောပြောလျက် အနာရောဂါအမျိုးမျိုးတို့ကိုပျောက်ကင်းစေ တော်မူ၏။-
ကိုယ်တော်နှင့်တပည့်တော်တို့သည် ကပေရနောင်မြို့သို့ ရောက်လာကြ၏။ ဥပုသ်နေ့၌သခင်ယေရှုသည် တရားဇရပ်သို့ဝင်၍ဟောပြောသွန်သင်တော်မူ၏။-
ကိုယ်တော်က ``အနီးအနားရှိရွာများသို့သွားကြ ကုန်စို့။ ထိုရွာများတွင်လည်းငါတရားဟောရမည်။ ထို့ကြောင့်ငါကြွလာခဲ့ခြင်းဖြစ်သည်'' ဟုတပည့် တော်တို့အားမိန့်တော်မူ၏။
သခင်ယေရှုသည် တရားဇရပ်သို့တစ်ဖန် ကြွဝင်တော်မူပြန်၏။ တရားဇရပ်ထဲတွင် လက်တစ်ဖက်သေသူလူတစ်ယောက်ရှိ၏။-
ကိုယ်တော်သည်ထိုသူတို့ယုံကြည်ခြင်းကင်းမဲ့ ကြသည်ကိုအံ့သြတော်မူ၏။ ထို့နောက်သခင်ယေရှုသည်အနီးအနားရှိ ကျေးရွာများသို့သွား၍ဟောပြောသွန်သင် တော်မူ၏။
ထိုအမျိုးသမီးသည်မိမိအိမ်သို့ပြန်ရောက်သော် နတ်မိစ္ဆာထွက်သွားသဖြင့် အိပ်ရာထဲမှာငြိမ်သက် စွာလဲလျောင်းနေသောမိမိ၏သမီးငယ်ကိုတွေ့ ရ၏။
နတ်မိစ္ဆာများသည် ``အရှင်သည်ဘုရားသခင် ၏သားတော်ဖြစ်၏'' ဟုဟစ်အော်လျက်မိမိတို့ ပူးဝင်နေသူများထံမှထွက်ခွာသွားကြ၏။ ကိုယ်တော်သည်နတ်မိစ္ဆာများထိုသို့ဟစ်အော် သည်ကိုဟန့်တားတော်မူပြီးလျှင် သူတို့အား စကားပြောခွင့်ပေးတော်မမူ။ အဘယ်ကြောင့် ဆိုသော်သူတို့သည်ကိုယ်တော်မေရှိယဖြစ် ကြောင်းကိုသိကြသောကြောင့်ဖြစ်သည်။