ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။-
ရှင်မာကု 1:34 - Common Language Bible ကိုယ်တော်သည်ရောဂါအမျိုးမျိုးစွဲကပ်သူ အမြောက်အမြားကို ကျန်းမာစေတော်မူ၏။ များစွာ သောနတ်မိစ္ဆာတို့ကိုနှင်ထုတ်တော်မူ၏။ ထိုနတ်တို့သည် ကိုယ်တော်မည်သူဖြစ်ကြောင်းကိုသိကြ၏။ သို့ဖြစ် သောကြောင့်ကိုယ်တော်သည် သူတို့အားစကား ပြောခွင့်ပေးတော်မမူ။ Garrad Bible ရော ဂါ အ ထူး ထူး အ ထွေ ထွေ ကပ် ရောက် သော သူ နာ အ များ ကို ကျန်း မာ စေ လျက် နတ် များ ကို လည်း နှင် ထုတ် တော် မူ၏။ ကိုယ် တော် ကို နတ် များ သိ ကြ သ ဖြင့် စ ကား ပြော ခွင့် ပြု တော် မ မူ ချေ။ Judson Bible အထူးထူးအပြားပြားသော အနာစွဲသောသူများတို့ကို သက်သာစေတော်မူ၏။ နတ်ဆိုးများတို့ကိုလည်း နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကို သိကြသောကြောင့်၊ စကားတစ်ခွန်းကိုမျှ ပြောစေခြင်းငှာ အခွင့်ပေးတော်မမူ။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရောဂါအမျိုးမျိုးစွဲကပ်၍ နာမကျန်းဖြစ်သူများစွာတို့ကို ကိုယ်တော်သည်ကျန်းမာစေတော်မူပြီး နတ်ဆိုးများစွာတို့ကို နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကိုသိကြသောကြောင့် ကိုယ်တော်သည် သူတို့အားစကားပြောခွင့်ပေးတော်မမူ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ယေရှုသည် ရောဂါအမျိုးမျိုးစွဲကပ်သော မကျန်းမာသူများစွာကို ကျန်းမာစေတော်မူလျက် နတ်ဆိုးများစွာကို နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကို သိကြသောကြောင့် ကိုယ်တော်သည် ထိုနတ်ဆိုးတို့ကို စကားပြောခွင့်ပေးတော်မမူပေ။ မြန်မာ အထူးထူးအပြားပြားသော အနာစွဲသောသူများတို့ကို သက်သာစေတော်မူ၏။ နတ်ဆိုးများတို့ကိုလည်း နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကို သိကြသောကြောင့်၊ စကားတစ်ခွန်းကိုမျှ ပြောစေခြင်းငှာ အခွင့်ပေးတော်မမူ။ |
ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။-
ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-
ကိုယ်တော်ကမူမိမိမည်သူဖြစ်သည်ကိုထုတ်ဖော် ၍မပြောရန် သူတို့အားကြပ်တည်းစွာပညတ် တော်မူ၏။
နတ်မိစ္ဆာများသည် ``အရှင်သည်ဘုရားသခင် ၏သားတော်ဖြစ်၏'' ဟုဟစ်အော်လျက်မိမိတို့ ပူးဝင်နေသူများထံမှထွက်ခွာသွားကြ၏။ ကိုယ်တော်သည်နတ်မိစ္ဆာများထိုသို့ဟစ်အော် သည်ကိုဟန့်တားတော်မူပြီးလျှင် သူတို့အား စကားပြောခွင့်ပေးတော်မမူ။ အဘယ်ကြောင့် ဆိုသော်သူတို့သည်ကိုယ်တော်မေရှိယဖြစ် ကြောင်းကိုသိကြသောကြောင့်ဖြစ်သည်။