သခင်ယေရှုသည်ပေတရုအိမ်သို့ကြွတော်မူ သောအခါပေတရု၏ယောက္ခမမိန်းမသူသည် ဖျား၍အိပ်ရာပေါ်တွင်လဲလျက်နေသည်ကို မြင်တော်မူ၏။-
ရှင်မာကု 1:30 - Common Language Bible ရှိမုန်၏ယောက္ခမမိန်းမသူသည်အိပ်ရာပေါ်တွင် ဖျားလျက်ရှိ၏။ သူ၏အကြောင်းကိုကိုယ်တော်အား ချက်ချင်းပင်လျှောက်ထားကြ၏။- Garrad Bible ရှိ မုန်၏ ယော က္ခ မ မိန်း မ သူ ဖျား၍ ပက် လက် နေ ကြောင်း ချက် ခြင်း လျှောက် ထား ကြ သည့် အ တိုင်း၊ Judson Bible ရှိမုန်၏ယောက္ခမသည် ဖျားနာစွဲ၍ တုံးလုံးနေသည်အကြောင်းကို အလျင်အမြန် လျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ရှိမုန်၏ယောက္ခမသည် ဖျားနာလျက် လဲလျောင်းနေသဖြင့် လူတို့သည် သူ့အကြောင်းကို ကိုယ်တော်အား မဆိုင်းမတွလျှောက်ထားကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်တွင် ရှိမုန်၏ယောက္ခမသည် ဖျားလျက် အိပ်ရာထဲ၌ လဲနေ၏။ လူတို့က ကိုယ်တော်အား ထိုအကြောင်းကို ချက်ချင်းလျှောက်ကြ၏။ မြန်မာ ရှိမုန်၏ယောက္ခမသည် ဖျားနာစွဲ၍ တုံးလုံးနေသည်အကြောင်းကို အလျင်အမြန် လျှောက်ကြ၏။- |
သခင်ယေရှုသည်ပေတရုအိမ်သို့ကြွတော်မူ သောအခါပေတရု၏ယောက္ခမမိန်းမသူသည် ဖျား၍အိပ်ရာပေါ်တွင်လဲလျက်နေသည်ကို မြင်တော်မူ၏။-
ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် တရားဇရပ်မှထွက်ခွာ၍ ရှိမုန်နှင့်အန္ဒြေ၏အိမ်သို့ ကြွတော်မူ၏။ ယာကုပ်နှင့်ယောဟန်တို့လည်း လိုက်ပါသွားကြ၏။
ကိုယ်တော်သည်သူ့ထံသို့သွား၍လက်ကိုကိုင်ဆွဲ ထူမတော်မူ၏။ ထိုအခါသူသည်အဖျားပျောက် ၍ဧည့်သည်ဝတ်ကိုပြုလေ၏။-
သူသည်ကိုယ်တော်ကိုမြင်သောအခါခြေတော်ရင်း တွင်ပျပ်ဝပ်လျက် ``အကျွန်ုပ်၏သမီးငယ်သည်သေလု နီးပါးဖြစ်နေပါသည်။ သူ့အားရောဂါပျောက်လျက် အသက်ရှင်စေရန် ကိုယ်တော်ကြွတော်မူ၍သူ၏ အပေါ်၌လက်တော်ကိုတင်တော်မူပါ'' ဟုအနူး အညွတ်လျှောက်ထားတောင်းပန်၏။
ညီအစ်မနှစ်ယောက်တို့က ``အရှင်၊ အရှင် ချစ်တော်မူသောသူသည်ဖျားနာလျက်နေ ပါ၏'' ဟုသခင်ယေရှုထံသို့သတင်းပေး ပို့လိုက်ကြ၏။
ပေတရုကဲ့သို့လည်းကောင်း၊ သခင်ဘုရား ၏ညီတော်များနှင့်အခြားတမန်တော်များ ကဲ့သို့လည်းကောင်း ငါသည်ခရီးသွားရာ၌ ယုံကြည်သူဇနီးကိုခေါ်ဆောင်သွားပိုင် ခွင့်မရှိသလော။-