တမန်တော်တစ်ဆယ့်နှစ်ပါး၏နာမည်များကား ပေတရုခေါ်ရှိမုန်နှင့်သူ့ညီအန္ဒြေ၊-
ရှင်မာကု 1:16 - Common Language Bible ကိုယ်တော်သည်ဂါလိလဲကမ်းခြေတွင်လျှောက်သွား တော်မူစဉ် ရှိမုန်နှင့်ညီအန္ဒြေကိုမြင်တော်မူ၏။ သူတို့ သည်တံငါသည်များဖြစ်သည်အလျောက် အိုင်ထဲ တွင်ကွန်ပစ်နေကြသတည်း။- Garrad Bible ဂါ လိ လဲ အိုင် နား လျှောက် ကြွ တော် မူ စဉ် ရှိ မုန် နှင့် အ န္ဒြေ ညီ အစ် ကို တို့ သည် တံ ငါ့ ဘာ ဝ အိုင် တွင် ပိုက် ချ လျက် နေ သည် ကို မြင် သော်၊ Judson Bible ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့် အန္ဒြေ ညီအစ်ကိုနှစ်ယောက်သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ဂါလိလဲပင်လယ်ကမ်းနားတွင် ကြွတော်မူစဉ် တံငါသည်များဖြစ်ကြသော ရှိမုန်နှင့်သူ၏ညီအန္ဒြေတို့သည် ပင်လယ်ထဲတွင် ပိုက်ကွန်ချနေကြသည်ကို မြင်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့၌ ယေရှုသည် ဂါလိလဲအိုင်နံဘေးတစ်လျှောက် ကြွတော်မူစဉ် အိုင်ထဲတွင် ကွန်ပစ်နေကြသော ရှိမုန်နှင့် ညီဖြစ်သူအန္ဒြေတို့ကို တွေ့မြင်တော်မူ၏။ ထိုသူတို့သည် တံငါသည်များဖြစ်ကြ၏။ မြန်မာ ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့် အန္ဒြေ ညီအစ်ကိုနှစ်ယောက်သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊- |
တမန်တော်တစ်ဆယ့်နှစ်ပါး၏နာမည်များကား ပေတရုခေါ်ရှိမုန်နှင့်သူ့ညီအန္ဒြေ၊-
ကိုယ်တော်ရွေးချယ်ခန့်ထားခြင်းခံရသည့်တစ် ကျိပ်နှစ်ပါးကား (ပေတရုဟုကိုယ်တော်မှည့် ခေါ်သူ) ရှိမုန်၊-
အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ ၏သားယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန် နှင့်၊-
ထိုတစ်ဆယ့်နှစ်ပါးကားပေတရုဟုကိုယ်တော် မှည့်ခေါ်သူရှိမုန်နှင့်ရှိမုန်၏ညီအန္ဒြေ၊ ယာကုပ် နှင့်ယောဟန်၊ ဖိလိပ္ပုနှင့်ဗာသောလမဲ၊-
ဖိလိပ္ပုသည်အန္ဒြေထံသို့သွား၍ထိုအကြောင်းကို ပြောပြ၏။ ထိုနောက်ထိုသူနှစ်ဦးတို့သည်သခင် ယေရှုထံတော်သို့သွား၍ထိုအကြောင်းကိုလျှောက် ထားကြ၏။-
သူတို့သည်မြို့ထဲသို့ဝင်၍ မိမိတို့တည်းခိုရာ အိမ်အထက်ခန်းသို့သွားကြ၏။ ထိုသူတို့ကား ပေတရု၊ ယောဟန်၊ ယာကုပ်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်နှင့်ယာကုပ်၏ သားယုဒတို့ဖြစ်၏။-