ဧသောက``ငါသည်သေလုအောင်ဆာနေပြီ။ သားဦးအရာသည်ငါ့အဖို့မည်ကဲ့သို့ အကျိုးထူးရှိနိုင်မည်နည်း။ သားဦးအရာ ကိုယူလော့'' ဟုပြန်ဖြေ၏။
ရောမ 3:1 - Common Language Bible သို့ဖြစ်လျှင်ယုဒလူမျိုးသည် လူမျိုးခြား တို့ထက်အဘယ်သို့သာသနည်း။ သူတို့ အရေဖျားလှီးမင်္ဂလာခံသည့်အတွက် အဘယ်အကျိုးရှိသနည်း။- Garrad Bible သို့ ဖြစ် လျှင် ယု ဒ လူ မျိုး၌ လွန် ကဲ ခြင်း၊ လှီး ဖြတ် ရာ မင်္ဂ လာ၌ အ ကျိုး ရှိ ခြင်း ကား အ သို့ နည်း။ Judson Bible ထိုသို့ဖြစ်လျှင်၊ ယုဒလူသည် အဘယ်သို့သာသနည်း။ အရေဖျားလှီးခြင်းအားဖြင့် အဘယ်အကျိုးရှိသနည်း။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် ဂျူးလူမျိုး၌ မည်သည့်သာလွန်ထူးခြားမှုရှိသနည်း။ အရေဖျားလှီးခြင်း၌ မည်သည့်အကျိုးရှိသနည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ဖြစ်လျှင် ဂျူးလူမျိုး၌ မည်သည့်သာလွန်မှုရှိသနည်း။ အရေပြားလှီးခြင်းမင်္ဂလာ၌ မည်သည့်အကျိုးရှိသနည်း။ |
ဧသောက``ငါသည်သေလုအောင်ဆာနေပြီ။ သားဦးအရာသည်ငါ့အဖို့မည်ကဲ့သို့ အကျိုးထူးရှိနိုင်မည်နည်း။ သားဦးအရာ ကိုယူလော့'' ဟုပြန်ဖြေ၏။
ကိုယ်တော်သည်အခြားလူမျိုးတို့အတွက် ဤသို့ပြုတော်မမူ။ သူတို့သည်ကိုယ်တော်၏ပညတ်တော်များကို မသိရကြ။ ထာဝရဘုရားအားထောမနာပြုကြလော့။
ပညာရှိသော သူသည် မိုက်သောသူထက် အဘယ်ကျေးဇူးရှိသနည်း။ အသက်ရှင်သောသူများရှေ့ မှာ ကျင့်ကြံပြုမူတတ်သော ဆင်းရဲသား၏ အကျိုးကျေးဇူး ကား အဘယ်သို့နည်း။
သင်တို့သည်`ဘုရားသခင်အားဝတ်ပြု ကိုးကွယ်ရသည်မှာအချည်းနှီးပင်ဖြစ်၏။ ကိုယ်တော်မိန့်တော်မူသည့်အတိုင်းလိုက်နာ ဆောင်ရွက်သော်လည်းကောင်း၊ ငါတို့သည် မိမိတို့ပြုမိသည့်အပြစ်များအတွက် ဝမ်းနည်းကြောင်းအနန္တတန်ခိုးရှင်ထာဝရ ဘုရားအားကြိုးစားဖော်ပြ၍သော်လည်း ကောင်းအဘယ်အကျိုးရှိပါမည်နည်း။-
ရှမာရိလူမျိုးဖြစ်သောသင်တို့သည် မိမိတို့ မသိသည့်ဘုရားကိုဝတ်ပြုကိုးကွယ်ကြ၏။ ငါတို့မူကားငါတို့သိသည့်ဘုရားကိုဝတ် ပြုကိုးကွယ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ခြင်းကျေးဇူးတော်သည် ယုဒအမျိုး သားများထံမှတစ်ဆင့်သက်ရောက်လာသော ကြောင့်ဖြစ်၏။-
အကျိုးကားအဘက်ဘက်၌များစွာရှိ၏။ ပထမအနေဖြင့်ယုဒအမျိုးသားတို့ သည်ဘုရားသခင်၏ဗျာဒိတ်တော်ကိုခံ ယူရရှိကြ၏။-
သို့ဖြစ်ပါမူငါတို့ယုဒလူမျိုးသည်လူ မျိုးခြားတို့ထက်အဘယ်သို့လျှင် သာလွန် ကောင်းမွန်သည့်အခြေအနေတွင်ရှိကြ သနည်း။ မည်သို့မျှသာလွန်ကောင်းမွန်သည့် အခြေအနေတွင်မရှိကြ။ ယုဒလူမျိုး ရောလူမျိုးခြားပါအပြစ်၏အာဏာစက် အောက်တွင်ရှိကြကြောင်းငါအထက်က ဖော်ပြခဲ့ပြီးဖြစ်၏။-
အကယ်၍ငါသည်ဧဖက်မြို့တွင် ``သားရဲ တိရစ္ဆာန်'' တို့နှင့်တိုက်ခိုက်ခဲ့ပါမူလူအမြင် ဖြင့်ငါ့အဖို့အဘယ်အကျိုးရှိမည်နည်း။ သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းမရှိ ပါက ``နက်ဖြန်သေကြမည်ဖြစ်၍ငါတို့ သည်စားကြ၊ သောက်ကြ၊ ပျော်ပါးကြကုန် အံ့'' ဟုဆိုသည့်အတိုင်းပြုကြစို့။
သင်တို့သည်လမ်းလွဲ၍ကွဲလွဲထူးခြားသော အယူဝါဒအမျိုးမျိုးတို့ဆွဲဆောင်ရာသို့ လိုက်ပါမသွားကြနှင့်။ အစားအစာနှင့် ဆိုင်သောပညတ်များကိုစောင့်ထိန်းခြင်း မဟုတ်ဘဲ ဘုရားသခင်၏ကျေးဇူးတော် မှငါတို့ဝိညာဉ်ခွန်အားရရှိလျှင်ကောင်း ပေ၏။ ထိုပညတ်များကိုစောင့်ထိန်းသူ တို့သည်ကောင်းကျိုးကိုမခံရကြပေ။