ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကို ရှင်းလင်းဖော်ပြမှုသည်အလင်းကိုပေး၍ ပညာမဲ့သူတို့ကိုပညာရရှိစေပါ၏။
ရောမ 2:18 - Common Language Bible သင်သည်ဘုရားသခင်၏အလိုတော်ကိုသိမြင် သူဖြစ်သည်။ ပညတ်တရား၏သွန်သင်မှုအား ဖြင့်အမှန်ကိုသိမြင်လာသူဖြစ်၏။- Garrad Bible အ လို တော် ကို သိ သူ၊ ပ ညတ် တ ရား တော် ကို နာ ရ၍ အ ထူး အ မြတ် ကို သ ဘော ကျ သူ ဖြစ် သည့် ပြင်၊ Judson Bible အလိုတော်ကိုသိသောသူ၊ ပညတ်တရားတော်ကို လေ့ကျက်သဖြင့် ခြားနားသောအရာတို့ကို ပိုင်းခြားတတ်သောသူဖြစ်သည်နှင့်၊- မြန်မာ့စံမီသမ္မာကျမ်း အလိုတော်ကိုသိလျက်၊ ပညတ်တရား၏သွန်သင်မှုကို ခံယူပြီးဖြစ်သောကြောင့် မြင့်မြတ်သောအရာများကို ပိုင်းခြားသိရှိလျက် ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်သည် ဘုရားသခင်၏အလိုတော်ကို သိ၏။ ပညတ်ကျမ်းကို သင်ယူထားသောကြောင့်လည်း မည်သည့်အရာ မှန်သည်ကို ဆန်းစစ်နိုင်၏။ |
ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကို ရှင်းလင်းဖော်ပြမှုသည်အလင်းကိုပေး၍ ပညာမဲ့သူတို့ကိုပညာရရှိစေပါ၏။
ထာဝရဘုရား၏နည်းဥပဒေတို့သည် မှန်ကန်သည်ဖြစ်၍လိုက်နာစောင့်ထိန်းသူ တို့၏ စိတ်ကိုရွှင်လန်းစေတတ်၏။ ကိုယ်တော်၏ပညတ်တော်တို့သည်တရား မျှတသည် ဖြစ်၍စိတ်နှလုံးကိုအသိဉာဏ်ပေးတတ်၏။
အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက် ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။
အရှင်ဖတ်ရှုနိုင်ရန်အစီအစဉ်ညီညွတ်သည့် ကျမ်းစောင်ကိုပြုစုရသော်ကောင်းမည်ဟုယူဆ အပ်ပါသည်။ အရှင်ကြားသိခဲ့သောအကြောင်း အရာများကိုစုံလင်စွာအရှင့်အားသိစေလို သောကြောင့်ဤကျမ်းကိုပြုစုရခြင်းဖြစ်ပါသည်။
``အရှင်၏အလိုဆန္ဒကိုသိလျက်နှင့်အသင့် ပြင်ဆင်၍မထား၊ ထိုအလိုဆန္ဒသို့လိုက်လျော ခြင်းကိုမပြုဘဲနေသောအစေခံသည်ကြိမ် ဒဏ်များစွာခံရလတ္တံ့။-
ဤသစ္စာစကားကိုသင်တို့ယခု သိကြလေ ပြီ။ ယင်းသို့သိသည့်အတိုင်းကျင့်သုံးကြပါ လျှင်မင်္ဂလာရှိကြ၏။
ကျမ်းစာတော်တွင်ရေးသားဖော်ပြထားသမျှ သောအရာတို့သည် ငါတို့အားသွန်သင်ဆုံးမရန် အတွက်ဖြစ်၏။ ယင်းသို့ရေးသားဖော်ပြရခြင်း မှာငါတို့သည်ကျမ်းစာတော်မှရရှိသည့် သည်းခံ မှုနှင့်နှစ်သိမ့်မှုတို့အားဖြင့်မိမိတို့၌မျှော်လင့် ခြင်းရရှိနိုင်ကြစေရန်ပင်ဖြစ်၏။-
မိမိသည်မျက်မမြင်တို့၏လမ်းပြ၊ အမှောင် တွင်ရှိသူတို့၏အလင်း၊ လူမိုက်တို့၏နည်းပြ၊ မသိနားမလည်သူတို့၏ဆရာဖြစ်သည်ဟု အမှန်ပင်သင်ယုံကြည်၏။ ပညတ်တရားသည် အသိပညာနှင့်သမ္မာတရားအစုံအလင် ကိန်းအောင်းရာဖြစ်သည်ကိုလည်းသေချာ စွာသိ၏။-
ယနေ့သင်တို့အားငါသွန်သင်သောပညတ် တော်များကဲ့သို့ တရားမျှတသောပညတ် များကိုရသောလူမျိုးကြီးရှိသေး သလော။-
မာသောအစားအစာသည်ကားအရွယ်ရောက် ပြီးသူတို့အတွက်ဖြစ်၏။ သူတို့သည်လေ့ကျင့် မှုအားဖြင့် အကောင်းနှင့်အဆိုးကိုပိုင်းခြားသိ ရှိသူများဖြစ်ကြ၏။
သို့ဖြစ်၍ကောင်းသောအကျင့်ကိုသိလျက်နှင့် မပြုမကျင့်ဘဲနေသောသူသည်အပြစ်ရှိ၏။