သို့ဖြစ်၍ငြိမ်းချမ်းစွာနေထိုင်မှုကိုပြုစု ပေးမည့်အရာများနှင့်တစ်ယောက်ကိုတစ် ယောက် ဝိညာဉ်ခွန်အားပြည့်စေမည့်အရာ များကိုအမြဲကြိုးစားပြုလုပ်ကြရမည်။-
ရောမ 15:2 - Common Language Bible ငါတို့ရှိသမျှသည်ယုံကြည်ခြင်းမခိုင်မာသေး သောညီအစ်ကိုများ၏ယုံကြည်ခြင်းခိုင်မာလာ စေရန် သူတို့၏အကျိုးကိုထောက်၍သူတို့၏ အလိုကိုလိုက်သင့်၏။- Garrad Bible အ ပေါင်း အ ဖော်၌ ဆောက် တည် ခြင်း ကောင်း ကျိုး ရှိ စေ ရန် သူ့ စိတ် တွေ့ တိုင်း ပြု ကြ ကုန် အံ့။ Judson Bible ထိုသို့ငါတို့ရှိသမျှသည် ကိုယ်နှင့်စပ်ဆိုင်သော သူ၏အကျိုးကို ထောက်၍၊ သူ့ကိုတည်ဆောက်စေခြင်းငှာ သူ၏အလိုသို့ လိုက်ကြကုန်အံ့။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့အသီးသီးသည် မိမိဝန်းကျင်၌ရှိသောသူကိုတည်ဆောက်မြှင့်တင်ပေးရန် သူ၏ကောင်းကျိုးကိုထောက်၍ သူ့ကိုနှစ်သက်စေရမည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့တစ်ဦးစီသည် ကိုယ်နှင့်သက်ဆိုင်သောသူကို တည်ဆောက်ပျိုးထောင်ရာတွင် သူ၏အကျိုးကို ထောက်၍ သူ့ကို စိတ်ကျေနပ်စေရမည်။ |
သို့ဖြစ်၍ငြိမ်းချမ်းစွာနေထိုင်မှုကိုပြုစု ပေးမည့်အရာများနှင့်တစ်ယောက်ကိုတစ် ယောက် ဝိညာဉ်ခွန်အားပြည့်စေမည့်အရာ များကိုအမြဲကြိုးစားပြုလုပ်ကြရမည်။-
``ငါတို့တွင်အဘယ်အမှုကိုမဆိုပြုနိုင်ခွင့် ရှိ၏'' ဟုဆိုကြသည်အတိုင်းမှန်သော်လည်း အရာခပ်သိမ်းသည်ကောင်းမွန်သည်မဟုတ်။``ငါ တို့တွင်အဘယ်အမှုကိုမဆိုပြုပိုင်ခွင့်ရှိ၏'' ဟုဆိုသော်လည်းအရာခပ်သိမ်းသည်ငါတို့ အကျိုးကိုပြုစုပေးသည်မဟုတ်။-
အဘယ်သူမျှကိုယ်ကျိုးကိုမရှာစေနှင့်။ သူ တစ်ပါး၏အကျိုးကိုသာလျှင်ရှာစေ။
သင်တို့သည်လည်းငါကဲ့သို့ပြုကြလော့။ ငါ သည်လူတို့ကယ်တင်ခြင်းခံရစေရန်မိမိပြု သမျှသောအမှုတို့တွင် ကိုယ်ကျိုးကိုမငဲ့ ဘဲလူအပေါင်းတို့၏အကျိုးကိုငဲ့၍သူ တို့နှစ်သက်အောင်ပြု၏။
မလျောက်ပတ်သည့်အမှုကိုမပြုတတ်။ ကိုယ် ကျိုးကိုမရှာတတ်။ ဒေါသအမျက်မထွက် တတ်။ သူတစ်ပါး၏အပြစ်ကိုမှတ်၍မထား တတ်။-
ညီအစ်ကိုတို့၊ ငါဆိုလိုသည်မှာဤသို့တည်း။ ကိုးကွယ်ဝတ်ပြုရန်သင်တို့စုဝေးကြသော အခါတစ်ယောက်ကသီချင်းဆိုခြင်း၊ နောက် တစ်ယောက်ကသွန်သင်ခြင်း၊ နောက်တစ်ယောက် ကဗျာဒိတ်တော်ကိုပြန်ကြားခြင်း၊ နောက် တစ်ယောက်ကထူးဆန်းသောဘာသာစကား ဖြင့်ပြောဆိုခြင်း၊ နောက်တစ်ယောက်ကအနက် အဋ္ဌိပ္ပါယ်ဖော်ပြခြင်းတို့ကိုဆောင်ရွက်ကြ လော့။ သင်တို့ဆောင်ရွက်သမျှသောအမှုတို့ သည်အသင်းတော်ဝင်အပေါင်းအားအကျိုး ပြုရမည်။-
သို့ရာတွင်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောသောသူသည်ကား လူတို့အားဆောက် တည်ရာရစေသောစကား၊ အားပေးသော စကား၊ နှစ်သိမ့်သောစကားတို့ကိုပြော၏။-
ငါတို့သည်ယခုတစ်ချိန်လုံးမိမိတို့ကိုယ် ကိုကွယ်ကာပြောဆိုလျက်နေကြသည်ဟု သင်တို့ထင်ကောင်းထင်ကြလိမ့်မည်။ ငါတို့ သည်ထိုသို့ပြောဆိုနေခြင်းမဟုတ်။ ခရစ် တော်သွန်သင်ပေးသည့်အတိုင်းဘုရား သခင်ရှေ့တော်မှောက်တွင်ပြောဆိုနေခြင်း သာဖြစ်၏။ ချစ်သူတို့၊ ငါတို့ပြုသမျှ သောအမှုအရာတို့သည်သင်တို့၏ အကျိုးအတွက်ဖြစ်ပေသည်။-
ငါတို့အားနည်း၍သင်တို့အားကြီးသောအခါ ငါတို့ဝမ်းသာသည်။ သို့ဖြစ်၍သင်တို့သည်အပြစ် ဆိုဖွယ်မရှိသူများဖြစ်လာကြစေရန်ကိုလည်း ငါတို့ဆုတောင်းပတ္ထနာပြု၏။-
ဤသို့ပြုတော်မူခြင်းမှာခရစ်တော်၏ကိုယ်ခန္ဓာ တော်ကိုတည်ဆောက်ခြင်းအလို့ငှာ ဘုရားသခင် ၏လူစုတော်ဝင်အပေါင်းအားအမှုတော်ဆောင် ရွက်ခြင်းအတွက်အသင့်ပြင်ဆင်ပေးရန်ပင်ဖြစ် ပေသည်။-
ညစ်ညမ်းသည့်စကားတစ်ခွန်းကိုမျှသင်တို့နှုတ်မှ မထွက်စေနှင့်။ သူတစ်ပါးတို့အားအကျိုးရှိစေမည့် စကား၊ အပြုသဘောပါသည့်စကားကိုသာ ပြောကြားကြလော့။ သို့မှသာလျှင်သင်တို့၏စကား ကိုကြားကြသူတို့သည်အကျိုးကျေးဇူးခံစား ရလိမ့်မည်။-