ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။
ရောမ 11:7 - Common Language Bible ထို့ကြောင့်အဘယ်သို့ပြောရမည်နည်း။ ဣသရေလ အမျိုးသားတို့သည်မိမိတို့ရှာသောအရာကို မတွေ့ကြကြောင်းထင်ရှားနေသည်။ ထိုအရာကို တွေ့ရှိကြသူများမှာဘုရားသခင်ရွေးကောက် တော်မူသောလူနည်းစုပင်ဖြစ်ပေသည်။ ကျန် သောသူတို့သည်ကားဘုရားသခင်၏ဖိတ် ခေါ်တော်မူသံကိုမကြားကြ။- Garrad Bible သို့ ဖြစ် လျှင် မည် သို့ နည်း။ ဣ သ ရေ လ လူ မျိုး အ နက် ရွေး ကောက် တော် မူ သူ တို့ သာ ထို လူ မျိုး တို့ လိုက် ရှာ ရာ ကို တွေ့ မှီ ကြ၍ ကျန် သူ တို့ ကား စိတ် ခဲ ယဉ်း ကြ၏။ Judson Bible သို့ဖြစ်လျှင် အဘယ်သို့နည်း၊ ဣသရေလလူတို့သည် ရှာသောအရာကို မတွေ့မရကြ။ ရွေးကောက်တော်မူသော သူတို့သာ တွေ့ရကြ၏။ ကြွင်းသောသူတို့ကို မှောင်မိုက်ဖုံးလွှမ်း၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် မည်သို့နည်း။ အစ္စရေးလူမျိုးတို့သည် မိမိတို့ကြိုးစားရှာဖွေသောအရာကို မရရှိကြ။ ရွေးကောက်တော်မူသောသူတို့သာ ရရှိကြပြီး ကျန်သောသူတို့သည် မာကျောခက်ထန်သောသဘောရှိကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် မည်သို့ဆိုရမည်နည်း။ အစ္စရေးလူမျိုးတို့သည် မိမိတို့ကြိုးစားရှာဖွေကြသည့် ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို မရရှိကြပေ။ ဘုရားသခင်ရွေးကောက်တော်မူခြင်းကို ခံရသောသူတို့ကသာ ရရှိကြပြီး ကျန်ရှိသောသူတို့မှာ ခေါင်းမာကြ၏။ |
ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။
ဤသို့သောလူတို့သည်မိုက်မဲထုံထိုင်းလှ သဖြင့် မိမိတို့အဘယ်အမှုကိုပြုလျက် နေသည်ကိုပင်မသိကြ။ အမှန်တရားကို မမြင်မသိနိုင်ရန် မိမိတို့၏မျက်စိများ နှင့်စိတ်နှလုံးတံခါးများကိုပိတ်ထား ကြ၏။-
ထိုနောက်ကိုယ်တော်က``ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက်၊ သူတို့၏နားများသည်လေးလျက်၊ မျက်စိများသည်လည်းပိတ်လျက်နေအောင်ပြုလော့။ သို့မှသာလျှင်သူတို့သည်မမြင်နိုင်၊ မကြားနိုင်၊ နားမလည်နိုင်ဘဲနေကြလိမ့်မည်။ အကယ်၍သူတို့သည်မြင်နိုင်ကြားနိုင်နားလည်နိုင်ကြမည်ဆိုပါမူ မိမိတို့၏ဝိညာဉ်ဆိုင်ရာရောဂါများပျောက်ကင်းစေရအောင်စိတ်နှလုံးပြောင်းလဲကြလိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော်မုန့်ကိုကိုယ်တော်ကျွေး တော်မူစဉ်က မိမိတို့တွေ့မြင်ခဲ့ရသည့်အံ့သြ ဖွယ်အခြင်းအရာ၏အနက်အဋ္ဌိပ္ပါယ်ကိုသူ တို့နားမလည်ခဲ့ကြသောကြောင့်တည်း။ သူတို့ ၏အသိဉာဏ်သည်နားလည်နိုင်စွမ်းမရှိ။
ကိုယ်တော်က ``သင်တို့သည်ကျဉ်းမြောင်းသော တံခါးပေါက်ကိုဝင်ရန်ကြိုးစားအားထုတ်ကြ လော့။ လူအများပင်ထိုတံခါးပေါက်ကိုဝင်ရန် ကြိုးစားကြလိမ့်မည်။ သို့သော်ဝင်နိုင်စွမ်းရှိကြ လိမ့်မည်မဟုတ်ဟုသင်တို့အားငါဆို၏။-
သူတို့သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက် သွယ်နိုင်မည့်လမ်းစဉ်ကိုမသိသဖြင့် ထိုလမ်း စဉ်ကိုမလိုက်ဘဲမိမိတို့ကိုယ်တိုင်တီထွင် သည့်လမ်းစဉ်ကိုလိုက်ကြပေသည်။-
ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့ကိုယ်ကို တတ်သိလိမ္မာလှပြီဟုမထင်မမှတ်ကြစေရန် ငါသည်ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အရာကိုသင်တို့အားဖော်ပြလို၏။ ထိုလျှို့ဝှက် နက်နဲသောအရာမှာဤသို့တည်း။ ယုဒအမျိုး သားတို့သည်အမြဲစိတ်နှလုံးထိုင်းမှိုင်းလျက် နေကြမည်မဟုတ်ဘဲ ကယ်တင်ခြင်းကိုခံရ မည့်လူမျိုးခြားတို့အရေအတွက်ပြည့်စုံ လာသည့်ကာလအထိသာဖြစ်၏။-
ယခုကာလ၌လည်းဤနည်းအတိုင်းပင်။ ဘုရား သခင်၏ကျေးဇူးတော်ကြောင့်ရွေးကောက်ခြင်းခံ ရသူလူအနည်းငယ်ကျန်ရှိ၏။-
သို့ဖြစ်ပါမူငါတို့ယုဒလူမျိုးသည်လူ မျိုးခြားတို့ထက်အဘယ်သို့လျှင် သာလွန် ကောင်းမွန်သည့်အခြေအနေတွင်ရှိကြ သနည်း။ မည်သို့မျှသာလွန်ကောင်းမွန်သည့် အခြေအနေတွင်မရှိကြ။ ယုဒလူမျိုး ရောလူမျိုးခြားပါအပြစ်၏အာဏာစက် အောက်တွင်ရှိကြကြောင်းငါအထက်က ဖော်ပြခဲ့ပြီးဖြစ်၏။-
သို့ဖြစ်၍ငါတို့သည်ပညတ်တရား၏လက် အောက်၌မရှိတော့ဘဲ ကျေးဇူးတရား၏လက် အောက်၌ရှိကြသဖြင့်အပြစ်ကူးကြကုန် အံ့ဟုဆိုကြမည်လော။ ထိုသို့မဆိုရ။-
သို့ဖြစ်၍ကိုယ်တော်သည်မိမိသနားလိုသူကို သနားတော်မူ၍ မိမိခေါင်းမာစေလိုသူကို ခေါင်းမာစေတော်မူ၏။
ထို့အပြင်ကိုယ်တော်သည်မိမိကရုဏာထား တော်မူသောငါတို့အား မိမိ၏ကြွယ်ဝသော ဘုန်းအသရေတော်ကိုဖူးမြင်စေရန်လည်း အလိုရှိတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေ တော်ကိုခံစားခွင့်ရစေရန်ကိုယ်တော်ပြင်ဆင် ထားသူများဖြစ်ကြသော ငါတို့အားထို ကြွယ်ဝသောဘုန်းအသရေကိုခံစားစေ တော်မူ၏။-
သို့ဖြစ်၍ရုပ်တုသို့မဟုတ်ရုပ်တုအားပူဇော် သောအစားအစာအရေးကြီးသည်ဟုငါ ဆိုလိုသလော။-
ဣသရေလအမျိုးသားတို့၏စိတ်နှလုံးသည် ထိုင်းမှိုင်းလျက်ရှိခဲ့၏။ ယနေ့တိုင်အောင်ပင်လျှင် ပဋိညာဉ်တရားဟောင်းကိုဖတ်သည့်အခါတိုင်း သူတို့စိတ်နှလုံးသည်ယင်းပဝါဖြင့်ဖုံးအုပ် လျက်ရှိ၏။ ခရစ်တော်အားဖြင့်သာလျှင်ယင်း ပဝါကိုပယ်ရှားရ၏။-
ဤလောကကိုအစိုးရသောဘုရားသည် ထိုသူတို့၏စိတ်ကိုအမှောင်ဖြင့်ဖုံးအုပ်စေ သဖြင့် သူတို့သည်သတင်းကောင်းကိုမယုံ ကြ။ ထိုဘုရားကြောင့်ဘုရားသခင်၏ပုံ သဏ္ဌာန်တည်းဟူသောခရစ်တော်၏ဘုန်း အသရေတော်အကြောင်း သတင်းကောင်း မှထွက်ပေါ်လာ၍သူတို့အပေါ်သို့ကျ ရောက်သည့်အလင်းရောင်ကိုသူတို့မမြင် ကြ။-
ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်သောအားဖြင့်ရှေ့တော်တွင်အပြစ် ဆိုဖွယ်မရှိဘဲ သန့်ရှင်းမြင့်မြတ်သူများ ဖြစ်နိုင်ကြစေရန်ကမ္ဘာမတည်မရှိမီ ကပင်ငါတို့ကိုဘုရားသခင်ရွေးချယ် ထားတော်မူပေသည်။ ဘုရားသခင်သည် မိမိမေတ္တာတော်ကြောင့်၊-
သူတို့သည်ဉာဏ်အလင်းကွယ်၍အသိတရား လုံးဝကင်းမဲ့လျက်ခေါင်းမာကြသဖြင့် ဘုရား သခင်ချမှတ်ပေးတော်မူသောအသက်နှင့် ကင်းကွာလျက်ရှိကြ၏။-
ဟောပြောသည့်နည်းမှာအရေးမကြီးပါ။ မှား ယွင်းသောရည်ရွယ်ချက်ဖြင့်ဟောပြောသည်ဖြစ်စေ၊ မှန်ကန်သောရည်ရွယ်ချက်ဖြင့်ဟောပြောသည် ဖြစ်စေခရစ်တော်အကြောင်းကိုဟောပြော ခြင်းသာဖြစ်သဖြင့်ငါဝမ်းမြောက်၏။ ဆက်လက် ၍ဝမ်းမြောက်လျက်နေမည်။-
သင်တို့သိသည့်အတိုင်း သူသည်နောင်အခါမှ ဖခင်၏ကောင်းချီးကိုခံယူရန်အလိုရှိ၏။ သို့ရာတွင်မရရှိခဲ့။ အဘယ်ကြောင့်ဆိုသော် သူသည်မိမိပြုပြီးသည့်အမှုကိုပြန်လည် ပြင်ဆင်ရန် နည်းလမ်းကိုမျက်ရည်ကျလျက် ရှာသော်လည်းမတွေ့နိုင်သောကြောင့်ဖြစ်၏။