သူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာတဒ် အမည်ရှိကောက်နယ်တလင်းသို့ရောက်ရှိကြ သောအခါ ဟစ်အော်၍ငိုကြွေးမြည်တမ်းကြ ၏။ ထိုအရပ်တွင်ယောသပ်သည် ယာကုပ်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းသည့်ပွဲ ကိုကျင်းပလေ၏။-
ရုသ 3:2 - Common Language Bible သင်နှင့်အတူတူအလုပ်လုပ်သည့်အမျိုး သမီးများ၏သခင်ဖြစ်သူ ဗောဇသည် ငါ တို့နှင့်ဆွေမျိုးတော်စပ်သည်မဟုတ်လော။ ယခုငါပြောသည့်စကားကိုနားထောင်ပါ လော့။ သူသည်ယနေ့ညနေတွင် မုယော စပါးများကိုနယ်လျက်နေလိမ့်မည်။- Garrad Bible သင့် အ ပေါင်း အ သင်း ကျွန် မိန်း မ တို့၏ အ ရှင် ဗော ဇ သည် ငါ တို့ ဆွေ မျိုး ဖြစ် သည် မ ဟုတ် လော။ ထို သူ ယ နေ့ ညဉ့် တွင် ကောက် နယ် တ လင်း ၌ မု ယော စ ပါး လှေ့ လျက် ရှိ လိမ့် မည် ဖြစ်၍၊ Judson Bible သင်ပေါင်းဖော်သော ကျွန်မတို့၏သခင် ဗောဇသည် ငါတို့ပေါက်ဖော်ဖြစ်သည် မဟုတ်လော။ ယနေ့ညမှာ ကောက်နယ်တလင်း၌ မုယောစပါးကို လှေ့လျက်နေ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်သွား၍အလုပ်အတူတူလုပ်ခဲ့သောအစေအပါးတို့၏သခင် ဗောဇသည် ငါတို့၏ဆွေမျိုးသားချင်း မဟုတ်လော။ ယခုည သူသည် တလင်းပြင်တွင် မုယောစပါးလာလှေ့လိမ့်မည်။ |
သူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာတဒ် အမည်ရှိကောက်နယ်တလင်းသို့ရောက်ရှိကြ သောအခါ ဟစ်အော်၍ငိုကြွေးမြည်တမ်းကြ ၏။ ထိုအရပ်တွင်ယောသပ်သည် ယာကုပ်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းသည့်ပွဲ ကိုကျင်းပလေ၏။-
နောမိတွင်ဗောဇဆိုသူ ဆွေမျိုးတစ်ဦးရှိ ၏။ သူသည်နောမိ၏ခင်ပွန်းဧလိမလက်၏ သားချင်းစုဝင်၊ ချမ်းသာကြွယ်ဝ၍ သြဇာ ရှိသူတစ်ဦးဖြစ်ပေသည်။-
ထိုအခါဗောဇကရုသအား``နားထောင်ပါ ငါ့သမီး၊ ဤလယ်ကွင်းမှတစ်ပါးအခြား လယ်ကွင်းများသို့သွား၍ ကောက်သင်းမကောက် ပါနှင့်။ ဤလယ်ကွင်းတွင်နေ၍အမျိုးသမီး များနှင့်အတူလုပ်ဆောင်ပါလော့။-
များမကြာမီနောမိကရုသအား``သင် သည်ကိုယ့်အိမ်နှင့်ကိုယ်နေထိုင်နိုင်ရန် သင့် အားငါနေရာချပေးရမည်။-
သို့ဖြစ်၍သင်သည်ကိုယ်လက်သုတ်သင်ပြီး လျှင် နံ့သာအမွှေးအကြိုင်များလူး၍အလှ ဆုံးအဝတ်အစားများကိုဝတ်ဆင်ကာသူ စပါးနယ်ရာသို့သွားပါလော့။ သို့ရာတွင် ထိုအရပ်သို့သင်ရောက်ရှိနေကြောင်းကို သူ စားသောက်ပြီးသည်တိုင်အောင်သူ့အား အသိမပေးနှင့်။-