သို့ဖြစ်၍ ငါတို့သည် ပညာကိုရှာ၍ တွေ့ပြီဟု သင်တို့ဆိုစရာမရှိ။ ယောဘကို နှိမ့်ချသောသူကား လူမဟုတ်၊ ဘုရားသခင်ပေတည်း။
ယေရမိ 9:23 - Common Language Bible ထာဝရဘုရားက၊ ``ပညာရှိသည်မိမိဉာဏ်ပညာရှိမှု၊ ခွန်အားကြီးမားသူသည်မိမိခွန်အားကြီး မားမှု၊ ချမ်းသာကြွယ်ဝသူသည်မိမိချမ်းသာ ကြွယ်ဝမှု၌ မဝါမကြွားအပ်။ Garrad Bible ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ပ ညာ ရှိ သည် ပ ညာ ကြောင့်လည်း ကောင်း၊ စွမ်း ရည် ရှိ သူ သည် စွမ်း ရည် ကြောင့် လည်း ကောင်း၊ ကြွယ် ဝ သူ သည် ကြွယ် ဝ ခြင်း ကြောင့် လည်း ကောင်း၊ ကိုယ် ကို ဂုဏ် မ တင် ရ။ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပညာရှိသောသူသည် မိမိပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ဥစ္စာရတတ်သောသူသည် မိမိဥစ္စာ၌ မဝါကြွားစေနှင့်။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ပညာရှိသောသူသည် မိမိဉာဏ်ပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ချမ်းသာသောသူသည် မိမိဓနဥစ္စာ၌ မဝါကြွားစေနှင့်”ဟု မိန့်တော်မူ၏။ |
သို့ဖြစ်၍ ငါတို့သည် ပညာကိုရှာ၍ တွေ့ပြီဟု သင်တို့ဆိုစရာမရှိ။ ယောဘကို နှိမ့်ချသောသူကား လူမဟုတ်၊ ဘုရားသခင်ပေတည်း။
ထာဝရဘုရားသည်ဖြောင့်မတ်မှန်ကန်မှုကို နှစ်သက်တော်မူ၏။ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်သည် ကမ္ဘာမြေကြီးကိုဖုံးလွှမ်းလျက်ရှိ၏။
ဘုရားသခင်၏ကြီးမြတ်တော်မူပုံကိုငါနှင့် အတူ ကြွေးကြော်ကြလော့။ ငါတို့သည်အတူတကွကိုယ်တော်၏နာမတော် ကို ထောမနာပြုကြကုန်အံ့။
သို့ရာတွင်ယခုအခါ၌ကိုယ်တော်သည် ကျွန်တော်မျိုးတို့အားပစ်ပယ်တော်မူလျက် အရေးရှုံးနိမ့်စေတော်မူပါပြီ။ ကျွန်တော်မျိုးတို့၏စစ်တပ်များနှင့်အတူ ချီတက်တော်မမူတော့ပါ။
အကြမ်းဖက်မှုကိုအားမကိုးကြနှင့်။ လုယက်မှုဖြင့်အကျိုးခံစားရလိမ့်မည်ဟု မမျှော်လင့်ကြနှင့်။ သင်တို့၏စည်းစိမ်ဥစ္စာများသည် တိုးပွားလာစေကာမူယင်းတို့ကိုအားမကိုး ကြနှင့်။
အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။
ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူ ပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ၊ နေအောက်မှာငါ့ပညာကို ထင်ရှားပြလေ သမျှသော အမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။
တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။
ဆူဒန်ပြည်ကိုယုံကြည်ကိုးစားကာ အီဂျစ်ပြည် အကြောင်းကိုဝါကြွားပြောဆိုကြသူတို့သည် မျှော်လင့်ခြင်းပျက်ပြားလျက် အမြင်မှန်ရရှိ လာကြလိမ့်မည်။-
``သင်သည်မကောင်းမှုကိုပြုလျက်၊မိမိကိုယ်ကို ဟုတ်လှပြီ။ မိမိကိုအဘယ်သူမျှမမြင်ဟုထင်မှတ်ဘိ၏။ သင်၏ဉာဏ်ပညာနှင့်အသိပညာတို့ကသင့်အား လမ်းလွဲစေလေပြီ။ သင်သည်မိမိကိုယ်ကို`ငါသည်ဘုရားဖြစ်၏ ငါ့လိုလူဇမ္ဗူတွင်မရှိ' ဟုဆိုပါသည်တကား။
သင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့ ကိုယ်ကိုအလွန်ပညာရှိသည်။ တတ်သိလိမ္မာ သည်ဟုထင်မှတ်တတ်ကြ၏။
ထာဝရဘုရားကိုသိရန်အဘယ်သူမျှ မိမိတို့မြို့သူမြို့သားအချင်းချင်းကို လည်းကောင်း၊ ပြည်သူအချင်းချင်းကိုလည်း ကောင်းသွန်သင်ပေးရန်လိုလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်အငယ်ဆုံးသူမှ အကြီးမြတ်ဆုံးသူအထိငါ့ကိုသိ ကြလိမ့်မည်။ ငါသည်သူတို့၏အပြစ်များ ကိုဖြေလွှတ်မည်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုလည်းအမှတ်ရတော့မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
``မောဘပြည်သားတို့၊သင်တို့သည်အဘယ် ကြောင့် မိမိတို့ကိုယ်ကို၊အာဇာနည်များ၊စစ်ပြန် သူရဲကောင်းများဟုပြောဆိုကြသနည်း။
``အို မောဘပြည်၊သင်သည်မိမိ၏အင်အားနှင့် စည်းစိမ်ချမ်းသာကိုအားကိုး၏။ သို့ရာတွင်ယခုသင်သည်နှိမ်နင်းခြင်းကိုခံ ရလိမ့်မည်။ သင်၏ဘုရားခေမုရှသည်လည်းသူ၏မင်း သားများ၊ ယဇ်ပုရောဟိတ်များနှင့်အတူပြည်နှင်ဒဏ် သင့်ရပေတော့အံ့။
သစ္စာမရှိသောလူမျိုးတို့၊ သင်တို့သည်အဘယ် ကြောင့်ကြွားဝါသနည်း။ သင်တို့၏အင်အား သည်ချည့်နဲ့နေပြီ။ သင်တို့သည်အဘယ်ကြောင့် မိမိတို့တန်ခိုးစွမ်းရည်ကိုယုံစား၍`ငါတို့ အားအဘယ်သူမျှတိုက်ခိုက်ရဲလိမ့်မည် မဟုတ်' ဟုဆိုကြသနည်း။-
အီဂျစ်ပြည်သည်လူသူဆိတ်ငြိမ်ရာအရပ် ဖြစ်လိမ့်မည်။ ထိုအခါငါသည်ဘုရားသခင် ဖြစ်တော်မူသည်ကိုသင်တို့သိရှိရလိမ့် မည်။'' ``နိုင်းမြစ်သည်သင်၏ကိုယ်ပိုင်ပစ္စည်း၊ သင်ဖန် ဆင်းသောအရာဖြစ်သည်ဟုဆိုသဖြင့်၊-
သူတို့သည်မိမိတို့၏ရွှေ၊ ငွေများကိုအမှိုက် သရိုက်သဖွယ် လမ်းများပေါ်သို့လွှင့်ပစ်လိုက် ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထာဝရ ဘုရားအမျက်ထွက်တော်မူရာကာလ၌ သူတို့၏ ရွှေ၊ ငွေ၊ များသည်သူတို့အားမကယ် နိုင်သောကြောင့်ဖြစ်၏။ သူတို့သည်မိမိတို့ အဆာပြေစေရန်အတွက်သော်လည်းကောင်း၊ မိမိတို့ဝမ်းကိုဖြည့်တင်းမှုအတွက်သော် လည်းကောင်း ရွှေ၊ ငွေ၊ များကိုအသုံးမပြု နိုင်ကြ။ ရွှေငွေတို့သည်သူတို့အားအပြစ် ဒုစရိုက်ကိုပြုစေ၏။-
ယခုသင်တို့သည်တံပိုးခရာ၊ ပလွေ၊ စောင်း ငယ်၊ ပတ်သာ၊ စောင်းကြီးနှင့်အခြားတူရိ ယာများတီးမှုတ်သံကိုကြားသည်နှင့်တစ် ပြိုင်နက်ရွှေရုပ်ကြီးကိုဦးညွှတ်ရှိခိုးကြ လော့။ အကယ်၍ရှိမခိုးကြပါကသင်တို့ သည်ပြင်းစွာအလျှံထလျက်နေသောမီး ဖိုထဲသို့ချက်ချင်းပစ်ချခြင်းကိုခံရ ကြလတ္တံ့။ သင်တို့အားကယ်နိုင်မည့်ဘုရား ရှိသည်ဟုသင်တို့ထင်မှတ်ကြသလော'' ဟုမိန့်တော်မူ၏။
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
ထာဝရဘုရားသည်ကောင်းသောအရာကို ပြတော်မူပြီ။ ကိုယ်တော်အလိုရှိတော်မူ သောအရာကိုဖော်ပြတော်မူခဲ့ပြီ။ ကိုယ် တော်အလိုရှိသောအရာသည်ကားတရား မျှတစွာပြုကျင့်ခြင်း၊ မေတ္တာကရုဏာထား ရှိခြင်း၊ စိတ်နှိမ့်ချစွာသင်၏ဘုရားသခင် နှင့်အတူသွားလာနေထိုင်ခြင်းတို့ဖြစ် သတည်း။
ထာဝရဘုရားအမျက်ထွက်တော်မူရာ ထိုကာလ၌ထိုသူတို့သည် မိမိတို့၏ရွှေ ငွေရှိသမျှကိုစုပုံပေးသော်လည်းအသက် ချမ်းသာရာရကြလိမ့်မည်မဟုတ်။ ကမ္ဘာ မြေပြင်တစ်ခုလုံးသည်ကိုယ်တော်၏ အမျက်တော်မီးသင့်၍ဆုံးရှုံးပျက်စီး သွားလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ ပေါ်တွင်နေထိုင်သူမှန်သမျှကိုရုတ် တရက်အစတုံးအောင်စီရင်တော်မူ လိမ့်မည်။
တပည့်တော်တို့သည်ကိုယ်တော်၏စကားကို ကြားလျှင် လွန်စွာအံ့သြကြ၏။ တစ်ဖန်သခင် ယေရှုက ``ငါ့သားတို့၊ ဘုရားသခင်၏နိုင်ငံ တော်သို့ဝင်နိုင်ရန်ခက်လှ၏။-
သူတို့သည်မိမိတို့ကိုယ်ကိုပညာရှိဟုဆို သော်လည်းအမှန်မှာပညာမဲ့သူများဖြစ် ကြ၏။-
ထို့ကြောင့်ကျမ်းစာလာသည်နှင့်အညီမည်သူ မဆိုဝါကြွားလိုလျှင် ဘုရားရှင်ပြုတော်မူ သောအမှုတော်အတွက်သာလျှင်ဝါကြွားစေ။
ထို့ကြောင့်သင်တို့၏အစွမ်းသတ္တိဖြင့်ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာလာသည်ဟူ၍မထင်မမှတ် နှင့်။-
ငါသည်ခရစ်တော်ကိုသိကျွမ်းခြင်း၊ ထမြောက် ရှင်ပြန်တော်မူခြင်း၏တန်ခိုးတော်ကိုခံစားခြင်း၊ ခရစ်တော်နှင့်အတူဆင်းရဲဒုက္ခခံခြင်း၊ ကိုယ်တော် အသေခံတော်မူခြင်း၌ပါဝင်ခြင်းတို့ကိုသာ လိုချင်တောင့်တ၏။-
ထိုမျှမကငါ၏အရှင်ခရစ်တော်ယေရှုကိုသိကျွမ်း ရခြင်းသည်ထိုအရာများနှင့်အရာခပ်သိမ်းတို့ထက် တန်ခိုးရှိသည်ဖြစ်၍ ယင်းတို့ကိုငါ့အားရှုံးစေသည့် အရာများဟူ၍မှတ်ယူ၏။ ငါသည်ကိုယ်တော်အတွက် ခပ်သိမ်းသောအရာတို့ကိုစွန့်ပယ်ခဲ့၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန်လည်းကောင်း၊ ကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်နိုင်ရန်လည်းကောင်းထိုအရာ များကိုအမှိုက်သရိုက်ကဲ့သို့ငါထင်မှတ်၏။ ငါသည် ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့်ဖြောင့်မတ် ခြင်းမရရှိပေ။ ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာလျှင်ဖြောင့်မတ်ခြင်းကိုရရှိ၏။ ထိုကဲ့သို့ သောဖြောင့်မတ်ခြင်းသည်ဘုရားသခင်ပေးသနား တော်မူသောဖြောင့်မတ်ခြင်းဖြစ်၍ယုံကြည်ခြင်း အပေါ်တွင်အခြေခံပေသည်။-
အဘယ်ကြောင့်ဆိုသော်ငွေကိုစွဲလမ်းတပ် မက်ခြင်းသည်မကောင်းမှုအမျိုးမျိုးတို့၏ မူလအခြေအမြစ်ဖြစ်သောကြောင့်တည်း။ အချို့သောသူတို့သည်ငွေကိုခုံမင်လှ သဖြင့် ယုံကြည်ခြင်းတရားလမ်းမှလွဲ သွား၍ ပူဆွေးလျက်ဝမ်းနည်းပက်လက် ဖြစ်ရကြ၏။
သူသည်ဒါဝိဒ်ကိုသေချာစွာကြည့်သော အခါ ဒါဝိဒ်ကားရှုချင်ဖွယ်ကောင်းသည့် သူငယ်တစ်ယောက်မျှသာဖြစ်သည်ကိုတွေ့ ရှိရသောကြောင့် သူ့အားမထီလေးစားပြု လေသည်။-