ဣသရေလအမျိုးသားတို့၏ဘုရားသခင် တည်းဟူသောအနန္တတန်ခိုးရှင်ထာဝရဘုရား က``ငါသည်သင်တို့အား ဤအရပ်တွင်ဆက်လက် နေထိုင်ခွင့်ပြုနိုင်ရန်သင်တို့သည် မိမိတို့နေ ထိုင်မှုနှင့်အပြုအမူတို့ကိုပြုပြင်ပြောင်း လဲစေကြလော့။-
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် မိန့် တော် မူ သည် မှာ ဤ ဒေ သ၌ နေ မြဲ နေ ခွင့် ကို ငါ ပေး ရ စေ ခြင်း ငှာ၊ ကိုယ့် အ လေ့ အ လာ အ ကျင့် အ ကြံ များ ကို ပြု ပြင် ကြ လော့။
ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ဘာသာဓလေ့နှင့် သင်တို့ အကျင့်များတို့ကို ပြုပြင်ကြလော့။ သို့ပြုလျှင် သင်တို့ကို ဤအရပ်၌ ငါနေစေမည်။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြလော့။ သို့ပြုလျှင် ငါသည် သင်တို့ကို ဤအရပ်၌ နေထိုင်စေမည်။
ထာဝရဘုရားသည်မိမိ၏စေတမန်များ နှင့်ပရောဖက်တို့ကိုစေလွှတ်၍ ဣသရေလ အမျိုးသားများနှင့်ယုဒအမျိုးသားများ ကိုသတိပေးတော်မူ၏။ ကိုယ်တော်က``သင်တို့ သည်မိမိတို့၏ဆိုးညစ်သောအကျင့်တို့ကို ရှောင်ရှားကြလော့။ သင်တို့ဘိုးဘေးများနှင့် ငါ၏အစေခံပရောဖက်များမှတစ်ဆင့် သင်တို့အား၊ ငါပေးအပ်သည့်ပညတ်တော် တွင်ပါရှိသောငါ၏အမိန့်တော်ကိုနာခံ ကြလော့'' ဟုမိန့်တော်မူ၏။-
သို့ဖြစ်၍သင်တို့အပြစ်ကို သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားအား ဖော်ပြဝန်ခံပြီးလျှင် ကိုယ်တော်နှစ်သက်တော် မူသည့်အမှုကိုပြုကြလော့။ ငါတို့ပြည် တွင်သင်တို့နှင့်အတူ နေထိုင်ကြသူလူမျိုး ခြားတို့နှင့်လည်းကောင်း၊ သင်တို့၏လူမျိုး ခြားဇနီးများနှင့်လည်းကောင်းခွဲခွာ ကြလော့'' ဟုဆို၏။
မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
သူယုတ်မာတို့သည်မိမိတို့၏ဆိုးညစ်သော အကျင့်များကိုစွန့်လွှတ်၍၊ မိမိတို့၏စိတ်နေသဘောထားများကိုလည်း ပြောင်းလဲကြရာ၏။ သူတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့လှည့်ကြရာ၏။ ကိုယ်တော်သည်သနားကြင်နာတတ်၍လျင်မြန်စွာ အပြစ်လွှတ်တော်မူတတ်၏။
သူတို့၏ဘုရင်များနှင့်မင်းညီမင်းသားများ သည်ယေရုရှလင်မြို့ကိုမြို့တံခါးများဖြင့် ဝင်၍ ဒါဝိဒ်မင်းကဲ့သို့ရာဇတန်ခိုးအာဏာ ကိုရရှိကြလိမ့်မည်။ သူတို့သည်ယုဒပြည် သားများ၊ ယေရုရှလင်မြို့သားများနှင့် အတူ မြင်းရထားများနှင့်မြင်းများကို စီး၍သွားလာရကြလိမ့်မည်။ ယေရုရှလင် မြို့သည်လည်းအစဉ်အမြဲလူများနှင့် ပြည့်နှက်၍နေလိမ့်မည်။-
သို့ဖြစ်၍ငါသည်ယုဒပြည်သားများနှင့် ယေရုရှလင်မြို့သူမြို့သားတို့အား ဆန့်ကျင် ဘက်ပြုရန်ကြံစည်လျက်နေတော်မူကြောင်း ကိုလည်းကောင်း၊ အပြစ်ဒဏ်ခတ်ရန်ပြင်ဆင် လျက်နေတော်မူကြောင်းကိုလည်းကောင်းပြော ကြားလော့။ အသီးသီးဒုစရိုက်တွင်ကျင် လည်မှုကိုရပ်စဲကြရန်၊ မိမိတို့လမ်းစဉ် နှင့်အကျင့်အကြံများကိုပြောင်းလဲကြ ရန်သူတို့အားထာဝရဘုရားဆင့်ဆို မှာကြားကြောင်းပြောကြားလော့။-
ထိုလူမျိုးသည်နောင်တရပါမူငါ၏စိတ် ပြောင်းလဲလျက် ယခင်မြွက်ဆိုခဲ့သည့်အမှု များကိုမပြုဘဲငါနေမည်။-
သင်တို့သည်မိမိတို့နေထိုင်ပြုကျင့်ပုံကို ပြောင်းလဲကာ သင်တို့ဘုရားသခင်ထာဝရ ဘုရား၏စကားကိုနားထောင်ရကြမည်။ ထို အခါကိုယ်တော်သည်သင်တို့အားဖျက်ဆီး တော်မူမည်ဟု ယခင်မိန့်ကြားခဲ့သော်လည်း မိမိ၏စိတ်တော်ကိုပြောင်းလဲစေတော်မူ လိမ့်မည်။-
ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားမိမိတို့ အကျင့်ဆိုးများကိုစွန့်ပစ်၍ ဖြောင့်မှန်ရာ ကိုပြုကျင့်ကြရန်ပြောကြားခဲ့ကြ၏။ သင် တို့သည်မိမိတို့နှင့်ဘိုးဘေးတို့အားငါပေး အပ်ခဲ့သည့်ပြည်တော်တွင် ဆက်လက်နေထိုင် နိုင်ကြမည့်အကြောင်းအခြားဘုရားများ ကိုရှိမခိုးဝတ်မပြုကြရန်သင်တို့အား သတိပေးခဲ့ကြ၏။ သို့ရာတွင်သင်တို့သည် ငါ၏စကားကိုနားမထောင်ကြ။ ငါ့အား လည်းပမာဏမပြုကြ။-
ယောနဒပ်၏သားမြေးများသည်မိမိတို့ ဘိုးဘေး၏အမိန့်ကိုနားထောင်ကြ၏။ သင် တို့မူကားငါ၏အမိန့်ကိုနားမထောင် ကြ။-
ထာဝရဘုရားက``ဣသရေလပြည်သား တို့၊ အကယ်၍သင်တို့ပြန်လာလိုလျှင်ငါ့ ထံသို့ပြန်လာကြလော့။ ငါရွံမုန်းသည့် ရုပ်တုတို့ကိုဖယ်ရှားကာငါ့အားသစ္စာ စောင့်ကြလျှင်၊-
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား``လမ်းဆုံလမ်းခွတို့တွင်ရပ်၍ကြည့် ကြလော့။ ရှေးလမ်းဟောင်းတို့ကိုစုံစမ်း ရှာဖွေကြလော့။ အကောင်းဆုံးသောလမ်း အဘယ်မှာနည်းဟုမေးမြန်း၍ ထိုလမ်းသို့ လိုက်လျှင်သင်တို့၏ဝိညာဉ်သည်ငြိမ်းချမ်း သာယာမှုရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။ သို့ရာတွင်သူတို့က``ထိုလမ်းကို အကျွန်ုပ် တို့မလိုက်လိုပါ'' ဟုပြန်ပြောကြ၏။
ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြလော့။ သို့ပြုလျှင်ကိုယ်တော်သည်သင်တို့ထံသို့ ကြွလာတော်မူသည်။ အပြစ်ကူးသူတို့၊ သင်တို့လက်များကိုဆေးကြောကြလော့။ မာနထောင်သူတို့၊ သင်တို့၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။-