ယေရမိ 51:32 - Common Language Bible ရန်သူသည်မြစ်ကူးလမ်းကိုသိမ်းပိုက်ပြီးလျှင် ရဲတိုက်များကိုမီးရှို့ကြလေပြီ။ ဗာဗုလုန် စစ်သည်တပ်သားတို့သည်လည်းထိတ်လန့် တုန်လှုပ်၍သွားကြလေကုန်ပြီ။- မြန်မာ့စံမီသမ္မာကျမ်း ဆိပ်ကမ်းတို့ကို သိမ်းပိုက်ကြပြီ။ ခံတပ်များကို မီးရှို့ပစ်ကြပြီ။ စစ်သူရဲတို့လည်း ဆောက်တည်ရာမရကြောက်လန့်ကြလေပြီ။ |
``သူတို့သည်ဖွဲကဲ့သို့ဖြစ်၍မီးသည်သူတို့အား ကျွမ်းလောင်စေလိမ့်မည်။ သူတို့သည်မိမိတို့ကိုယ်ကိုပင်ကယ်နိုင် ကြလိမ့်မည်မဟုတ်။ မီးလျှံများသည်ပူနွေးရန်လှုံသည့်မီးမျိုး မဟုတ်ဘဲ၊ သူတို့အတွက်အပူလွန်၍နေလိမ့်မည်။
ဗာဗုလုန်စစ်သည်တပ်သားတို့သည်စစ်မတိုက် ကြတော့ဘဲမိမိတို့ခံတပ်များအတွင်း၌သာ လျှင်နေလျက်ရှိကြ၏။ သူတို့သည်စိတ်ပျက် အားလျော့ကာအမျိုးသမီးများသဖွယ်ဖြစ် ကြလေကုန်ပြီ။ မြို့တံခါးတို့သည်ကျိုးပေါက် ကုန်လျက်အိမ်များသည်လည်းမီးလောင်၍နေ၏။-
ဗာဗုလုန်မြို့သည်အဘက်ဘက်မှပြိုကျလျက် ရှိကြောင်းဗာဗုလုန်ဘုရင်အားမင်းလုလင်တို့ သည် တစ်ဦးပြီးတစ်ဦးလာရောက်လျှောက်ထား ကြ၏။-
မကြာမီပင်ရန်သူသည်သူတို့အားခုတ်ထစ် ပြီးလျှင် ကောက်နယ်တလင်းမှစပါးများကဲ့ သို့နင်းနယ်ကြလိမ့်မည်။ ဤကားဣသရေလ အမျိုးသားတို့၏ဘုရားသခင်အနန္တတန် ခိုးရှင်ထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုအခါမြို့ရိုးများသည်ကျိုးပေါက်၍သွား တော့၏။ မြို့ကိုဗာဗုလုန်အမျိုးသားတို့ဝိုင်းရံ လျက်ထားသော်လည်း စစ်သည်တပ်သားအပေါင်း သည်ညဥ့်အခါတွင်ထွက်ပြေးရန်ကြိုးစားကြ ၏။ သူတို့သည်ဘုရင့်ဥယျာဉ်တော်အတိုင်း သွားပြီးလျှင် မြို့ရိုးနှစ်ထပ်အကြားရှိတံခါး ပေါက်မှထွက်၍ယော်ဒန်ချိုင့်ဝှမ်းဘက်သို့ပြေး ကြ၏။-