သင်ယိုယွင်းပျက်စီးရာမှကျန်ရစ်သောကျောက် တုံးများကို အဆောက်အအုံတည်ဆောက်ရာတွင် နောင်အဘယ်အခါ၌မျှအသုံးပြုကြတော့ မည်မဟုတ်။ သင်သည်ထာဝစဉ်လူသူကင်းမဲ့ ရာဖြစ်၍နေလိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
တိုက် ထောင့် ကျောက်၊ တိုက် မြစ် ကျောက် တစ် လုံး မျှ ထုတ် ယူ ကြ တော့ မည် မ ဟုတ် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
တိုက်ထောင့်အထွတ်ကျောက်၊ တိုက်မြစ်ကျောက် တစ်စုံတစ်ခုကိုမျှ သင်၏အထဲက မနုတ်မယူရ၊ အစဉ်မပြတ် ပျက်စီးလျက်နေရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားက “ထောင့်ချုပ်ကျောက်၊ အုတ်မြစ်ကျောက်တစ်လုံးမျှ သင့်ထံမှ ရနိုင်တော့မည်မဟုတ်။ သင်သည် လူသူကင်းမဲ့ရာ အစဉ်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ငါသည်ဗာဗုလုန်မြို့ကိုညွန်ပျောင်းဖြစ်စေ ၍၊ ဇီးကွက်တို့သည်ထိုအရပ်တွင်နေကြလိမ့် မည်။ ငါသည်တံမြက်လှည်းသူကဲ့သို့ဗာဗုလုန် မြို့မှရှိသမျှသောအရာတို့ကိုသုတ်သင် ပယ်ရှင်းမည်။ ဤကားအနန္တတန်ခိုးရှင်ငါ ထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုနောက်ငါသည်ဗာဗုလုန်ဘုရင်နှင့်ပြည်သူ တို့အား မိမိတို့ကူးလွန်သည့်အပြစ်အတွက် ဆုံးမမည်။ သူတို့၏ပြည်ကိုဖျက်ဆီးကာ ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေစေမည်။-
ထာဝရဘုရားသည်မိမိ၏အကြံအစည် တော်ကိုအကောင်အထည်ဖော်တော်မူပြီဖြစ်၍ ကမ္ဘာမြေကြီးသည်တုန်လှုပ်၍သွား၏။ ကိုယ် တော်သည်ဗာဗုလုန်မြို့ကိုလူသူဆိတ်ငြိမ် ရာဒေသဖြစ်စေတော်မူလိမ့်မည်။-
ထိုအခါဗာဗုလုန်မြို့သည်တောတိရစ္ဆာန်ခို အောင်းရာ အဆောက်အအုံပျက်များဖြစ်၍နေ လိမ့်မည်။ ယင်းသည်တုန်လှုပ်ချောက်ချားဖွယ် ကောင်းသောမြင်ကွင်းဖြစ်၍ လူသူဆိတ်ငြိမ် ရာဖြစ်လိမ့်မည်။-
မြို့တို့သည်လန့်ဖျပ်တုန်လှုပ်စရာမြင်ကွင်း ဖြစ်လာကြလျက်လူသူဆိတ်ငြိမ်ရာ၊ ရေ မရှိသည့်သဲကန္တာရနှင့်တူကြ၏။ ထိုမြို့ များသို့အဘယ်သူမျှလည်းခရီးမပြု ကြ။-