ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည် ဟူ၍၎င်း၊
ယေရမိ 48:47 - Common Language Bible သို့ရာတွင်နောင်လာလတ္တံ့သောကာလ၌ ထာဝရဘုရားသည် မောဘပြည်ကိုတစ်ဖန် ပြန်၍ကောင်းစားလာစေမည်။ ဤကားမောဘ ပြည်အပေါ်သို့ကျရောက်မည့်အဖြစ်အပျက် နှင့်ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူ သောစကားများဖြစ်သတည်း။ Garrad Bible သို့ ရာ တွင်၊ သုံ့ ပန်း ခံ ရ သော မော ဘ လူ မျိုး ကို၊ နောင် ကာ လ၌ ပြန် ပို့ မည် ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည် ဟူ ၍ တည်း။ မောဘ ပြည် စီ ရင် ချက် ဗျာ ဒိတ် ပြီး ၏။ Judson Bible သို့ရာတွင်၊ သိမ်းသွားခြင်းကိုခံရသော မောဘအမျိုးသားတို့ကို နောင်ကာလ၌ ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤရွေ့ကား၊ မောဘခံရသောအပြစ်တရားပေတည်း။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် နောင်ကာလတွင် ဖမ်းခေါ်သွားခြင်းခံရသောမောဘပြည်သားတို့ကို ငါပြန်လာစေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤသည်ကား မောဘပြည်အတွက် တရားစီရင်ခြင်းပေတည်း။ |
ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည် ဟူ၍၎င်း၊
နိုင်းမြစ်ဖျားတွင်တည်ရှိသည့်ထိုနိုင်ငံမှ လည်းကောင်း၊ ခွန်အားတန်ခိုးကြီးမားသည့် ထိုလူမျိုးထံမှလည်းကောင်း၊ ရုပ်ရည်ချောမော ၍မြင့်မားသည့်ထိုပြည်သားတို့ထံမှလည်း ကောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးကကြောက်ရွံ့ကြ သူထံမှလည်းကောင်း၊ ပူဇော်သကာများကို အနန္တတန်ခိုးရှင်ထာဝရဘုရားလက်ခံ တော်မူမည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ ထိုသူတို့သည်အနန္တတန်ခိုးရှင် ထာဝရဘုရားအားကိုးကွယ်ဝတ်ပြုရန် ဇိအုန်တောင်တော်သို့လာရောက်ကြလိမ့်မည်။
ကုန်သွယ်၍ရရှိသည့်ငွေများကို ထာဝရ ဘုရားအားဆက်ကပ်လှူဒါန်းလိမ့်မည်။ ယင်း တို့ကိုသိမ်းဆည်း၍ထားလိမ့်မည်မဟုတ်။ ထာဝရဘုရားအားဝတ်ပြုကိုးကွယ်သူ တို့သည်လည်း ထိုငွေဖြင့်မိမိတို့လိုအပ် သည့်အစားအစာများနှင့် အဝတ်အထည် များကိုဝယ်ခြမ်းကြလိမ့်မည်။
သူတို့သည်ရေကူးသူကဲ့သို့လက်များကို ဆန့်၍ကူးယက်ရန်ကြိုးစားပါသော်လည်း ထာဝရဘုရားသည်သူတို့၏မာန်မာန ကိုနှိမ့်ချသဖြင့်လက်များကိုလေးလံ ၍နေစေလိမ့်မည်။-
ထာဝရဘုရားက၊ ``လူမျိုးတကာတို့လာရောက်စုဝေးကြလော့။ ဧကရာဇ်နိုင်ငံကျဆုံးပြီးနောက်အသက် မသေဘဲ ကျန်ရှိနေသူအပေါင်းတို့၊ အချင်းအသိပညာကင်းမဲ့သူတို့၊ မိမိတို့၏သစ်သားရုပ်တုများကို ခင်းကျင်းပြသကာ၊ ကယ်တင်နိုင်စွမ်းမရှိသည့်ဘုရားများထံတွင် ဆုတောင်းပတ္ထနာပြုသူတို့၊ တရားဆိုင်ရန်လာရောက်ကြလော့။
ထာဝရဘုရားက``ငါ၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အား ငါအမွေပေးအပ်ခဲ့သည့် ပြည်တော်ကိုပျက်စီးယိုယွင်းစေသော ဣသရေလ ပြည်၏အိမ်နီးချင်းနိုင်ငံတို့နှင့်ပတ်သက်၍ငါ ပြောစရာရှိ၏။ ငါသည်ထိုသူယုတ်မာတို့အား အမြစ်ပြုတ်သည့်အပင်ငယ်ကဲ့သို့သူတို့ပြည် မှဆွဲထုတ်မည်။ ယုဒပြည်ကိုသူတို့လက်မှ ဆွဲထုတ်ကယ်ဆယ်မည်။-
သို့ရာတွင်ငါသည်သူတို့အားယင်းသို့ဆွဲ ထုတ်ပြီးနောက်ကရုဏာပြမည်။ ထိုလူမျိုး အသီးသီးကိုမိမိတို့ပိုင်သည့်နယ်မြေသို့ လည်းကောင်း၊ မိမိတို့၏ပြည်သို့လည်းကောင်း ပြန်လည်ပို့ဆောင်မည်။-
ထိုအမျက်တော်သည်ကိုယ်တော်ကြံစည်တော် မူသမျှသောအမှုများမပြီးမချင်းပြေ ငြိမ်းလိမ့်မည်မဟုတ်။ ဤအချက်ကိုကိုယ် တော်၏လူမျိုးတော်သည် လာလတ္တံ့သောနေ့ ရက်များ၌သိရှိနားလည်လာကြလိမ့်မည်'' ဟုဆို၏။
သူတို့ကိုသတ်ဖြတ်လိုသူဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနှင့်တပ်မတော်လက်သို့ငါ ပေးအပ်မည်။ သို့ရာတွင်နောင်အခါ၌လူတို့ သည်ရှေးကာလများကနည်းတူ အီဂျစ်ပြည် တွင်ပြန်လည်နေထိုင်ကြလိမ့်မည်။ ဤကား ငါထာဝရဘုရားမြွက်ထားသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
သို့ရာတွင်နောင်အခါ၌ဧလံပြည်သားတို့ အားတစ်ဖန်ပြန်၍ကောင်းစားစေမည်။ ဤ ကားငါထာဝရဘုရားမြွက်ဆိုသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
``သို့ရာတွင်နောင်အခါ၌ငါသည်အမ္မုန် ပြည်သားတို့အားတစ်ဖန်ပြန်၍ကောင်း စားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏။'' ဟုမိန့်တော် မူ၏။
နှစ်ပေါင်းအတော်ကြာသောအခါငါသည် သူ့အားလက်နက်များပြင်ဆင်လျက် တိုင်း ပြည်တစ်ပြည်ကိုချင်းနင်းဝင်ရောက်စေမည်။ ထိုပြည်တွင်လူတို့သည်မိမိတို့အားအတိုင်း တိုင်းအပြည်ပြည်မှ ငါပြန်လည်စုသိမ်း ခေါ်ဆောင်လာချိန်မှအစပြု၍ စစ်မက် အန္တရာယ်အတွက်စိုးရိမ်ပူပန်မှုမရှိဘဲ နေထိုင်လျက်ရှိ၏။ ဂေါဂမင်းသည်ဣသ ရေလတောင်တို့အားချင်းနင်းဝင်ရောက် တိုက်ခိုက်လိမ့်မည်။ ထိုတောင်တို့သည်အချိန် ကြာမြင့်စွာလူသူဆိတ်ငြိမ်ရာအရပ် ဖြစ်၍နေခဲ့သော်လည်း ယခုအခါလူ အပေါင်းတို့ထံမှထုတ်ဆောင်၍ငြိမ်း ချမ်းစွာနေထိုင်ရာဖြစ်၏။-
ယခုငါရောက်ရှိလာရခြင်းအကြောင်း မှာအနာဂတ်ကာလ၌ သင်၏အမျိုးသား တို့ကြုံတွေ့ကြရမည့်အဖြစ်အပျက်များ ကို သင့်အားသိရှိနားလည်စေလိုသော ကြောင့်ဖြစ်သည်။ ဤဗျာဒိတ်ရူပါရုံသည် အနာဂတ်ကာလနှင့်သက်ဆိုင်သည်'' ဟု ဆို၏။
ကတိထားတော်မူသောပြည်ကိုပင်ချဉ်း နင်းဝင်ရောက်ကာ ထောင်ပေါင်းများစွာသော လူတို့ကိုသတ်ဖြတ်လိမ့်မည်။ သို့ရာတွင် ဧဒုံပြည်၊ မောဘပြည်၊ အမ္မုန်ပြည်တို့ သည်ဘေးမှလွတ်မြောက်ကြလိမ့်မည်။-
သို့ရာတွင်လျှို့ဝှက်ခက်ခဲသောအရာများ ကို ဖွင့်ပြတော်မူသောဘုရားသခင်သည် ကောင်းကင်ဘုံတွင်ရှိတော်မူပါ၏။ ထိုဘုရား သည်အနာဂတ်ကာလ၌အဘယ်သို့ဖြစ် ပျက်မည်ကို အရှင်မင်းကြီးအားဖွင့်ပြ တော်မူပါပြီ။ အရှင်မင်းကြီးစက်တော် ခေါ်လျက်နေစဉ် မြင်မက်သည့်အိပ်မက်ကို ယခုအကျွန်ုပ်ဖော်ပြပါမည်။
သို့ရာတွင်ဣသရေလပြည်သားတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့လည်းကောင်း၊ သူတို့၏ဘုရင် ဒါဝိဒ်မင်း၏အဆက်အနွယ်ထံသို့လည်း ကောင်းပြန်လာမည့်အချိန်ကျရောက်လိမ့် မည်။ ထိုအခါသူတို့သည်ထာဝရဘုရား အားကြောက်ရွံ့ရိုသေကြလိမ့်မည်။ ကိုယ် တော်သည်လည်းသူတို့အားကောင်းချီး မင်္ဂလာကိုချပေးတော်မူလိမ့်မည်။
ဗာလမ်ကဗာလက်ဘုရင်အား``ယခုငါသည် ဆွေမျိုးသားချင်းတို့ထံသို့ပြန်မည်။ သို့ရာတွင် ငါပြန်၍မသွားမီဣသရေလအမျိုးသား တို့ကနောင်အခါ သင်၏အမျိုးသားတို့အား မည်ကဲ့သို့ပြုလုပ်မည့်အကြောင်းကို ငါသတိ ပေးခဲ့မည်'' ဟုဆို၏။-
ငါသေလွန်ပြီးနောက်ဤလူတို့သည်အကျင့် ဖောက်ပြား၍ ငါသွန်သင်ခဲ့သမျှတို့ကိုပစ် ပယ်မည်ဖြစ်ကြောင်းငါသိ၏။ နောင်အခါ၌ သူတို့သည်ထာဝရဘုရားတားမြစ်သော ဒုစရိုက်ကိုပြုသောကြောင့် အမျက်တော် ထွက်သဖြင့်သူတို့သည်ဘေးဒဏ်နှင့်တွေ့ ကြုံရကြလိမ့်မည်'' ဟုသတိပေးလေ၏။
သင်တို့သည်ဆင်းရဲဒုက္ခခံရ၍ဖော်ပြခဲ့ သောအခြေအနေသို့ဆိုက်ရောက်လာသော အခါ ထာဝရဘုရားအားဆည်းကပ်၍ အမိန့်တော်ကိုနာခံကြလိမ့်မည်။-