သို့ဖြစ်၍ငါသည်မောဘပြည်သူအပေါင်း တို့နှင့်ကိရဟရက်မြို့သူမြို့သားတို့ အတွက်မျက်ရည်ကျမည်။-
ထို့ ကြောင့်၊ မော ဘ အ တွက် အော် ခြင်း၊ ပြည် သူ ပြည် သား တို့ အ တွက် ဟစ် ခြင်း ကို၊ ငါ ပြု သည့် အ လျောက်၊ ကိ ရ ဟ ရက် မြို့ သား တို့ ကို လည်း၊ လွမ်း ဆွတ် ညည်း ညူ ခြင်း ရှိ လိမ့် မည်။
ထိုကြောင့်၊ မောဘအတွက် ငါသည်ညည်းတွားမြည်တမ်းမည်။ မောဘပြည် တစ်ပြည်လုံးအတွက် ငိုကြွေးမည်။ ကိရဟရက်မြို့သားတို့အတွက် ညည်းတွားခြင်း ရှိရမည်။
သို့ဖြစ်၍ မောဘပြည်ကြောင့် ငါညည်းတွားငိုကြွေးမည်။ မောဘပြည်တစ်ပြည်လုံးကြောင့် ငါအော်ဟစ်မည်။ ကိရဟရက်မြို့သားတို့ကြောင့် ငါညည်းတွားမည်။
မြေကောင်းမြေသန့်ကိုတွေ့ရှိသည့်အခါတိုင်း ဣသရေလအမျိုးသားတို့သည်ကိုယ်စီကိုယ်ငှ ကျောက်ခဲတစ်လုံးစီပစ်ချကြသဖြင့် နောက်ဆုံး ၌ထိုမြေတို့ကိုကျောက်ခဲများဖြင့်ဖုံးအုပ်စေ ကြ၏။ စမ်းရေတွင်းရှိသမျှကိုလည်းပိတ်ဆို့၍ သစ်သီးပင်များကိုလည်းခုတ်လှဲကြ၏။ နောက် ဆုံး၌ကိရဟရက်မြို့တော်သာလျှင်ကျန်တော့ သဖြင့် လောက်လွှဲတပ်သားတို့သည်ထိုမြို့ကို ဝိုင်းရံတိုက်ခိုက်ကြ၏။
ငါသည်မောဘပြည်အတွက်ငိုကျွေး၏။ ပြည် သူတို့သည်ဇောရမြို့ဧဂလတ်ရှလိရှိယ အထိထွက်ပြေးကြ၏။ အချို့သောသူတို့ သည်မျက်ရည်ကျလျက် လုဟိတ်တောင်လမ်း အတိုင်းတက်သွားကြ၏။ အချို့တို့ကမူ ဝမ်းနည်းအော်ဟစ်ငိုကြွေးကာ ဟောရနိမ် မြို့သို့ထွက်ပြေးကြကုန်၏။-
``မောဘပြည်သားများနှင့် ကိရဟရက်မြို့ သူမြို့သားများသည်မိမိတို့ပိုင်ဆိုင်သမျှ သောဥစ္စာပစ္စည်းများဆုံးရှုံးကုန်ကြပြီ ဖြစ်၍ ငါ၏စိတ်နှလုံးသည်မသာသီချင်း ကိုပြွေမှုတ်သူကဲ့သို့ထိုသူတို့၏အတွက် ငိုကြွေးမြည်တမ်းမည်။-