သင်သည်မိမိလက်ဖြင့်လုပ်ဆောင်၍စားဝတ် နေရေး ဖူလုံအောင်ရရှိလိမ့်မည်။ သင်သည်ရွှင်လန်း၍ကောင်းစားလိမ့်မည်။
ယေရမိ 42:6 - Common Language Bible အရှင့်အားဘုရားသခင်ထာဝရဘုရား ထံဆုတောင်းပတ္ထနာပြုရန်ပန်ကြားခဲ့ကြ၏။ အကျွန်ုပ်တို့နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက် သည်ဖြစ်စေအမိန့်တော်များကိုအကျွန်ုပ် တို့လိုက်နာကြပါမည်။ ကိုယ်တော်ရှင်၏ စကားကိုနားထောင်ပါမူအကျွန်ုပ်တို့ အဖို့အစစအရာရာအဆင်ပြေပါ လိမ့်မည်'' ဟုပြောကြားကြ၏။ Garrad Bible ကျွန် တော် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ၊ ကိုယ် တော် ကို တောင်း လျှောက် စေ ကြ သည့် အ တိုင်း၊ ဗျာ ဒိတ် တော် ကောင်း သည် ဖြစ် စေ၊ ဆိုး သည် ဖြစ် စေ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သံ ကို၊ နာ ခံ၍ ကောင်း စား ရ အံ့ သော ငှာ၊ နာ ခံ ပါ မည် ဟု၊ ယေ ရ မိ အား တောင်း ပန် ကြ ၏။ Judson Bible အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင် ထာရဘုရား၏အမိန့်တော်ကို နားထောင်သောအခါ ချမ်းသာရပါမည်အကြောင်း၊ အကျွန်ုပ်တို့သည်၊ ကိုယ်တော်ကို စေလွှတ်ရာ အကျွန်ုပ်တို့၏ဘုရားသခင် ထာ၀ရဘုရား၏အမိန့်တော်သည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ နားထောင်ပါမည်ဟု ယေရမိအားပြောဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားထံ ဆုတောင်းပေးရန် အရှင့်ကိုအကျွန်ုပ်တို့တောင်းဆိုသည်ဖြစ်၍ မိန့်ဆိုတော်မူမည့်စကားသည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အကျွန်ုပ်တို့ နားထောင်ပါမည်။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်ခြင်းဖြင့် အကျွန်ုပ်တို့ ကောင်းစားပါလိမ့်မည်”ဟု ဆိုကြ၏။ |
သင်သည်မိမိလက်ဖြင့်လုပ်ဆောင်၍စားဝတ် နေရေး ဖူလုံအောင်ရရှိလိမ့်မည်။ သင်သည်ရွှင်လန်း၍ကောင်းစားလိမ့်မည်။
သို့ရာတွင်သူတို့သည်ကိုယ်တော်အားနှုတ်ဖြင့် မြှောက်ပင့်ပြောဆို၍ လျှာဖြင့်လိမ်လည်လျှောက်ထားကြ၏။
ထိုနောက်သူသည်ထာဝရဘုရား၏ပညတ် များရေးထားသောပဋိညာဉ်စာအုပ်ကိုယူ၍ လူအပေါင်းတို့ကြားနိုင်အောင်ဖတ်ပြလေသည်။ သူတို့ကလည်း``အကျွန်ုပ်တို့သည်ထာဝရ ဘုရားမိန့်တော်မူသမျှကိုလိုက်နာပါမည်'' ဟုဆိုလေ၏။
သူတော်ကောင်းတို့သည်မင်္ဂလာရှိလိမ့်မည်။ သူ တို့အတွက်အစစအရာရာအဆင်ပြေလိမ့် မည်။ သူတို့သည်မိမိတို့၏အကျင့်အကြံ အပြုအမူများ၏ကောင်းကျိုးကိုခံစားရ ကြလိမ့်မည်။-
သူတစ်ပါးတို့၏အိမ်ထက်ပိုမိုခမ်းနား အောင် အာရစ်သားဖြင့်အိမ်များကိုတည်ဆောက် နိုင်ခြင်းကြောင့်၊ သင်သည်ပို၍ကောင်းသောမင်းဖြစ်ပါသလော။ သင်၏ခမည်းတော်သည်ပျော်ရွှင်စွာနေထိုင် လျက် အစဉ်ဖြောင့်မတ်၍တရားမျှတ၏။ သူပြုလေသမျှသောအမှုတို့တွင်အောင် မြင်လေသည်။
သို့ဖြစ်၍ယောဟနန်၊ တပ်မှူးများနှင့်လူ အပေါင်းတို့သည် ယုဒပြည်တွင်နေထိုင်ရန် ထာဝရဘုရား၏အမိန့်တော်ကိုမနာ ခံကြ။-
သို့ရာတွင်ငါသည်သူတို့၏ဘုရားသခင် ဖြစ်၍သူတို့သည်လည်း ငါ၏လူမျိုးတော် ဖြစ်စိမ့်သောငှာငါ့စကားကိုနားထောင်ကြ ရန်ကိုမူငါပညတ်ခဲ့၏။ အစစအရာရာ အဆင်ပြေရေးအတွက် ငါချပေးသည့် လမ်းစဉ်အတိုင်းလိုက်လျှောက်ပြုကျင့် ကြရန်ငါမှာကြားခဲ့၏။-
သို့ဖြစ်လျှင်ကောင်းမြတ်သည့်အရာကငါ့အား သေစေသလော။ မသေစေနိုင်ရာ။ ငါ့အားသေစေ သောအရာမှာအပြစ်တရားဖြစ်ပေသည်။ အပြစ် တရားသည် ၎င်း၏ပင်ကိုသဘောသဘာဝကို ပေါ်လွင်ထင်ရှားစေရန် ကောင်းမြတ်သည့်အရာ ကိုအသုံးပြု၍ငါ့ကိုသေစေခြင်းသာဖြစ်၏။ သို့ဖြစ်၍အပြစ်တရားသည်မည်မျှဆိုးရွား ကြောင်းကိုပညတ်တော်အားဖြင့်သိရ၏။
သို့ဖြစ်လျှင်ငါတို့မည်သို့ဆိုရမည်နည်း။ ပညတ်တရားသည်ဆိုးယုတ်သည့်အရာဖြစ် သည်ဟုဆိုရမည်လော။ သို့ရာတွင်အပြစ်ဟူ သည်မှာအဘယ်အရာဖြစ်သည်ကို ငါ့အား ပညတ်တရားကသိရှိစေ၏။ အကယ်၍ ပညတ်တော်က ``လောဘလွန်ကူးခြင်းမရှိ နှင့်'' ဟုမဆိုလျှင်လောဘလွန်ကူးခြင်း ဟူသည်မှာအဘယ်အရာဖြစ်ကြောင်းကို ငါသိရှိလိမ့်မည်မဟုတ်။-
ဇာတိသဘောဆိုင်ရာအရာများကိုစိတ်စွဲ လမ်းသူသည် ဘုရားသခင်အားရန်ဖက်ပြုသူ ဖြစ်၏။ ထိုသို့စိတ်စွဲလမ်းသူသည်ဘုရားသခင် ၏တရားတော်ကိုမလိုက်လျှောက်။ အကယ်ပင် မလိုက်လျှောက်နိုင်။-
ကိုယ်တော်သာချဉ်းကပ်၍အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားမိန့်မှာသမျှ ကိုကြားနာပြီးလျှင် အကျွန်ုပ်တို့အားဆင့် ဆိုတော်မူပါ။ အကျွန်ုပ်တို့သည်အမိန့်တော် ကိုနာခံပါမည်' ဟုလျှောက်ထားကြ၏။
သူတို့သည်ဤကဲ့သို့ငါ့ကိုအစဉ်ကြောက်ရွံ့ ရိုသေ၍ ငါ၏ပညတ်တော်အားလုံးကိုစောင့်ထိန်း ကြမည်ဆိုလျှင် သူတို့နှင့်သူတို့၏အဆက် အနွယ်များသည်ထာဝစဉ်ကောင်းစားကြ လိမ့်မည်။-
သင်တို့ဝင်ရောက်သိမ်းယူမည့်ပြည်တွင်ကောင်း စား၍ ဆက်လက်နေထိုင်ရန်ပညတ်တော်ရှိ သမျှကိုလိုက်နာစောင့်ထိန်းရကြမည်။
ထိုအခါလူတို့ကယောရှုအား``အကျွန်ုပ်တို့ သည်အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်၍ ကိုယ်တော်၏ စကားတော်ကိုနားထောင်ပါမည်'' ဟုကတိ ပေးကြ၏။