သို့ရာတွင်ဣရှမေလနှင့် သူ၏လူရှစ်ယောက်တို့ မူကား ယောဟနန်ထံမှတိမ်းရှောင်ကာအမ္မုန် ပြည်သို့လွတ်မြောက်သွားကြ၏။
နာ သ နိ သား ဣ ရှ မေ လ မူ ကား၊ သူ ရဲ ရှစ် ယောက် တို့ ပါ၊ ယော ဟ နန် လက် မှ လွတ် မြောက် လျက်၊ အ မ္မုန် အ မျိုး သား တို့ ပြည် သို့ သွား ရောက် လေ ၏။
နာသနိသား ဣရှမေလသည် လူရှစ်ယောက်နှင့် တကွ၊ ယောဟနန်လက်မှ လွတ်ပြေး၍၊ အမ္မုန်အမျိုးသားတို့ထံသို့ သွားလေ၏။
နေသနိ၏သားဣရှမေလမူကား လူရှစ်ယောက်နှင့်အတူ ယောဟနန်ထံမှ အမ္မုန်အမျိုးသားတို့ပြည်သို့ ထွက်ပြေးလွတ်မြောက်သွား၏။
သူတို့အသီးသီးတစ်ယောက်ကျသတ်ဖြတ် ကြ၏။ ထိုအခါရှုရိတပ်သားတို့သည်ထွက်ပြေး ကြသဖြင့် ဣသရေလတပ်မတော်သည်သူတို့ နောက်မှအပြင်းလိုက်ကြ၏။ ထို့ကြောင့်ဗင်္ဟာဒဒ် သည်မြင်းတပ်သားအချို့နှင့်အတူမြင်းစီး၍ ထွက်ပြေးလေသည်။-
သို့ရာတွင်သတ္တမလသို့ရောက်သောအခါမင်း မျိုးမင်းနွယ်ဖြစ်သူ ဧလိရှမာ၏မြေး၊ နာသနိ ၏သား၊ ဣရှမေလသည်လူတစ်ကျိပ်နှင့်မိဇပါ မြို့သို့သွားပြီးလျှင် ဂေဒလိကိုလုပ်ကြံလေ သည်။ သူသည်ဂေဒလိနှင့်အတူရှိနေသည့် ဣသရေလအမျိုးသားများနှင့် ဗာဗုလုန် အမျိုးသားတို့ကိုလည်းသတ်ဖြတ်လိုက်၏။-
ဖျက်ဆီးရာနေ့ရက်ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူတို့လက္ခဏာသက်သေများကို မသိကြသလော။
လူအသက်ကို ညှဉ်းဆဲသောသူသည် သင်္ချိုင်း တွင်းသို့ ပြေးပါလေစေ။ အဘယ်သူမျှ မဆီးတားစေနှင့်။
ယောဟနန်ရှိရာသို့လှည့်၍ပြေးလာကြလေ သည်။-
နသနိ၏သားဣရှမေလနှင့်သူ၏လူဆယ် ယောက်သည် မိမိတို့ဋ္ဌားများကိုဆွဲထုတ်ပြီး နောက် ပြည်နယ်ဘုရင်ခံအဖြစ်ဗာဗုလုန် ဘုရင်ခန့်ထားသည့်ဂေဒလိကိုခုတ်သတ် ကြကုန်၏။-
သူ၏လက်မှတန်းလန်းကျနေသောမြွေ ကိုကျွန်းသူကျွန်းသားတို့မြင်လျှင် ``ဤသူ ကားသူသတ်သမားဖြစ်တန်ရာ၏။ ပင်လယ် တွင်အသက်ဘေးမှလွတ်မြောက်ခဲ့သော်လည်း တရားမျှတမှုကသူ့အားအသက်ရှင် ခွင့်မပြု'' ဟုအချင်းချင်းပြောဆိုကြ၏။-
ဒါဝိဒ်သည်နောက်တစ်နေ့အရုဏ်တက်ချိန်မှအစ ပြု၍ညဥ့်ဦးတိုင်အောင် သူတို့အားတိုက်ခိုက်ရာ ကုလားအုတ်စီးသူလူငယ်လေးရာမှလွဲ၍ အခြားအဘယ်သူမျှထွက်မပြေးနိုင်ချေ။-