ကမ္ဘာမြေကြီးသည်အသွင်သဏ္ဌာန်ဟူ၍မရှိ။ လဟာသက်သက်ဖြစ်၏။ သမုဒ္ဒရာရေပြင် ကြီးကိုမှောင်အတိဖုံး၍ရေပြင်ပေါ်၌ ဘုရားသခင်၏တန်ခိုးတော် လှုပ်ရှားလျက်ရှိ၏။-
ယေရမိ 4:23 - Common Language Bible ငါသည်၊ကမ္ဘာမြေကြီးကိုကြည့်လိုက်သော အခါ ယင်းသည်ပုံသဏ္ဌာန်ကင်းမဲ့လျက်နေ၏။ မိုးကောင်းကင်ကိုကြည့်သောအခါ၌လည်း အလင်းရောင်မတွေ့ရ။ Garrad Bible မြေ ပ ထ ဝီ ကို ငါ မြင် ရ လျက်၊ ပုံ သ ဏ္ဌာန် မ ရှိ၊ လ ဟာ သက် သက် ဖြစ် သည် တ ကား။ မိုး ကောင်း ကင် ကို မြင် ရ လျက်၊ အ လင်း မ ရှိ သည် တ ကား။ Judson Bible ငါသည် မြေကြီးကိုကြည့်ရှု၍ လွတ်လပ်လဟာဖြစ်၏။ မိုးကောင်းကင်ကိုလည်း ငါကြည့်ရှု၍ အလင်းမရှိ။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် မြေကြီးကိုကြည့်လိုက်သော် ၎င်းသည် အသွင်သဏ္ဌာန်မရှိ၊ လဟာသက်သက်ဖြစ်၏။ မိုးကောင်းကင်သည်လည်း အလင်းမရှိ။ |
ကမ္ဘာမြေကြီးသည်အသွင်သဏ္ဌာန်ဟူ၍မရှိ။ လဟာသက်သက်ဖြစ်၏။ သမုဒ္ဒရာရေပြင် ကြီးကိုမှောင်အတိဖုံး၍ရေပြင်ပေါ်၌ ဘုရားသခင်၏တန်ခိုးတော် လှုပ်ရှားလျက်ရှိ၏။-
ကြယ်နက္ခတ်အပေါင်းတို့သည်မတောက်ဘဲ နေလိမ့်မည်။ နေထွက်လာသောအခါမှောင် လျက်နေလိမ့်မည်။ လသည်လည်းအလင်း ရောင်ကိုပေးလိမ့်မည်မဟုတ်။
ထိုကာလ၌သူတို့သည်ပင်လယ်မြည်ဟည်းသံ ကဲ့သို့ ကျယ်စွာဣသရေလပြည်တွင်ကြွေးကြော် ကြလိမ့်မည်။ ထိုပြည်ကိုကြည့်ရှုကြလော့။ ယင်း သည်မှောင်အတိ၊ ဆင်းရဲဒုက္ခအတိဖြစ်၍နေလိမ့် မည်။ အလင်းကားအမှောင်တွင်ကွယ်ပျောက် သွားလေတော့သတည်း။
သို့ဖြစ်၍ငါထာဝရဘုရားသည်မိုးကောင်းကင်အား ထိတ်လန့်တုန်လှုပ်အံ့သြတွေဝေ၍သွားစေရန် အမိန့်ပေးတော်မူပြီ။
ယေရမိက``တောင်ရိုးများအတွက်ငါမြည် တမ်းမည်။ မြက်ခင်းများအတွက်ငါငိုကြွေးမည်။ အဘယ်ကြောင့်ဆိုသော်စားကျက်တို့သည် ခြောက်သွေ့သွား၍ ဖြတ်သန်းသွားလာမည့်သူကင်းမဲ့လျက် နေသောကြောင့်ဖြစ်၏။ သိုးနွားမြည်သံကိုမကြားရကြတော့ပေ။ ငှက်များ၊တောတိရစ္ဆာန်များသည်လည်း ထွက်ပြေးကြလေပြီ'' ဟုဆို၏။
ကိုယ်တော်သည်ငါ့ကိုပို၍ပို၍မှောင်မိုက်သော နေရာထဲသို့ရောက်ရှိစေတော်မူလျက်၊
သူတို့ချဉ်းကပ်လာချိန်၌မြေငလျင်လှုပ် လေ၏။ မိုးကောင်းကင်သည်လည်းတသိမ့်သိမ့်တုန်၍ သွားလေ၏။ နေနှင့်လသည်မှောင်မိုက်လျက်နေကာကြယ် တာရာ များသည်လည်းမထွန်းမလင်းကြတော့ချေ။
ငါသည်ထိုနေ့တွင်မွန်းတည့်အချိန်၌နေကို ဝင်စေပြီးနေ့အချိန်မှာပင် မြေတစ်ပြင်လုံး ၌အမှောင်ဖုံးသွားစေမည်ဟုအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။-
ထိုအချိန်ကာလကျရောက်လာသောအခါ ချမ်းဧမှု သို့မဟုတ်ဆီးနှင်းများကျမှု ရှိတော့မည်မဟုတ်။-
``ထိုသို့ဆင်းရဲဒုက္ခများကျရောက်လာပြီးနောက် ချက်ချင်းပင်နေသည်မှောင်မိုက်သွားလိမ့်မည်။ လ သည်အလင်းရောင်ပေးလိမ့်မည်မဟုတ်။ ကြယ်များ သည်ကောင်းကင်မှကြွေလိမ့်မည်။ ကောင်းကင်နက္ခတ် များသည်လမ်းပြောင်းကြလိမ့်မည်။-
ထိုနောက်ပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ယင်း ပလ္လင်ပေါ်တွင်စံနေတော်မူသောအရှင်ကို လည်းကောင်းငါမြင်ရ၏။ ထိုအရှင်၏ရှေ့ တော်မှောက်မှာကမ္ဘာမြေကြီးနှင့်မိုးကောင်း ကင်သည်လျင်မြန်စွာရွေ့လျားပျောက်လွင့် ၍သွားကြကုန်၏။-