ထိုအချိန်အတောအတွင်းအီဂျစ်၌မိဒျန် အမျိုးသားတို့သည် ဖာရောဘုရင်၏အရာရှိ တစ်ဦးဖြစ်သူကိုယ်ရံတော်တပ်မှူးပေါတိဖာ ထံ၌ယောသပ်အားရောင်းကြလေသည်။
ယေရမိ 39:9 - Common Language Bible နောက်ဆုံး၌တပ်မှူးနေဗုဇာရဒန်သည်မြို့ တွင်း၌ကျန်ရှိနေသူတို့အား မိမိထံသို့ ထွက်ပြေးလာကြသူတို့နှင့်အတူ သုံ့ပန်း များအဖြစ်ဖြင့်ဗာဗုလုန်မြို့သို့ခေါ် ဆောင်သွားလေ၏။- Garrad Bible ကိုယ် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် သည် မြို့ တွင်း၌ ကြွင်း ကျန် သော မြို့ သူ မြို့ သား တို့ ကို လည်း ကောင်း၊ ဘက် တော် သို့ ကူး ဝင် သူ တို့ ကို လည်း ကောင်း၊ ဗာ ဗု လုန် မြို့ သို့ သိမ်း သွား လျက် ဥ စ္စာ မဲ့ ဆင်း ရဲ သား တို့ အား Judson Bible ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာကျန်ကြွင်းသောသူ၊ ခါလဒဲလူဘက်သို့ ကူးသွားနှင့်သောသူ၊ ကျန်ကြွင်းသမျှသော သူတို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲမှကြွင်းကျန်သူများ၊ သူ့ထံခိုလှုံလာသူများ၊ အသက်ရှင်ကျန်ရစ်သူများကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားလေ၏။ |
ထိုအချိန်အတောအတွင်းအီဂျစ်၌မိဒျန် အမျိုးသားတို့သည် ဖာရောဘုရင်၏အရာရှိ တစ်ဦးဖြစ်သူကိုယ်ရံတော်တပ်မှူးပေါတိဖာ ထံ၌ယောသပ်အားရောင်းကြလေသည်။
အရှင့်သားမြေးအရင်းအချာအချို့တို့သည် လည်းအဖမ်းခံရလျက် ဗာဗုလုန်ဘုရင်၏နန်း တော်တွင် မိန်းမစိုးများအဖြစ်ဖြင့်အမှုထမ်း ရကြလိမ့်မည်ဖြစ်ကြောင်း အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူပါ၏'' ဟုဆင့် ဆိုလေသည်။
ထိုနောက်နေဗုဇာရဒန်သည်မြို့ထဲတွင်ကျန် ရှိနေသေးသူများ၊ ကြွင်းကျန်သောအတတ် ပညာသည်များနှင့် ဗာဗုလုန်ဘုရင်ဘက်သို့ ကူးဝင်လာသူများအားဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။-
ဗာဗုလုန်ဘုရင်ရှိရာဟာမတ်ပြည်ရိဗလ မြို့သို့ခေါ်ဆောင်သွားရာမင်းကြီးသည် ထိုမြို့ တွင်သူတို့အားဒဏ်ပေးပြီးမှကွပ်မျက်လိုက်၏။ သို့ဖြစ်၍ယုဒပြည်သူတို့သည်တိုင်းတစ်ပါး သို့ပြည်နှင်ဒဏ်ခံရကြလေသတည်း။
ထို့ကြောင့်သင်တို့သည်သုံ့ပန်းများအဖြစ် ဖြင့်ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံရ ကြလိမ့်မည်။ သင်တို့၏ခေါင်းဆောင်များသည် အစာငတ်၍သေဆုံးကြလိမ့်မည်။ လူအပေါင်း တို့သည်ရေငတ်ကြလိမ့်မည်။-
သင်တို့အားလောက်လွှဲမှလောက်စာလုံးကိုပစ် သကဲ့သို့ ထာဝရဘုရားသည်သင်တို့အား ဤပြည်မှပယ်ထုတ်တော်မူလိမ့်မည်။ သင်တို့ သည်အဖမ်းခံရသောကြောင့်စိတ်ပျက်ကြ လိမ့်မည်။ ဤကားထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏။
ထို့ကြောင့်ငါသည်သင်တို့အားသင်တို့နှင့်သင် တို့ဘိုးဘေးများမရောက်ဘူးသည့်ပြည်သို့ နှင်ထုတ်မည်။ ထိုပြည်တွင်သင်တို့သည်အခြား ဘုရားများကို နေ့ရောညဥ့်ပါဝတ်ပြုကိုး ကွယ်ကြလိမ့်မည်။ ငါ၏ကျေးဇူးကရုဏာ တော်ကိုအဘယ်သို့မျှ သင်တို့ခံစားရကြ လိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ပြောကြားလော့'' ဟုမိန့်တော်မူ၏။
``ယုဒဘုရင်ဇေဒကိ၊ သူ၏အခြွေအရံ မှူးမတ်များနှင့် ဤပြည်တွင်ကျန်ရစ်ခဲ့သူ သို့မဟုတ်အီဂျစ်ပြည်သို့ပြောင်းရွှေ့သွား သူ၊ ယေရုရှလင်မြို့သားတို့ကိုမူကား ငါ ထာဝရဘုရားသည်စား၍မရနိုင်လောက် အောင်ပုပ်နေသည့်သင်္ဘောသဖန်းသီးများ ကဲ့သို့ရှုမှတ်မည်။-
သို့ရာတွင်ဇေဒကိမင်းက``ဗာဗုလုန်အမျိုး သားတို့ဘက်သို့ထွက်ပြေးကြသောယုဒ အမျိုးသားတို့ကိုငါကြောက်၏။ အကယ် ၍ငါသည်သူတို့လက်သို့အအပ်ခံရခဲ့ သော်သူတို့သည်ငါ့အားအပြင်းအထန် ညှင်းဆဲကြလိမ့်မည်'' ဟုဆို၏။
တပ်မှူးနေဗုဇာရဒန်သည်ငါ့အားရာမမြို့ တွင်အနှောင်အဖွဲ့မှဖြေလွှတ်ပြီးသောအခါ ထာဝရဘုရားသည်ငါ့ကိုဗျာဒိတ်ပေးတော် မူ၏။ ငါသည်ဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ်ဆောင် လာသော အခြားယေရုရှလင်မြို့သူမြို့သား များ၊ ယုဒပြည်သားများနှင့်အတူထိုမြို့ သို့လိုက်ပါလာခဲ့ရလေသည်။
ယုဒတပ်မတော်အရာရှိအချို့နှင့်စစ်သူရဲ အချို့တို့သည်လက်နက်မချခဲ့ကြချေ။ သူ တို့သည်အဟိကံ၏သားဂေဒလိကိုဗာဗု လုန်ဘုရင်ခံအဖြစ်ခန့်ထားပြီးလျှင် ဗာဗုလုန် မြို့သို့သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းမခံရကြ သူတို့အားအုပ်စိုးစေတော်မူကြောင်းကြားသိ ကြ၏။ ဤသူတို့ကားတိုင်းပြည်တွင်အဆင်းရဲ ဆုံးသောသူများဖြစ်သတည်း။-
နေဗုဇရဒန်သည်ထိုသူတို့ကိုဗာဗုလုန် ဘုရင်ရှိရာရိဗလမြို့သို့ခေါ်ဆောင်သွားရာ၊-
မင်းကြီးသည်ဟာမတ်နယ်မြေရိဗလမြို့ ၌ သူတို့အားရိုက်နှက်၍ကွပ်မျက်စေတော် မူ၏။ ဤသို့လျှင်ယုဒပြည်သားတို့သည်သုံ့ပန်း များအဖြစ်နှင့် မိမိတို့ပြည်မှသိမ်းသွား ခြင်းကိုခံရကြလေသည်။-
ထိုအခါဒံယေလသည်ကွပ်မျက်မှုကို တာဝန်ယူဆောင်ရွက်ရမည့်သူ ဘုရင့်ကိုယ်ရံ တော်တပ်မှူးအာရုတ်ထံသို့သွားရောက်၍၊ အာရုတ်အား``မင်းကြီးသည်အဘယ်ကြောင့် ဤသို့ပြင်းထန်သည့်အမိန့်ကိုထုတ်ဆင့် တော်မူပါသနည်း'' ဟုပါးနပ်လိမ္မာစွာ မေး၏။ အာရုတ်သည်လည်း ဖြစ်ပျက်သည့် အကြောင်းအရာကိုဒံယေလအားပြော ပြ၏။
ငါသည်သင်တို့ကိုစစ်ဘေးစစ်ဒဏ်သင့်စေပြီး လျှင် သင်တို့အားအခြားနိုင်ငံများသို့ပြန့်နှံ့ နေထိုင်စေမည်။ သင်တို့၏ပြည်သည်လူသူ ကင်းမဲ့၍ သင်တို့၏မြို့များသည်လည်းပျက်စီး ယိုယွင်းလိမ့်မည်။-
ထာဝရဘုရားသည် သင်တို့ကိုနိုင်ငံအနှံ့ အပြားတွင်ကွဲလွင့်နေထိုင်စေတော်မူလိမ့် မည်။ ထိုနိုင်ငံတွင် သင်တို့၏လူဦးရေအနည်း ငယ်မျှသာကျန်ကြွင်းလိမ့်မည်။-