ယေရမိ 40:7 - Common Language Bible7 ယုဒတပ်မတော်အရာရှိအချို့နှင့်စစ်သူရဲ အချို့တို့သည်လက်နက်မချခဲ့ကြချေ။ သူ တို့သည်အဟိကံ၏သားဂေဒလိကိုဗာဗု လုန်ဘုရင်ခံအဖြစ်ခန့်ထားပြီးလျှင် ဗာဗုလုန် မြို့သို့သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းမခံရကြ သူတို့အားအုပ်စိုးစေတော်မူကြောင်းကြားသိ ကြ၏။ ဤသူတို့ကားတိုင်းပြည်တွင်အဆင်းရဲ ဆုံးသောသူများဖြစ်သတည်း။- အခန်းကိုကြည့်ပါ။Garrad Bible7-8 တော ပုန်း တပ် မှူး ဖြစ် သူ၊ နာသ နိ သား ဣ ရှ မေ လ၊ ကာ ရာ့ သား ယော ဟ နန် နှင့် ယော န သန်၊ တာ နု မက် သား စ ရာ ယ၊ နေ တော ဖတ် မြို့ နေ ဧ ဖဲ သား များ နှင့် မာ ခ မြို့ သား ယေ ဇ နိ တို့ သည်၊ ကိုယ့် ပြည် ပေါ် တွင် လည်း ကောင်း၊ ဗာ ဗု လုန် မြို့ သို့ သိမ်း သွား မ ခံ ရ သူ ယောက်ျား၊ မိန်း မ၊ သူ ငယ် များ၊ ဆင်း ရဲ သော ပြည် သူ ပြည် သား တို့ အ ပေါ် တွင် လည်း ကောင်း၊ အ ဟိ ကံ့ သား ဂေ ဒ လိ ကို၊ ဗာ ဗု လုန် ဘု ရင် ခန့် ထား ခဲ့ ကြောင်း ကြား သိ လျှင်၊ အ ပေါင်း ပါ တို့ နှင့် တ ကွ၊ မိ ဇ ပါ မြို့ ရှိ ဂေ ဒ လိ ထံ လာ ရောက် ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible7 ဗာဗုလုန်ရှင်ဘုရင်သည် အဟိကံသားဂေဒလိကို ပြည်အုပ်အရာ၌ခန့်ထား၍၊ ဗာဗုလုန်မြို့သို့ သိမ်းယူရာ၌မပါသော ယောက်ျားမိန်းမ သူငယ်ဆင်းရဲသား အချို့တို့ကို သူ၌အပ်ကြောင်းကို၊ တောမှာရှိသော တပ်မှူးတို့နှင့် စစ်သူရဲများတို့သည် ကြားသိကြသောအခါ၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားခြင်းမခံရသော ဆင်းရဲသားပြည်သားများဖြစ်သည့် ယောက်ျား၊ မိန်းမ၊ ကလေးတို့ကို အုပ်ချုပ်ရန် ဘေဘီလုံဘုရင်သည် အဟိကံ၏သားဂေဒလိကို ခန့်ထားကြောင်း တောထဲ၌ခိုနေသော စစ်သည်အကြီးအကဲအပေါင်းတို့ ကြားသိသောအခါ အခန်းကိုကြည့်ပါ။ |
ထိုအခါစစ်သူရဲအပေါင်းတို့သည်မြို့ကို ဗာဗုလုန်တပ်သားများဝိုင်းရံလျက်ရှိသော် လည်း မြို့ရိုးကိုဖောက်၍ညဥ့်အခါထွက်ပြေး ကြ၏။ သူတို့သည်ဘုရင့်ဥယျာဉ်တော်လမ်း အတိုင်းသွားပြီးလျှင် မြို့ရိုးနှစ်ထပ်အကြား ရှိတံခါးပေါက်မှထွက်၍ယော်ဒန်ချိုင့်ဝှမ်း ဘက်သို့ပြေးကြ၏။-
ထိုနောက်ဣရှမေလသည် ဂေဒလိ၏စောင့် ရှောက်မှုကိုခံယူစေရန် တပ်မှူးနေဗုဇာရဒန် အပ်နှံထားသည့်ဘုရင့်သမီးတော်များနှင့် မိဇပါမြို့တွင်ကျန်ရှိနေသေးသူအပေါင်း တို့အားဖမ်းဆီးချုပ်နှောင်ပြီးလျှင် သုံ့ပန်း များအဖြစ်ဖြင့်အမ္မုန်ပြည်ရှိရာသို့ခေါ် ဆောင်သွားလေသည်။