ထိုသို့ပြုမိလျှင်၊ ကြီးသော ပရိတ်သတ်ရှေ့မှာ ငါ့မျက်နှာပျက်ပါစေ။ လူအမျိုးမျိုးတို့သည် ကဲ့ရဲ့၍ ငါ့အရှက်ကွဲပါစေ။ အိမ်ပြင်သို့မထွက်ဘဲ တိတ်ဆိတ်စွာ နေရပါစေ။
ယေရမိ 38:9 - Common Language Bible ``အရှင်မင်းကြီး၊ ဤသူတို့ပြုခဲ့ကြသည့် အမှုများသည်မှားပါ၏။ သူတို့သည်ယေရမိ အားရေတွင်းထဲသို့ချခဲ့ကြပါပြီ။ သူသည် ဧကန်မုချအစာငတ်၍သေရပါလိမ့်မည်။ မြို့တွင်း၌လည်းအစာရေစာမရှိတော့ ပါ'' ဟုလျှောက်လေ၏။- Garrad Bible အို အ ရှင် ဘု ရင် မင်း မြတ်၊ ဤ သူ တို့ သည် ပ ရော ဖက် ယေ ရ မိ ကို ရေ တွင်း သို့ ချ ၍ အ ဆိုး ပြု ကြ ပါ ပြီ။ မြို့ တော် တွင် ရိက္ခာ မ ရှိ သည့် အ တွက်၊ ထို တွင်း ၌၊ မွတ် သိပ် သေ ဆုံး တော့ မည် ဟု တင် လျှောက် သ ဖြင့်၊ Judson Bible အကျွန်ုပ်သခင် အရှင်မင်းကြီး၊ ထိုသူတို့သည် ပရောဖက်ယေရမိကို ပြုလေသမျှတို့၌ မှားကြပါပြီ။ မြေတွင်း၌ ချထားကြပါပြီ။ မြို့၌ မုန့်ကုန်သောကြောင့်၊ ထိုတွင်း၌ ငတ်မွတ်၍သေပါလိမ့်မည်ဟု လျှောက်သော်၊ မြန်မာ့စံမီသမ္မာကျမ်း “အကျွန်ုပ်၏အရှင်မင်းကြီး၊ ဤသူတို့သည် ပရောဖက်ယေရမိကို ရေတွင်းထဲပစ်ချခြင်းဖြင့် ဆိုးညစ်သောအမှုကို ပြုကြလေပြီ။ မြို့ထဲတွင်လည်း မုန့်မရှိတော့ပေ။ ထို့ကြောင့် ယေရမိသည် ထိုတွင်းထဲတွင် ငတ်မွတ်၍ သေရပါတော့မည်”ဟု လျှောက်ဆိုလေ၏။ |
ထိုသို့ပြုမိလျှင်၊ ကြီးသော ပရိတ်သတ်ရှေ့မှာ ငါ့မျက်နှာပျက်ပါစေ။ လူအမျိုးမျိုးတို့သည် ကဲ့ရဲ့၍ ငါ့အရှက်ကွဲပါစေ။ အိမ်ပြင်သို့မထွက်ဘဲ တိတ်ဆိတ်စွာ နေရပါစေ။
ရန်သူတို့သည်မြို့ကိုဝိုင်းရံတိုက်ခိုက်ကာ သူ တို့အားသတ်ဖြတ်ရန်ကြိုးစားကြလိမ့်မည်။ သူတို့သည်အချင်းချင်းတစ်ယောက်ကိုတစ် ယောက်စားကြလိမ့်မည်။ မိမိတို့သားသမီး များကိုပင်စားကြလိမ့်မည်'' ဟုဆင့်ဆို ပြောကြားရန်ငါ့အားမိန့်တော်မူ၏။
ထို့ကြောင့်ဇေဒကိမင်းသည်ငါ့အားနန်း တော်ဝင်းအတွင်း၌ချုပ်နှောင်ထားရန်အမိန့် ပေးတော်မူ၏။ ငါသည်မြို့တွင်း၌မုန့်များ ကုန်သည်အထိမုန့်ဖိုများမှနေ့စဉ်နေ့တိုင်း မုန့်တစ်လုံးကိုရရှိလေသည်။ ဤသို့လျှင် ငါသည်နန်းတော်ဝင်းအတွင်း၌နေရ သတည်း။
ထိုအခါမင်းကြီးသည်ဧဗဒမေလက်အား ထိုအရပ်တွင်ရှိသည့်လူသုံးယောက်ကိုခေါ် ယူကာ ယေရမိမသေမီရေတွင်းထဲမှဆယ် ယူစေတော်မူ၏။-
သို့ဖြစ်၍ဧဗဒမေလက်သည်နန်းတော်မှ ထိုအရပ်သို့သွားပြီးလျှင်မင်းကြီးအား၊-
သို့ရာတွင်သင့်အားငါထာဝရဘုရား ကွယ်ကာစောင့်ထိန်းတော်မူမည်ဖြစ်၍ သင် သည်မိမိကြောက်လန့်သည့်လူတို့၏လက် တွင်းသို့ကျရောက်ရလိမ့်မည်မဟုတ်။-
ထိုနှစ်စတုတ္ထလ၊ ကိုးရက်နေ့၌အစာငတ် မွတ်ခေါင်းပါးမှုသည်အလွန်ဆိုးရွား၍ လာသဖြင့် လူတို့တွင်အစာရေစာ အလျှင်းမရှိကြတော့ပေ။-
သူ၏မြို့သူမြို့သားတို့သည်အစားအစာ ရှာဖွေလျက် နေစဉ်ညည်းတွားကြ၏။ သူတို့သည်အသက်ဆက်လက်ရှင်နိုင်ရေးအတွက် မိမိတို့ဥစ္စာဘဏ္ဍာများကိုအစားအစာနှင့် လဲလှယ်ရကြ၏။ ထိုမြို့က``အို ထာဝရဘုရားကျွန်တော်မျိုးကို ကြည့်ရှုတော်မူပါ။ ကျွန်တော်မျိုးစိတ်ဆင်းရဲခြင်းခံနေရသည်ကို ကြည့်ရှုတော်မူပါ'' ဟုအော်ဟစ်တောင်းပန်၏။
သူတို့သည်ကျွန်တော်မျိုးအားအရှင်လတ်လတ် တွင်းထဲသို့ပစ်ချကာကျောက်တုံးနှင့် တွင်းဝကိုပိတ်ကြပါ၏။