ယေရမိ 38:27 - Common Language Bible
မှူးမတ်အပေါင်းတို့သည်ငါ့ထံလာ၍စစ် ဆေးမေးမြန်းကြ၏။ သို့ရာတွင်ငါသည် မိမိကိုမင်းကြီးသင်ကြားပေးထားသည့် အတိုင်းသာလျှင် တိကျစွာပြန်လည်ဖြေ ကြားလိုက်လေသည်။ အဘယ်သူမျှလည်း မင်းကြီးနှင့်ငါပြောဆိုသောစကားများ ကိုကြားခဲ့ရသူမရှိသဖြင့်သူတို့သည် အဘယ်သို့မျှမပြုနိုင်ကြတော့ချေ။
အခန်းကိုကြည့်ပါ။
ထို့ နောက်၊ မှူး မတ် တို့ သည်၊ ရောက် လာ မေး မြန်း ကြ ရာ၊ ဘု ရင် မင်း မိန့် မှာ သ မျှ အ တိုင်း သာ၊ ယေ ရ မိ ပြန် ပြော သ ဖြင့်၊ အ မှု အ ရေး မ ပေါ် ပေါက် သည့် အ တွက် ဆိတ် ဆိတ် ပြန် ကြ လေ ၏။
အခန်းကိုကြည့်ပါ။
ထိုအခါ မှူးမတ်အပေါင်းတို့သည် ယေရမိရှိရာသို့ လာ၍မေးစစ်ကြ၏။ သူသည်လည်း၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြန်ပြောပြီးမှ၊ သူတို့သည် မမေးမစစ်ဘဲနေကြ၏။ ထိုအမှုကို အဘယ်သူမျှ မရိပ်မိကြ။
အခန်းကိုကြည့်ပါ။
မှူးမတ်အပေါင်းတို့ကလည်း ယေရမိထံ လာ၍မေးမြန်းကြလေ၏။ သူကလည်း ရှင်ဘုရင်မှာထားသည့်အတိုင်း သူတို့အား ပြန်ပြော၏။ ရှင်ဘုရင်နှင့် ပြောဆိုခဲ့သောစကားများကို မည်သူမျှမကြားသိကြသောကြောင့် သူတို့လည်း ဆက်မမေးကြတော့ချေ။
အခန်းကိုကြည့်ပါ။