မနာရှေသည်ယုဒပြည်သူတို့အားရုပ်တုကိုး ကွယ်စေရန် ရှေ့ဆောင်လမ်းပြကာထာဝရဘုရား အားပြစ်မှားစေ၏။ ထို့အပြင်အပြစ်မဲ့သူလူ အမြောက်အမြားကိုသတ်၍ ယေရုရှလင်မြို့ လမ်းများတွင်သွေးချောင်းစီးစေလေသည်။
ယေရမိ 32:31 - Common Language Bible ဤမြို့ကိုတည်ထောင်သည့်နေ့မှအစပြု၍ မြို့သူမြို့သားတို့သည် ငါ၏အမျက်တော် ကိုပြင်းထန်စွာလှုံ့ဆော်ခဲ့ကြ၏။- Garrad Bible ဣ သ ရေ လ၊ ယု ဒ အ မျိုး သား တို့ နှင့် တ ကွ၊ ဘု ရင် များ၊ မှူး မတ် များ၊ ပ ရော ဟိတ် များ၊ ပ ရော ဖက် များ၊ ယေ ရု ရှ လင် မြို့ သူ ယု ဒ ပြည် သား များ ပါ၊ အ မျက် တော် တိုက် အောင် ပြု တတ် သော ဆိုး သွမ်း မှု ကြောင့်၊ မျက် မှောက် တော် မှ ငါ ပယ် ရှား ရ စေ ခြင်း ငှာ၊ တည် ထောင် သည့် နေ့ က စ၍ ယ ခု တိုင် အောင်၊ ဤ မြို့ သည် ငါ ၏ ဒေါ သ အ မျက် တိုက် ရာ တိုက် ကြောင်း ဖြစ် ရှာ လေ ပြီ။ Judson Bible ဣသရေလအမျိုးနှင့် ယုဒအမျိုး၏ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ‘ဤမြို့သည် တည်သည့်အချိန်မှစ၍ ယနေ့အထိ ငါ့အမျက်ဒေါသကို နှိုးဆော်လေပြီ။ ငါသည် ဤမြို့ကို ငါ့ရှေ့မှောက်မှဖယ်ရှားမည်။ |
မနာရှေသည်ယုဒပြည်သူတို့အားရုပ်တုကိုး ကွယ်စေရန် ရှေ့ဆောင်လမ်းပြကာထာဝရဘုရား အားပြစ်မှားစေ၏။ ထို့အပြင်အပြစ်မဲ့သူလူ အမြောက်အမြားကိုသတ်၍ ယေရုရှလင်မြို့ လမ်းများတွင်သွေးချောင်းစီးစေလေသည်။
သူသည်ဣသရေလအမျိုးသားတို့အားအပြစ် ကူးလွန်ရန် ရှေ့ဆောင်လမ်းပြသူ၊ နေဗတ်၏သား ယေရောဗောင်မင်းတည်ဆောက်ခဲ့သည့်ဗေသလ ဝတ်ပြုကိုးကွယ်ရာဌာနကိုလည်းဖြိုဖျက်လေ သည်။ ယောရှိသည်ယဇ်ပလ္လင်ကိုဖြိုချပြီးလျှင် အာရှရဘုရားမအားဆက်ကပ်ထားသော တံခွန်တိုင်ကိုမီးရှို့၏။-
ထာဝရဘုရားက``ငါသည်ဣသရေလပြည်ကို ပြုသကဲ့သို့ ယုဒပြည်ကိုလည်းပြုမည်။ ယုဒ ပြည်သူတို့ကို ငါ၏မျက်မှောက်တော်မှနှင်ထုတ် မည်။ ငါရွေးချယ်ထားသည့်ယေရုရှလင်မြို့နှင့် ငါ့အားဝတ်ပြုကိုးကွယ်ရမည့်ဌာနအဖြစ် ငါသတ်မှတ်ပေးသောဗိမာန်တော်ကိုပင်ငါ စွန့်ခွာမည်'' ဟုမိန့်တော်မူ၏။
ငါသည်သူတို့နှင့်တကွသူတို့၏ဘိုးဘေး များအား ပေးအပ်ခဲ့သည့်မြို့ကိုကောက်ယူ၍ အဝေးသို့ပစ်ထုတ်မည်။-
သူတို့သည်သင်တို့အားလိမ်လည်ဟောပြော လျက်နေကြ၏။ ထို့ကြောင့်သင်တို့သည်မိမိ တို့ပြည်မှရပ်ဝေးသို့ခေါ်ဆောင်ခြင်းကိုခံရ လိမ့်မည်။ ငါသည်လည်းသင်တို့ကိုနှင်ထုတ် မည်။ သင်တို့သည်သေကြေပျက်စီးကြလိမ့် မည်။-
သူ၏ဂုဏ်အသရေကင်းမဲ့ရလေပြီ။ အဝတ်အချည်းစည်းနှင့်စက်ဆုတ်ရွံရှာဖွယ် ဖြစ်၍နေ၏။ သူသည်ညည်းတွားကာရှက်သဖြင့်မျက်နှာကို အုပ်၍ထား၏။ ယေရုရှလင်မြို့သည်ဆိုးရွားသည့်အပြစ် ဒုစရိုက်အားဖြင့်မိမိကိုယ်ကိုညစ်ညမ်း စေခဲ့၏။
အို အရှင်ဘုရား၊ ကိုယ်တော်သည်အတိတ် ကာလက အကျွန်ုပ်တို့အားကာကွယ်စောင့် ရှောက်တော်မူခဲ့ပါ၏။ သို့ဖြစ်၍ယေရုရှလင် မြို့ကိုဆက်လက်၍ အမျက်ဒေါသထွက်တော် မမူပါနှင့်။ ထိုမြို့သည်ကိုယ်တော်၏မြို့တော်၊ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်ဖြစ် ပါ၏။ အကျွန်ုတို့၏အပြစ်ဒုစရိုက်များ နှင့်ဘိုးဘေးတို့ပြုခဲ့သည့်မကောင်းမှုများ ကြောင့် အိမ်နီးချင်းတိုင်းပြည်များရှိလူ အပေါင်းတို့သည် ယေရုရှလင်မြို့နှင့်ကိုယ် တော်၏လူမျိုးတော်အားအထင်အမြင် သေးကြပါ၏။-
``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်တော် မူသောစေတမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မကြီးသည်ကြက်ကလေးများကိုမိမိ ၏အတောင်အောက်တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင့်ကိုယုယပိုက်ထွေးနိုင်ရန်ကြိမ် ဖန်များစွာကြိုးစားခဲ့လေပြီ။ သို့ရာတွင်သင် သည်ငါ့ကိုအခွင့်မပေးခဲ့။-