သင်မြင်သမျှမြေကိုငါသည်သင်၏အဆက်အနွယ်တို့အားထာဝစဉ်အပိုင်စားပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းမရေမတွက်နိုင်အောင်များပြားစေမည်။-
ယေရမိ 32:22 - Common Language Bible ကိုယ်တော်ရှင်သည် သူတို့၏ဘိုးဘေးများ အားကတိထားတော်မူခဲ့သည့်အတိုင်းချမ်း သာကြွယ်ဝ၍ အသီးအနှံပေါများသည့် ဤပြည်တော်ကိုသူတို့အားပေးအပ်တော် မူပါ၏။- Garrad Bible ပေး မည် ဟု ဘိုး ဘေး တို့ အား သ စ္စာ ဆို ခဲ့ သည့် အ တိုင်း၊ နို့ ရည်၊ ပျား ရည် လွှမ်း စီး ရာ ဤ ပြည် ကို ပေး သ နား သော အို အ ရှင် ထာ ဝ ရ ဘု ရား၊ Judson Bible ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်တည်းဟူသော၊ နို့နှင့်ပျားရည်စီးသော ဤပြည်ကို ပေးသနားတော်မူသဖြင့်၊ မြန်မာ့စံမီသမ္မာကျမ်း ဘိုးဘေးတို့အားပေးမည်ဟု ကျိန်ဆိုတော်မူသည့် နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့အား ပေးတော်မူ၏။ |
သင်မြင်သမျှမြေကိုငါသည်သင်၏အဆက်အနွယ်တို့အားထာဝစဉ်အပိုင်စားပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းမရေမတွက်နိုင်အောင်များပြားစေမည်။-
ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရား သည်ငါ၏ဖခင်နှင့်ဆွေမျိုးများနေထိုင်ရာပြည် မှ ငါ့ကိုခေါ်ဆောင်ခဲ့၍ငါ၏အမျိုးအနွယ်တို့ အား ဤပြည်ကိုပေးမည်ဟုငါ့အားကတိသစ္စာ ပြုထားတော်မူ၏။ သင်သည်ငါ့သားအတွက် မယားရှာ၍ရစေခြင်းငှာ ထာဝရဘုရားသည် မိမိ၏ကောင်းကင်တမန်ကိုသင့်အလျင်ထို ပြည်သို့စေလွှတ်တော်မူမည်။-
ယောသပ်ကသူ၏ညီအစ်ကိုတို့အား``ကျွန်ုပ် သည်သေရတော့အံ့။ ကျွန်ုပ်မရှိသော်လည်း ဘုရားသခင်သည်သင်တို့အားအမှန်မုချ ကြည့်ရှုစောင့်ရှောက်တော်မူလိမ့်မည်။ သင်တို့ ကိုဤပြည်မှထုတ်ဆောင်၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟုကျိန်ဆိုကတိ ထားတော်မူသောပြည်သို့ခေါ်ဆောင်သွား တော်မူလိမ့်မည်'' ဟုဆို၏။-
``သူတို့ဆာလောင်မွတ်သိပ်ကြသောအခါ မိုးကောင်းကင်မှအစားအစာကိုချပေး တော်မူ၍ ရေငတ်ကြသောအခါကျောက်ဆောင်ထဲမှ ထွက်သောရေကိုပေးတော်မူပါ၏။ ကိုယ်တော်ပေးတော်မူမည်ဟု ကတိထားသောပြည်ကိုသိမ်းပိုက်ရန် သူတို့အား မိန့်တော်မူပါ၏။
ထာဝရဘုရားသည်ခါနန်အမျိုးသား၊ ဟိတ္တိ အမျိုးသား၊ အာမောရိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင် ရာပြည်ကို သင်တို့အားပေးမည်ဟုသင်တို့၏ ဘိုးဘေးတို့ကိုခိုင်မြဲသောသစ္စာကတိထား တော်မူခဲ့၏။ ကိုယ်တော်ပို့ဆောင်၍သင်တို့သည် အစာရေစာပေါကြွယ်ဝ၍မြေသြဇာထက် သန်သောပြည်သို့ရောက်ရှိသောအခါ နှစ်စဉ် ပထမလတွင်ဤပွဲတော်ကိုကျင်းပရမည်။-
ငါသည်သင်တို့နှိပ်စက်ညှင်းဆဲခြင်းခံရ သောအီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင် ၍၊ ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့ နေထိုင်ရာပြည်သို့ပို့ဆောင်မည်။ ထိုပြည်သည် မြေသြဇာထက်သန်၍အစာရေစာပေါ ကြွယ်ဝ၏ ဟူ၍မိန့်တော်မူကြောင်းပြော ပြလော့။
အီဂျစ်အမျိုးသားတို့လက်တွင်းမှသူတို့ အားကယ်တင်ပြီးလျှင် ထိုပြည်မှထုတ်ဆောင် လျက်မြေသြဇာထက်သန်၍ကျယ်ပြန့်သော ပြည်သို့ပို့ဆောင်ရန်ငါကြွဆင်းလာပြီ။ ထို ပြည်သည်မြေသြဇာထက်သန်၍အစာရေ စာပေါကြွယ်ဝ၏။ ထိုပြည်တွင်ခါနာန်အမျိုး သား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင်ကြ၏။-
ထိုနောက်ယခုသူတို့နေထိုင်လျက်ရှိရာနို့ နှင့်ပျားရည်စီးသည့်ပြည်ကို သူတို့၏ဘိုး ဘေးများအားပေးအပ်ရန်ငါပြုခဲ့သည့် သစ္စာကတိကိုလည်းတည်စေမည်ဖြစ် ကြောင်းသူတို့အားငါပြောကြားခဲ့၏။ ငါက``မှန်လှပါ၊ အို ထာဝရဘုရား'' ဟု လျှောက်လေ၏။
သို့ဖြစ်၍အသာယာဆုံးသောပြည်၊ နို့နှင့် ပျားရည်စီးနေသောပြည်တည်းဟူသော ငါပေးအပ်ခဲ့သည့်ပြည်သို့ သူတို့အားပို့ ဆောင်တော့မည်မဟုတ်ဟုငါသည်တော ကန္တာရတွင်ကျိန်ဆိုခဲ့၏။-
သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင်ကာ သူတို့အတွက်ရွေးချယ်ထားသောပြည်သို့ ခေါ်ယူသွားမည်ဟု ငါကတိပေးကျိန်ဆို ခဲ့သည်မှာထိုအခါကဖြစ်၏။ ထိုပြည်ကား နို့နှင့်ပျားရည်စီးဆင်းနေ၍ပေါများသော ပြည်၊ အသာယာဆုံးသောပြည်ဖြစ်၏။-
ကိုယ်တော်သည်ပေးမည်ဟုကတိထားတော်မူ သောပြည်သို့မပို့ဆောင်နိုင်သောကြောင့် ဤသူ တို့ကိုတောကန္တာရ၌အဆုံးစီရင်တော်မူ သည်ဟုပြောကြပါလိမ့်မည်။-
သင်တို့ကိုနေထိုင်စေမည်ဟုကတိထား သောပြည်သို့ ကာလက်နှင့်ယောရှုမှတစ်ပါး မည်သူမျှမဝင်ရ။-
ကိုယ်တော်က`သင်တို့၏ဘိုးဘေးတို့အားငါပေး မည်ဟူ၍ကတိထားသောမြေသြဇာကောင်း သည့်ပြည်သို့ ဆိုးယုတ်သောဤလူမျိုးဆက်ထဲ မှတစ်ဦးတစ်ယောက်မျှမဝင်ရ။-
သင်တို့၏ဘိုးဘေးများဖြစ်ကြသောအာဗြ ဟံ၊ ဣဇာက်၊ ယာကုပ်မှစ၍သူတို့၏အဆက် အနွယ်တို့အား ဤဒေသအားလုံးကိုပေး မည်ဟု ငါထာဝရဘုရားကတိထားတော် မူခဲ့သည်။ သင်တို့သွား၍သိမ်းယူကြလော့' ဟူ၍မိန့်တော်မူသည်'' ဟုဆို၏။
``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့၏ဘိုးဘေးများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကတိ ထားတော်မူသည်အတိုင်း သင်တို့ကိုယ်တိုင် မတည်ဆောက်သည့်စည်ပင်သာယာသော မြို့ကြီးများကို သင်တို့အားပေးတော်မူ မည်။-
သင်တို့သည်ထာဝရဘုရား၏ရှေ့တော်တွင် သင့်မြတ်မှန်ကန်သောအမှုတို့ကိုပြုလျှင် အရာရာ၌အောင်မြင်လိမ့်မည်။ သင်တို့၏ ဘိုးဘေးတို့အား ထာဝရဘုရားကတိ ထားတော်မူသောသာယာဝပြောသည့် ပြည်ကိုသိမ်းနိုင်လိမ့်မည်။-
ငါတို့၏ဘိုးဘေးတို့အားကတိထားတော်မူ သည့်အတိုင်း ငါတို့ကိုအီဂျစ်အမျိုးသားတို့ ၏လက်မှလွတ်မြောက်စေပြီးလျှင် ဤပြည် တွင်နေထိုင်ရန်ပို့ဆောင်တော်မူ၏။-
ကိုယ်တော်သည်သင်တို့ကိုချစ်၍ကောင်းချီးပေး တော်မူသဖြင့် သင်တို့သည်လူဦးရေတိုးပွား၍ သားသမီးများစွာရကြလိမ့်မည်။ သင်တို့၏ လယ်ကွင်းများကိုကောင်းချီးပေးသဖြင့်အသီး အနှံ၊ စပျစ်ရည်၊ သံလွင်ဆီတို့အထွက်များ လိမ့်မည်။ သင်တို့ကိုကောင်းချီးပေးသဖြင့် သင် တို့တွင်သိုးနွားတိရစ္ဆာန်များတိုးပွားများပြား လိမ့်မည်။ သင်တို့ဘိုးဘေးတို့အားကတိထား သောပြည်သို့သင်တို့ရောက်ရှိသောအခါ ထို ကောင်းချီးမင်္ဂလာများကိုချပေးတော်မူလိမ့် မည်။-
``သင်တို့သည်အသက်ရှင်၍တိုးပွားများပြား လျက် သင်တို့၏ဘိုးဘေးတို့အား ထာဝရဘုရား ကတိထားတော်မူသောပြည်ကိုသိမ်းပိုက်နေ ထိုင်နိုင်ခြင်းအလို့ငှာ ယနေ့ငါပေးသောပညတ် ရှိသမျှကိုလိုက်နာရန်သတိပြုကြလော့။-
သင်သည်အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည်ဤသူတို့ကိုခေါင်းဆောင်၍သူတို့ ၏ဘိုးဘေးတို့အား ငါပေးမည်ဟုကတိ ထားသောပြည်ကိုဝင်ရောက်သိမ်းယူရ မည်။-
ဤကဲ့သို့ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့၏ဘိုးဘေးတို့အားပေးမည်ဟု ကတိထားတော်မူသောပြည်တစ်ပြည်လုံးကို သူတို့အားပေးတော်မူ၏။ သူတို့သည်ထိုပြည် ကိုသိမ်းပိုက်၍အခြေစိုက်နေထိုင်ကြလေ သည်။-