ထိုနောက်ကိုယ်တော်သည်မိမိ၏လူစုတော်ကို သိုးထိန်းသဖွယ်ရှေ့ဆောင်ကာတောကန္တာရကို ဖြတ်၍ပို့ဆောင်တော်မူ၏။
ယေရမိ 31:2 - Common Language Bible ငါသည်တောကန္တာရ၌အသက်ဘေးမှလွတ် မြောက်လာကြသူတို့အား ကရုဏာပြခဲ့၏။ ဣသရေလပြည်သားတို့သည်နားနေခွင့်ကို တောင့်တကြသောအခါ၊- Garrad Bible ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ဓား ဘေး လွတ် သူ ဣ သ ရေ လ လူ မျိုး သည်၊ တော အ ရပ် တွင် စိတ် တော် နှင့် တွေ့ ပြီ ဖြစ်၍ သက် သာ ရ စေ ခြင်း ငှာ ငါ ကြွ တော့ မည်။ Judson Bible တစ်ဖန်မိန့်တော်မူသည်ကား၊ ဓားဘေးနှင့် လွတ်သောသူတို့သည် တော၌ကျေးဇူးကိုခံရကြပြီ။ ငါသည် ကြွသွား၍ ဣသရေလအမျိုးကိုချမ်းသာပေးမည်။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက “ဓားဘေးမှအသက်ရှင်ကျန်ရစ်သောသူတို့သည် တောကန္တာရ၌ ကျေးဇူးတော်ခံစားရပြီ။ အစ္စရေးလူမျိုးတို့သည် ငြိမ်ဝပ်ချမ်းသာရာသို့ ချီလေပြီ”ဟု မိန့်တော်မူ၏။ |
ထိုနောက်ကိုယ်တော်သည်မိမိ၏လူစုတော်ကို သိုးထိန်းသဖွယ်ရှေ့ဆောင်ကာတောကန္တာရကို ဖြတ်၍ပို့ဆောင်တော်မူ၏။
ငါသည်သူတို့အားအမျက်ထွက်သဖြင့်``သင်တို့ စိတ်အေးချမ်းသာစွာနေထိုင်ရမည့်ပြည်ကို သင်တို့သည်အဘယ်အခါ၌မျှမဝင်ရကြ'' ဟုကျိန်ဆို၏။
``ဟေဗြဲအမျိုးသမီးတို့ကိုသားဖွားပေးရသည့်အခါ ယောကျာ်းကလေးဖြစ်လျှင်သတ်ပစ်လော့။ မိန်းကလေးဖြစ်လျှင်အသက်ချမ်းသာခွင့်ပေးလော့။'' ဟုအမိန့်ပေးလေ၏။-
သို့ဖြစ်၍ဖာရောဘုရင်သည်``ဟေဗြဲအမျိုးသမီးတို့မှဖွားမြင်သော သားယောကျာ်းမှန်သမျှတို့ကိုနိုင်းမြစ်ထဲသို့ပစ်ချရမည်။ သမီးမိန်းကလေးများကိုမူအသက်ချမ်းသာပေးရမည်'' ဟုမိမိ၏ပြည်သူပြည်သားတို့အားအမိန့်ပေးလေ၏။
ဣသရေလအမျိုးသားတို့သည်ရာမသက် မြို့မှ သုကုတ်မြို့သို့ခြေလျင်ခရီးဖြင့်ထွက်ခွာ လာခဲ့ကြ၏။ အရေအတွက်အားဖြင့်အမျိုး သမီးနှင့်ကလေးများမပါဘဲ စုစုပေါင်း လူခြောက်သိန်းမျှရှိလေသည်။-
ကာလအတန်ကြာသော် အီဂျစ်ပြည်ဘုရင် အနိစ္စရောက်လေ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် ကျွန်ခံရသောဒဏ်ကြောင့် ညည်းညူလျက်ရှိရကြသေး၏။ ကျွန်ခံရ သောဘဝမှလွတ်မြောက်ရေးအတွက် သူတို့ အော်ဟစ်တောင်းလျှောက်သောအသံသည် ဘုရားသခင်ထံတော်သို့ရောက်လေ၏။-
ထိုအခါထာဝရဘုရားက``ငါသည်သင် နှင့်အတူကြွသွား၍၊ သင့်အားအောင်မြင် ခွင့်ပေးမည်'' ဟုမိန့်တော်မူ၏။
``ဖာရောဘုရင်နှင့်သူ၏အရာရှိတို့ကကျွန်ုပ် တို့အားရွံမုန်းလာစေရန် သင်တို့ပြုလုပ်သည့် အတွက်ကြောင့်ထာဝရဘုရားသည်သင်တို့ အားစီရင်တော်မူပါစေသော။ ကျွန်ုပ်တို့အား သတ်ရန်သင်တို့သည်သူတို့လက်၌ဋ္ဌားကို အပ်ပေးလေပြီ'' ဟုဆိုကြ၏။
``သင်သည်ယေရုရှလင်မြို့သို့သွား၍ ထိုမြို့ တွင်နေထိုင်သူအပေါင်းတို့အားဤသတင်း စကားကိုပြန်ကြားလော့။'' သင်တို့သည်ငယ်ရွယ်စဉ်အခါကအဘယ်သို့ သစ္စာရှိခဲ့ကြသည်ကိုငါသတိရ၏။ သင်သည်သတို့သမီးကဲ့သို့ငါ့ကိုချစ်ခဲ့၏။ သင်တို့သည်စိုက်ပျိုးခြင်းမရှိသော တောကန္တာရတစ်လျှောက်လုံးကိုဖြတ်၍ ငါ၏အနောက်သို့လိုက်ခဲ့ကြ၏။
လူမျိုးတကာတို့နှင့်ဆိုင်သောတောကန္တာရ သို့ခေါ်ဆောင်၍ သင်တို့ကိုငါကိုယ်တိုင် အပြစ်ဒဏ်စီရင်မည်။-
ငါသည်သူတို့ကိုမေတ္တာဖြင့်ဆွဲဆောင်ခဲ့၏။ သူတို့ကိုပါးချင်းကပ်သည်တိုင်အောင်ပွေ့ချီ၏။ ငါသည်ကိုယ်ကိုညွတ်၍သူတို့ကိုကျွေးမွေး ပြုစုခဲ့၏။
ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရား၏သိနာတောင်တော်မှထွက်ခွာ၍ သုံး ရက်ကြာမျှခရီးပြုလေသည်။ သူတို့စခန်း ချရာအရပ်ကိုညွှန်ပြရန် ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်သည်သူတို့ရှေ့မှ အစဉ်သွားရ၏။-
ထိုအခါထာဝရဘုရားက``သင်တောင်းပန် သည့်အတိုင်း ငါသည်သူတို့၏အပြစ်ကို လွှတ်တော်မူမည်။-
လေးသောဝန်ထမ်းရ၍ပင်ပန်းသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်သုခချမ်းသာ ပေးမည်။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်နှင့်တောကန္တာရ၌သင်တို့အား စောင့်ရှောက်ခဲ့သည့်နည်းတူ ယခုလည်းသင်တို့ ကိုဦးဆောင်၍သင်တို့ဘက်၌စစ်ကူတိုက်တော် မူလိမ့်မည်။ အဖကသားကိုချီပိုက်သကဲ့သို့ ထာဝရဘုရားသည်သင်တို့အားချီပိုက်လျက် ဤအရပ်သို့ရောက်ရှိသည့်တိုင်အောင်ပို့ဆောင် တော်မူခဲ့ကြောင်းကို သင်တို့သိမြင်ရကြပြီ' ဟူ၍ပြောခဲ့သည်။-
သင်တို့အပေါင်းသည်မိမိနှစ်သက်ရာနည်း ဖြင့် ယနေ့တိုင်အောင်ကိုယ်တော်ကိုကိုးကွယ် လျက်ရှိကြ၏။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုခဲ့လေသမျှကိုအဘယ်သို့ကောင်း ချီးပေးတော်မူခဲ့သည်ကို သတိရကြလော့။ ဤကျယ်ပြန့်သောတောကန္တာရကိုလှည့်လည်ဖြတ် သန်းရာခရီး၌ သင်တို့ကိုစောင့်ရှောက်တော်မူ ခဲ့ပြီ။ ကိုယ်တော်သည်နှစ်ပေါင်းလေးဆယ်ပတ် လုံးသင်တို့နှင့်အတူရှိတော်မူသဖြင့် သင် တို့လိုအပ်သမျှကိုရရှိခဲ့ကြပြီ။''
တောကန္တာရထဲတွင်သင်တို့၏ဘိုးဘေးများမစား ဘူးသောမန္နမုန့်ကိုကျွေးတော်မူ၏။ နောက်ဆုံး၌ သင်တို့ကောင်းချီးခံစားရစေရန် သင်တို့အား ဆင်းရဲဒုက္ခရောက်စေတော်မူ၏။ ထိုသို့ဆင်းရဲဒုက္ခ ရောက်စေရခြင်းအကြောင်းမှာ သင်တို့ကိုစစ် ဆေးရန်ဖြစ်၏။-
``ယော်ဒန်မြစ်အရှေ့ဘက်ရှိနယ်မြေကိုသင် တို့နေထိုင်ရန်အတွက် သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးမည်ဟုထာဝရဘုရား ၏အစေခံမောရှေမိန့်မှာခဲ့သည်ကိုသတိ ရကြလော့။-