ထိုအခါယာကုပ်သည်အလွန်ကြောက်ရွံ့၍ စိတ်ပူပန်သဖြင့် သူနှင့်အတူရှိသောသူတို့ ကိုလည်းကောင်း၊ သိုး၊ ဆိတ်၊ နွားနှင့်ကုလားအုတ် တို့ကိုလည်းကောင်းနှစ်စုခွဲ၍ထားလိုက်၏။-
ယေရမိ 30:7 - Common Language Bible ထိတ်လန့်ဖွယ်ကောင်းသည့်နေ့ရက်ကာလသည် ကျရောက်လာလိမ့်မည်။ အခြားအဘယ်နေ့ရက်ကိုမျှထိုနေ့ရက်နှင့် နှိုင်းယှဉ်၍မရ။ ထိုနေ့ရက်သည်ယာကုပ်အမျိုးဆင်းရဲဒုက္ခ ရောက်ရကြမည့်နေ့ရက်ဖြစ်၏။ သို့ရာတွင်သူတို့သည်အသက်မသေဘဲ ကျန်ရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible အ ကျိုး နည်း လေ စွ။ ထို နေ့ ကြီး နှင့် နှိုင်း ယှဉ် ရာ နေ့ ရက် ရှိ ဦး မည် လော။ ယာ ကုပ် လူ မျိုး ၌ ဘေး သင့် ရာ ကာ လ ဖြစ် သော် လည်း၊ လွတ် မြောက် ရာ ရောက် လိမ့် မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ Judson Bible အလိုလေး၊ ထိုနေ့ရက်ကား ခိုင်းနှိုင်းစရာမရှိ။ ကြီးသောနေ့ရက်ဖြစ်၏။ ယာကုပ်အမျိုး၌ အမှုရောက်သော နေ့ရက်ဖြစ်၏။ သို့ရာတွင်၊ သူတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း အမင်္ဂလာနေ့ကြီးပါတကား။ ဤနေ့နှင့်တူသောနေ့မရှိ။ ယာကုပ်အမျိုးတို့ ဒုက္ခရောက်သောနေ့ဖြစ်၏။ သို့သော် သူတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်”ဟု မိန့်တော်မူ၏။ |
ထိုအခါယာကုပ်သည်အလွန်ကြောက်ရွံ့၍ စိတ်ပူပန်သဖြင့် သူနှင့်အတူရှိသောသူတို့ ကိုလည်းကောင်း၊ သိုး၊ ဆိတ်၊ နွားနှင့်ကုလားအုတ် တို့ကိုလည်းကောင်းနှစ်စုခွဲ၍ထားလိုက်၏။-
အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ဣသရေလလူမျိုးအား ဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူပါ။
သူတော်ကောင်းသည်ဆင်းရဲဒုက္ခများစွာ ရောက်ရတတ်၏။ သို့ရာတွင်ထာဝရဘုရားသည်သူ့အား ယင်းဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
ထိုအချိန်ကာလကျရောက်လာသောအခါ ဖိလိတ္တိကမ်းခြေတွင်နေထိုင်ကြသူတို့သည်``ငါ တို့အားအာရှုရိဘုရင်၏ဘေးမှကာကွယ်စောင့် ရှောက်ရန် ငါတို့မှီခိုအားကိုးခဲ့သည့်လူတို့၏ ဖြစ်အင်ကိုကြည့်ကြလော့။ ငါတို့သည်အဘယ် သို့လျှင်အသက်မသေဘဲကျန်ရှိနိုင်ကြပါ မည်နည်း'' ဟုဆိုကြလိမ့်မည်။
ကိုယ်တော်ရှင်သာလျှင်ဣသရေလအမျိုးသား တို့၏ မျှော်လင့်ရာဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးတို့ဒုက္ခရောက်သောအခါ ကူမတော်မူသောအရှင်ဖြစ်တော်မူပါ၏။ အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့ပြည်တွင်ဧည့်သည်ကဲ့သို့၊ တစ်ညဥ့်မျှသာတည်းခိုသည့်ခရီးသည်ကဲ့သို့ ပြုတော်မူပါသနည်း။
သစ်ပင်အား`အရှင်သည်အကျွန်ုပ်အဖဖြစ်ပါ သည်' ဟူ၍လည်းကောင်း၊ ကျောက်တုံးအား`အရှင် သည်အကျွန်ုပ်အမိဖြစ်ပါသည်' ဟူ၍လည်း ကောင်းသင်တို့ပြောဆိုကြ၏။ သင်တို့သည်ငါ ၏ဘက်သို့မလှည့်၊ ငါ့အားကျောခိုင်း၍သွား ကြ၏။ သို့ရာတွင်သင်တို့သည်ဘေးအန္တရာယ် တွေ့သောအခါ၌မူကား၊ ငါ့အားကြွလာ တော်မူ၍သင်တို့ကိုကူမတော်မူရန်လျှောက် ထားကြ၏။
``မိမိတို့အတွက်သင်တို့ပြုလုပ်ထားသည့် ဘုရားများကားအဘယ်မှာနည်း။ သင်တို့ဒုက္ခ ရောက်ချိန်ထိုဘုရားများကယ်နိုင်လျှင်ကယ် စေကြလော့။ အို ယုဒပြည်၊ သင်၏မြို့တို့သည် များပြားသကဲ့သို့ သင်ပြုလုပ်သောဘုရား တို့သည်လည်းများပြားလှပါသည်တကား။-
``ငါ၏ကျွန်ယာကုပ်၊မကြောက်ကြနှင့်။ ဣသရေလပြည်သားတို့ထိတ်လန့်တုန်လှုပ်မှု မဖြစ်ကြနှင့်။ သုံ့ပန်းများအဖြစ်နှင့်သင်တို့နေရကြသော ပြည်၊ ထိုဝေးလံသောပြည်မှသင်တို့အား ငါကယ်ဆယ်မည်။ သင်တို့သည်ပြန်လာ၍ငြိမ်းချမ်းစွာနေထိုင် ရကြလိမ့်မည်။ သင်တို့သည်ဘေးမဲ့လုံခြုံမှုကိုရရှိကြ လိမ့်မည်။ အဘယ်သူမျှသူတို့အားချောက်လှန့် ရလိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
သူသည်အနီးအနားမှဖြတ်သန်းသွားလာသူ အပေါင်းတို့အားအော်ပြောသည်မှာ ``ငါ့ကိုကြည့်ကြပါ။ ငါခံရသောဝေဒနာ မျိုးကို အဘယ်သူမျှမခံရဘူးပါ။ ဤကဲ့သို့သောဝေဒနာမျိုးရှိဖူးပါသလော။ ထိုဝေဒနာသည်ထာဝရဘုရား အမျက်တော်ထွက်၍ငါ့အားခံစားစေသည့် ဝေဒနာဖြစ်ပါ၏။''
အို ယေရုရှလင်မြို့၊ ငါချစ်မြတ်နိုးသောမြို့၊ အဘယ်သို့ပြောဆိုရပါမည်နည်း။ အဘယ်သို့နှစ်သိမ့်မှုကိုပေးရပါမည်နည်း။ အဘယ်သူမျှဤကဲ့သို့ဒုက္ခမရောက်ခဲ့ဘူးပါ။ သင်၏ဘေးအန္တရာယ်သည်သမုဒ္ဒရာသဖွယ် အတိုင်းမသိကျယ်ဝန်းပါ၏။ မျှော်လင့်စရာမရှိနိုင်ပါ။
ငါ၏လူမျိုးသည်ထာဝရဘုရား၏လက် တော်ဖြင့် ရုတ်တရက်ပြိုလဲပျက်စီးရသည့် သောဒုံမြို့ထက်အပြစ်ဒဏ်ပို၍ခံရ ပါ၏။
ပိတ်ချောအင်္ကျီကိုဝတ်ဆင်ထားသော ကောင်းကင်တမန်က``ထိုကာလ၌ကြီး မြတ်သောကောင်းကင်တမန်မိက္ခေလသည် ပေါ်လာလိမ့်မည်။ သူသည်သင်၏အမျိုးသား များကိုစောင့်ထိန်းသောသူဖြစ်၏။ ထိုနောက် လူမျိုးအပေါင်းတို့ဖြစ်ပေါ်လာချိန်မှအစ ပြု၍ အဘယ်အခါ၌မျှမကြုံဘူးသော ဆင်းရဲဒုက္ခများဆိုက်ရောက်ရာကာလကျ ရောက်လာလိမ့်မည်။ ထိုအခါ၌ဘုရားသခင်၏စာစောင်တော်တွင်စာရင်းဝင် သူ သင်၏အမျိုးသားအပေါင်းတို့သည် လွတ်မြောက်ကြလိမ့်မည်။-
ကိုယ်တော်သည်မိမိမိန့်တော်မူခဲ့သည် အတိုင်း အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ကို အုပ်စိုးသူတို့အား အပြစ်ဒဏ်ပေးတော် မူပါပြီ။ ယေရုရှလင်မြို့အားကမ္ဘာပေါ် ရှိအခြားမြို့များထက်ပို၍ ပြင်းထန်စွာ အပြစ်ပေးတော်မူပါ၏။-
ယုဒပြည်သားတို့နှင့်ဣသရေလပြည် သားတို့သည်ပြန်လည်ပေါင်းစည်းကြလိမ့် မည်။ သူတို့သည်သူတို့အတွက်ခေါင်းဆောင် တစ်ဦးကိုရွေးကောက်တင်မြှောက်ကြလိမ့် မည်။ သူတို့သည်မိမိတို့နိုင်ငံတွင်ကြီးပွား တိုးတက်လာကြလိမ့်မည်။ ယေဇရေလနေ့ သည်နေ့ကြီးရက်ကြီးဖြစ်လိမ့်မည်'' ဟုမိန့် တော်မူ၏။
ထာဝရဘုရားတရားစီရင်တော်မူရာနေ့ရက်ကာလသည်နီးကပ်လာလေပြီ။ ထိုကာလတွင်အနန္တတန်ခိုးရှင်သည် ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော်မူလိမ့်မည်။ ထိုနေ့ရက်သည်အဘယ်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။
အချင်းအသက်ကြီးသူတို့ငါပြောသည်ကိုအာရုံစိုက်ကြလော့။ ယုဒပြည်သူအပေါင်းတို့နားထောင်ကြလော့။ သင်တို့ခေတ်၌သော်လည်းကောင်းသင်တို့ဘိုးဘေးများ၏ခေတ်၌သော်လည်းကောင်း၊ ဤအမှုအရာမျိုးဖြစ်ပျက်ဖူးသလော။
ထာဝရဘုရားသည်မိမိတပ်မတော်ကို မိုးကြိုးသံနှင့် တူသည့်အသံဖြင့်အမိန့်ပေးတော်မူ၏။ ကိုယ်တော်၏အမိန့်တော်ကိုနာယူကြသူ စစ်သည်တပ်သားများသည်၊ အရေအတွက်အားဖြင့်များ၏။ တန်ခိုး ကြီးကြ၏။ ထာဝရဘုရားတရားစီရင်တော်မူရာ နေ့ရက်ကာလသည် အဘယ်မျှကြောက်မက်ဖွယ်ကောင်းပါသနည်း။ ထိုနေ့ရက်ကာလကိုအဘယ်သူ လွန်မြောက်နိုင်ပါမည်နည်း။
ထာဝရဘုရားတရားစီရင်တော်မူရာ ကြောက်မက်ဖွယ်ကောင်းသည့်နေ့ကြီး မကျမရောက်မီ၊ နေသည်မှောင်မိုက်၍သွားလိမ့်မည်။ လသည် လည်း သွေးကဲ့သို့နီမြန်း၍လာလိမ့်မည်။
သင်သည်အဘယ်ကြောင့်ကျယ်လောင်စွာ အော်ဟစ်ရပါသနည်း။ မီးဖွားသောမိန်းမ ကဲ့သို့အဘယ်ကြောင့်ဝေဒနာခံနေရ ပါသနည်း။ သင်၌အုပ်စိုးမည့်ရှင်ဘုရင် မရှိသောကြောင့်လော၊ သင်၏အတိုင်ပင် ခံများအနိစ္စရောက်ကုန်ကြသောကြောင့် လော။-
မှောင်မိုက်လည်းရှိတော့မည်မဟုတ်၊ ထူးခြား သောနေ့ဖြစ်မည်။ ညဥ့်အချိန်၌ပင်လျှင် အစဉ်အမြဲနေရောင်လင်း၍နေလိမ့်မည်။ အဘယ်အခါ၌ဤသို့ဖြစ်ပျက်လာမည် ကိုမူ ထာဝရဘုရားတစ်ပါးတည်းသာ လျှင်သိတော်မူ၏။
အနန္တတန်ခိုးနှင့်ထာဝရဘုရားက``မာန် မာနထောင်လွှားသူနှင့်ယုတ်မာသူအပေါင်း တို့သည် ကောက်ရိုးသဖွယ်မီးကျွမ်းလောင် ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။ ထိုနေ့ရက်ကာလ၌သူတို့သည်မီး ကျွမ်းလောင်၍သွားကာ အမြစ်အကိုင်း အစအနမျှပင်ကျန်ရှိကြလိမ့်မည် မဟုတ်။-
လောကကိုဘုရားသခင်ဖန်ဆင်းတော်မူချိန် မှစ၍ အဘယ်ကာလ၌မျှဤဆင်းရဲဒုက္ခမျိုးကို လူတို့မကြုံစဖူး။ နောင်ကာလ၌လည်းတွေ့ကြုံ ရကြလိမ့်မည်မဟုတ်။-
ထာဝရဘုရား၏နေ့ထူးနေ့မြတ်ကြီးမကျ ရောက်မီ နေသည်မှောင်အတိဖြစ်လိမ့်မည်။ လသည်လည်းသွေးကဲ့သို့နီလိမ့်မည်။
ထိုနောက်ဘုရားသခင်သည်ဣသရေလ အမျိုးသားတစ်ရပ်လုံးကိုကယ်တင်တော် မူလိမ့်မည်။ ကျမ်းစာတော်တွင်၊ ``ကယ်တင်ရှင်သည်ဇိအုန်တောင်မှကြွလာပြီး လျှင်၊ ယာကုပ်၏သားမြေးများထံမှ၊ဆိုးညစ်မှု အပေါင်းကို ပယ်ရှားတော်မူလိမ့်မည်။
ထိုအရှင်တို့၏အမျက်တော်သင့်မည့်နေ့ရက် ကာလကျရောက်လာလေပြီ။ ထိုအမျက်တော် ကိုအဘယ်သူသည်ရပ်ခံနိုင်ပါမည်နည်း'' ဟု ဆိုကြ၏။