ဤသည်ကားယေရမိထံသို့ထာဝရဘုရား မိန့်ဆိုသောစကားဖြစ်၏။-
ယေ ရ မိ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား၊ ငါ မိန့် ဆို သည့် အ တိုင်း၊ သုံ့ ပန်း ခံ ရ သော ဣ သ ရေ လ နှင့် ယု ဒ လူ မျိုး တော် ကို ငါ ပြန် လာ စေ ၍၊ ဘိုး ဘေး များ အား ငါ ပေး ခဲ့ သော ပြည် ကို အ ပိုင် ရ စေ ခြင်း ငှာ ပြန် ပို့ သော နေ့ ရက် ကာ လ ရောက် လာ လ တ္တံ့ သော ကြောင့်၊ ငါ မိန့် မှာ ခဲ့ သ မျှ သော အ ချက် များ ကို ကျမ်း ပြု ၍ ရေး လော့ ဟု၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊
ယေရမိထံသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်မှာ ဤသို့ဖြစ်၏။
ထိုအချိန်ကာလကျရောက်လာသောအခါ ဖိလိတ္တိကမ်းခြေတွင်နေထိုင်ကြသူတို့သည်``ငါ တို့အားအာရှုရိဘုရင်၏ဘေးမှကာကွယ်စောင့် ရှောက်ရန် ငါတို့မှီခိုအားကိုးခဲ့သည့်လူတို့၏ ဖြစ်အင်ကိုကြည့်ကြလော့။ ငါတို့သည်အဘယ် သို့လျှင်အသက်မသေဘဲကျန်ရှိနိုင်ကြပါ မည်နည်း'' ဟုဆိုကြလိမ့်မည်။
သို့ရာတွင်အကယ်၍ငါ့အားသတ်မည်ဆို လျှင် သင်တို့နှင့်ဤမြို့သူမြို့သားအပေါင်း တို့သည် အပြစ်မဲ့သူတစ်ဦးကိုသတ်သည့် အတွက်အပြစ်သင့်ကြလိမ့်မည်ဖြစ်ကြောင်း အသေအချာသိမှတ်ကြလော့။ အဘယ် ကြောင့်ဆိုသော်ငါ့ကိုစေလွှတ်၍ သင်တို့အား ဤစကားများကိုပြောဆိုစေသောအရှင် မှာထာဝရဘုရားပင်ဖြစ်သောကြောင့် တည်း'' ဟုဆို၏။
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက``သင့်ကိုငါမိန့်တော်မူ သမျှသောစကားတို့ကိုစာစောင်တွင်ရေး မှတ်၍ထားလော့။-