ယေရမိ 26:15 - Common Language Bible15 သို့ရာတွင်အကယ်၍ငါ့အားသတ်မည်ဆို လျှင် သင်တို့နှင့်ဤမြို့သူမြို့သားအပေါင်း တို့သည် အပြစ်မဲ့သူတစ်ဦးကိုသတ်သည့် အတွက်အပြစ်သင့်ကြလိမ့်မည်ဖြစ်ကြောင်း အသေအချာသိမှတ်ကြလော့။ အဘယ် ကြောင့်ဆိုသော်ငါ့ကိုစေလွှတ်၍ သင်တို့အား ဤစကားများကိုပြောဆိုစေသောအရှင် မှာထာဝရဘုရားပင်ဖြစ်သောကြောင့် တည်း'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible15 သို့ ရာ တွင် ထို အ ချက် ဟူ သ မျှ ကို ဆင့် ဆို ရန်၊ ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ သည် မှန် လျက် ပင်၊ ငါ့ ကို သေ ဒဏ် ခတ် လျှင်၊ သင် တို့ မှ စ၍၊ မြို့ တော် နှင့် မြို့ သူ မြို့ သား တို့ အ ပေါ် တွင်၊ အ ပြစ် ကင်း သူ ၏ သွေး ပြစ် သင့် မည့် အ ကြောင်း၊ မု ချ သိ မှတ် ကြ လော့ ဟု၊ မှူး မတ် တို့ နှင့် လူ ပ ရိ သတ် အား၊ ထု ချေ ပြီး နောက်၊ အခန်းကိုကြည့်ပါ။Judson Bible15 သို့ရာတွင်၊ ငါ့ကိုသတ်လျှင် အပြစ်မရှိသောအသွေးကို သင်တို့သည် ကိုယ်အပေါ်သို့လည်းကောင်း၊ ဤမြို့နှင့် မြို့သားတို့ အပေါ်သို့လည်းကောင်း၊ စင်စစ်ရောက်စေလိမ့်မည်ဟု ဧကန်အမှန် သိမှတ်ကြလော့။ ဤစကားအလုံးစုံတို့ကို သင်တို့အား ကြားပြောမည်အကြောင်း၊ ထာဝရဘုရားသည် ငါ့ကို စင်စစ်စေလွှတ်တော်မူပြီဟု မှူးမတ်အစရှိသော လူများအပေါင်းတို့အား ပြောဆိုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 အကယ်စင်စစ် ဤစကားအလုံးစုံကို သင်တို့အားကြားပြောရန် ထာဝရဘုရား ငါ့ကိုစေလွှတ်တော်မူသည်ဖြစ်၍ ငါ့ကိုသတ်လျှင် သင်တို့နှင့်တကွ ဤမြို့နှင့်မြို့သူမြို့သားတို့သည် အပြစ်မဲ့သောသူအား သတ်သောအပြစ်သင့်လိမ့်မည်ကို သိမှတ်ကြလော့”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ငွေကိုလက်ခံခဲ့လျှင်သင်တို့နေထိုင်ရာပြည် ကိုညစ်ညမ်းစေရာရောက်မည်။ လူသတ်မှုကူး လွန်ခြင်းသည်တိုင်းပြည်ကိုညစ်ညမ်းစေ၏။ သို့ ဖြစ်၍တိုင်းပြည်၌လူတစ်ယောက်အသတ်ခံ ရလျှင် လူသတ်မှုကူးလွန်သူအားသေဒဏ် ပေးခြင်းအားဖြင့်သာလျှင်ထိုပြည်ကိုပြန် လည်သန့်စင်စေနိုင်၏။-
`ငါထာဝရဘုရားသည်သင်တို့ကိုဖြောင့် မတ်မှန်ကန်သည့်အမှုများကိုပြုကျင့်ကြ ရန်မှာကြား၏။ သင်တို့သည်အလိမ်ခံရသူ အားလိမ်လည်သူ၏ဘေးမှကာကွယ်စောင့် ရှောက်ကြလော့။ လူမျိုးခြားများ၊ မိဘမဲ့ သူများ၊ သို့မဟုတ်မုဆိုးမများအားမ တရားသည့်အမှုကိုလည်းကောင်း၊ ညှင်းပန်း နှိပ်စက်မှုကိုလည်းကောင်းမပြုကြနှင့်။ ဤသန့်ရှင်းရာဌာနတော်တွင်အပြစ်မဲ့ သူတို့ကိုမသတ်ကြနှင့်။-
တိုင်းတစ်ပါးသားများ၊ မိဘမဲ့သူများနှင့် မုဆိုးမများအပေါ်တွင်အခွင့်ကောင်းမယူ ကြနှင့်တော့။ ဤသန့်ရှင်းရာဌာနတော်တွင် အပြစ်မဲ့သူတို့အားသတ်ဖြတ်မှုမပြုကြ နှင့်တော့။ အခြားဘုရားများကိုဝတ်ပြုကိုး ကွယ်မှုသည်သင်တို့အားအကျိုးယုတ်စေ မည်ဖြစ်၍ထိုအမှုကိုရပ်စဲလိုက်ကြလော့။-