ထာဝရဘုရား၏ပရောဖက်များကိုယေဇဗေလ သတ်ဖြတ်နေချိန်၌ ပရောဖက်တစ်ရာကိုငါး ဆယ်စီနှစ်စုခွဲ၍ဂူများတွင်ဝှက်ထားပြီးလျှင် အစာရေစာကျွေးမွေးခဲ့၏။-)
ယေရမိ 26:24 - Common Language Bible သို့ရာတွင်ငါသည်ရှာဖန်၏သား အဟိကံ ၏ထောက်ခံမှုကိုရရှိသဖြင့် လူတို့လက် သို့အပ်၍အသတ်မခံရခြင်းဖြစ်၏။ Garrad Bible ယေ ရ မိ ကို ကား၊ ပြည် သူ ပြည် သား တို့ လက် တွင်း သို့ ရောက် ၍၊ သေ ဒဏ် မ ခံ ရ စေ ခြင်း ငှာ၊ ရှာ ဖန့် သား အ ဟိ ကံ သည် လက် ဖြင့် ကွယ် ကာ သ တည်း။ Judson Bible သို့သော်လည်း၊ ရှာဖန်သားအဟိကံသည် ယေရမိကိုမစသောကြောင့်၊ အသေခံစေခြင်းငှာ လူများတို့လက်သို့ မအပ်ရ။ မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ရှာဖန်၏သား အဟိကံသည် ယေရမိကိုကာကွယ်ပေးသဖြင့် သူ့ကိုသတ်မည့်သူတို့လက်မှ သူလွတ်မြောက်လေ၏။ |
ထာဝရဘုရား၏ပရောဖက်များကိုယေဇဗေလ သတ်ဖြတ်နေချိန်၌ ပရောဖက်တစ်ရာကိုငါး ဆယ်စီနှစ်စုခွဲ၍ဂူများတွင်ဝှက်ထားပြီးလျှင် အစာရေစာကျွေးမွေးခဲ့၏။-)
ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ရှာဖန် ၏မြေး၊ အဟိကံ၏သား၊ ဂေဒလိအားယုဒ ဘုရင်ခံအဖြစ်ခန့်ထားပြီးလျှင် ဗာဗုလုန် ပြည်သို့ဖမ်းသွားခြင်းမခံရကြသူတို့ အားအုပ်ချုပ်စေ၏။-
သူသည်ဟိလခိ၊ ရှာဖန်၏သားအဟိကံ၊ မိက္ခာ ၏သားအာဗဒုန်၊ စာရေးတော်ရှာဖန်နှင့်သက်တော်စောင့် အာသာယတို့ကိုခေါ်၍၊-
ငါသည်စာကိုယုဒဘုရင်ဇေဒကိက နေဗုခဒ်နေဇာထံစေလွှတ်သော ရှာဖန်၏သား ဧလာသာနှင့်ဟိလခိ၏သားဂေမရိတို့ အားဖြင့်ပေးပို့လိုက်၏။ စာတွင်၊
ထိုအခါဗာရုတ်သည်စာလိပ်ပါငါနှုတ် တိုက်ချပေးသမျှသောစကားတို့ကို ဗိမာန် တော်တွင်းရှိလူတို့ကြားနိုင်လောက်သောအရပ် မှဖတ်ပြလေသည်။ သူသည်ဂေမရိ၏သား ဘုရင်၏အတိုင်ပင်ခံအမတ်ရှာဖန်၏အခန်း မှနေ၍ထိုစာလိပ်ကိုဖတ်သတည်း။ ထိုအခန်း သည်ဗိမာန်တော်အဝင်ဝတံခါးသစ်အနီး အထက်တံတိုင်းအတွင်း၌တည်ရှိလေသည်။
ဂေမရိ၏သားရှာဖန်၏မြေး၊ မိက္ခာယသည် ထိုစာလိပ်တွင်ပါရှိသည့်ထာဝရဘုရား ၏စကားတော်တို့ကိုကြားလျှင်၊-
နန်းတော်အတွင်းမှူးမတ်များစည်းဝေးလျက် ရှိရာဘုရင့်အတိုင်ပင်ခံအမတ်၏အခန်းသို့ သွားလေသည်။ ထိုအရပ်တွင်ဘုရင့်အတိုင်ပင်ခံ အမတ်ဧလိရှမာ၊ ရှေမာယ၏သားဒေလာသ၊ အာခဗော်၏သားဧလနာသန်၊ ရှာဖန်၏သား ဂေမရိ၊ ဟာနနိ၏သားဇေဒကိနှင့်အခြား မှူးမတ်အပေါင်းတို့ရှိကြ၏။-
ထိုအခါမှူးမတ်များက``သင်နှင့်ယေရမိ သည်ထွက်ပြေးပုန်းရှောင်နေရကြပေမည်။ သင်တို့ရှိရာကိုအဘယ်သူမျှမသိစေ နှင့်'' ဟုဗာရုတ်အားပြောကြားကြ၏။
ထိုနောက်သူသည်အာဇရေလ၏သား၊ စရာယ၊ အာဗဒေလ၏သားရှေလမိတို့နှင့်အတူ သားတော်ယေရမေလအား ငါနှင့်ငါ၏စာ ရေးဗာရုတ်ကိုဖမ်းဆီးရန်အမိန့်ပေးလေ သည်။ သို့ရာတွင်ထာဝရဘုရားသည်ငါ တို့နှစ်ယောက်အားဝှက်ထားတော်မူ၏။
ငါ့အားနန်းတော်ဝင်းအတွင်းမှခေါ်ယူကြ၏။ ထိုနောက်သူတို့သည်ငါ့အားဘေးမဲ့လုံခြုံ စွာအိမ်သို့ပြန်လည်ပို့ဆောင်စေရန်ရှာဖန် ၏မြေး၊ အဟိတံ၏သားဂေဒလိ၏လက်သို့ ပေးအပ်ကြ၏။ သို့ဖြစ်၍ငါသည်မိမိ၏ အမျိုးသားများနှင့်အတူတစ်ဖန်နေထိုင် ရလေသည်။
ထိုအရပ်တွင်ရှာဖန်၏သားယာဇညာအပါအဝင် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ်ဆယ်ရှိ၏။ သူတို့သည်ကိုယ်စီကိုယ်ငှနံ့သာပေါင်းကို မီးရှို့ရာလင်ပန်းတစ်ချပ်စီကိုင်ထားကြ၏။ နံ့သာပေါင်းမှမီးခိုးတို့သည်လည်းအထက်သို့တက်၍နေ၏။-
ငြင်းခုံမှုသည်အလွန်ပြင်းထန်၍လာသဖြင့် ပေါလုကိုအပိုင်းပိုင်းဆုတ်ဖြတ်မည်ကိုတပ်မှူး သည်စိုးရိမ်သဖြင့် စစ်သားများအားဆင်းသွား ၍ပေါလုအားထိုသူတို့ထံမှထိန်းသိမ်းပြီး လျှင်ရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်အမိန့် ပေး၏။
သို့သော်တပ်မှူးသည်ပေါလုကိုကယ်ဆယ်လို သဖြင့် စစ်သားများ၏အကြံအစည်အတိုင်း မပြုလုပ်ရန်တားမြစ်ပြီးလျှင် ဦးစွာပထမ ရေကူးတတ်သူတို့အားသင်္ဘောပေါ်မှခုန်ချ စေပြီးနောက်ကုန်းသို့ကူးစေ၏။-
သို့ရာတွင်မြေကြီးသည်မိမိ၏ခံတွင်းကို ဖွင့်၍ နဂါးမှုတ်ထုတ်လိုက်သောမြစ်ရေကို မျိုချကာအမျိုးသမီးအားကယ်ဆယ် လိုက်သည်။-