မင်းကြီးသည်မိမိအားဇာခရိ၏ဖခင်ယော ဒယသစ္စာရှိစွာအမှုထမ်းခဲ့သည်ကိုသတိ မရဘဲသားကိုသတ်လေ၏။ ဇာခရိသည် သေအံ့ဆဲဆဲ၌``ထာဝရဘုရားသည်သင် ပြုသည့်အမှုကိုမြင်၍ သင့်အားအပြစ်ဒဏ် ခတ်တော်မူပါစေသော'' ဟုဆို၏။
ယေရမိ 20:12 - Common Language Bible သို့ရာတွင်အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်လူတို့ကိုတရားသဖြင့် စစ်ဆေးတော်မူတတ်ပါ၏။ သူတို့၏စိတ်နှလုံးအကြံအစည်များကို သိတော်မူပါ၏။ သို့ဖြစ်၍ရန်သူများအားကိုယ်တော်ရှင် လက်စားချေသည်ကိုကျွန်တော်မျိုးမြင်ပါ ရစေ။ ကျွန်တော်မျိုးသည်မိမိ၏အမှုကိုလက် တော်သို့ ပေးအပ်၍ထားပါပြီ။ Garrad Bible နှ လုံး ကျောက် ကပ် ကို မျက် မှောက် ပြု ၍၊ ဖြောင့် မတ် သူ့ ကို စစ် ဆေး တော် မူ သော၊ ဗိုလ် ခြေ တို့ အ ရှင် အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ မှု ကို ရှေ့ တော် တွင် တင် ပြ ပြီး ဖြစ် သည့် အ လျောက်၊ ထို သူ တို့ အ ပေါ် ၌ လက် စား ချေ တော် မူ ခြင်း ကို သိ မြင် ပါ ရ စေ။ Judson Bible ဖြောင့်မတ်သော သူတို့ကို စုံစမ်း၍၊ နှလုံးကျောက်ကပ်သဘောကို သိမြင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ရှေ့တော်၌ဖွင့်ပြပါသည်ဖြစ်၍၊ သူတို့၌ အပြစ်ဒဏ် စီရင်တော်မူကြောင်းကို အကျွန်ုပ်မြင်ရပါလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း စိတ်နှလုံးအတွင်းသဘောကိုမြင်၍ ဖြောင့်မတ်သောသူကို စစ်ဆေးတော်မူသော အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော်လက်သို့ အပ်ပါပြီ။ သူတို့အား လက်တုံ့ပြန်တော်မူသည်ကို အကျွန်ုပ်တွေ့မြင်ပါရစေ။ |
မင်းကြီးသည်မိမိအားဇာခရိ၏ဖခင်ယော ဒယသစ္စာရှိစွာအမှုထမ်းခဲ့သည်ကိုသတိ မရဘဲသားကိုသတ်လေ၏။ ဇာခရိသည် သေအံ့ဆဲဆဲ၌``ထာဝရဘုရားသည်သင် ပြုသည့်အမှုကိုမြင်၍ သင့်အားအပြစ်ဒဏ် ခတ်တော်မူပါစေသော'' ဟုဆို၏။
ကိုယ်တော်သည်သူတော်ကောင်းကိုလည်းကောင်း၊ သူယုတ်မာကိုလည်းကောင်းစစ်ဆေး ကြည့်ရှုတော်မူ၏။ တရားလက်လွတ်ပြုမူသောသူတို့ကို လွန်စွာမုန်းတော်မူ၏။
အို ဘုရားသခင်၊ ကျွန်တော်မျိုးကိုစစ်ဆေးတော်မူ၍ကျွန်တော်မျိုး၏ စိတ်နှလုံးကိုသိမှတ်တော်မူပါ။ ကျွန်တော်မျိုးကိုစစ်ကြောတော်မူ၍ကျွန်တော်မျိုး၏ အကြံအစည်များကိုသိမှတ်တော်မူပါ။
ကိုယ်တော်သည်ကျွန်တော်မျိုး၏စိတ်နှလုံးကို သိတော်မူပါ၏။ ညဥ့်အခါ၌ကျွန်တော်မျိုးထံသို့ကြွလာ၍ ကျွန်တော်မျိုး၏စိတ်နှလုံးကိုသေချာစွာ စစ်ဆေးကြည့်တော်မူသောအခါ ဆိုးယုတ်သောအကြံအစည်ကိုတွေ့ရှိတော် မမူပါ။ ကျွန်တော်မျိုးသည်အခြားသူတို့ကဲ့သို့ ညစ်ညမ်းသည့် စကားကိုမပြောမဆိုပါ။ ကိုယ်တော်၏ပညတ်တော်ကိုလိုက်လျှောက်ပါ၏။ အဋ္ဌမ္မလမ်းစဉ်ကိုမလိုက်မလျှောက်ခဲ့ပါ။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားဆင်းရဲ ဒုက္ခအပေါင်းမှကယ်ဆယ်တော်မူပါပြီ။ ကျွန်တော်မျိုးသည်ရန်သူတို့အရေးရှုံးနိမ့် ကြသည်ကို တွေ့မြင်ရပါပြီ။
သူတော်ကောင်းတို့သည်အပြစ်ကူးသူများ အပြစ်ဒဏ်သင့်ကြသည်ကိုမြင်သောအခါ ဝမ်းမြောက်ကြလိမ့်မည်။ သူတို့သည်သူယုတ်မာတို့၏သွေးအိုင်တွင် ခြေဆေးကြလိမ့်မည်။
ငါ၏ဘုရားသည်ငါ့ကိုချစ်၍ငါ့ထံသို့ ကြွလာတော်မူလိမ့်မည်။ ငါ၏ရန်သူများအရေးရှုံးနိမ့်ကြသည်ကို ငါ့အား တွေ့မြင်ခွင့်ကိုပေးတော်မူလိမ့်မည်။
အချင်းလူတို့ဘုရားသခင်အားအစဉ် အမြဲ ကိုးစားကြလော့။ သင်တို့၏ဒုက္ခအပေါင်းကိုကိုယ်တော်အား ဖော်ပြကြလော့။ ကိုယ်တော်သည်ငါတို့ခိုလှုံရာဖြစ်တော်မူ၏။
ကိုယ်တော်ရှင်သည်ဖြောင့်မတ်တော်မူသောဘုရားဖြစ်တော်မူပါ၏။ လူတို့၏အကြံအစည်များနှင့်လိုအင်ဆန္ဒများကိုလည်းစစ်ဆေးတော်မူပါ၏။ သူယုတ်မာတို့၏ဆိုးညစ်မှုကိုဆီးတားတော်မူလျက်၊ သူတော်ကောင်းတို့အားကောင်းကျိုးကိုပေးသနားတော်မူပါ။
အို ဘုရားရှင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်၏ထံသို့ ဆုတောင်းသည်ဖြစ်၍ကိုယ်တော်ရှင့်အစေ ခံအား ဝမ်းမြောက်စေတော်မူပါ။
ဟေဇကိမင်းသည်ထိုသဝဏ်လွှာကိုသံ တမန်များထံမှယူ၍ဖတ်ပြီးလျှင် ဗိမာန် တော်သို့သွား၍ ထာဝရဘုရား၏ရှေ့တော် တွင်ချထား၏။-
ငါ၏အသံသည်တုန်တုန်ချိချိဖြစ်၍ နေပါ၏။ ငါသည်ချိုးကဲ့သို့ညည်းညူပါ၏။ မိုးကောင်းကင်သို့မျှော်ကြည့်ရဖန်များ သဖြင့် ငါ၏မျက်စိများသည်ညောင်းလျက်ရှိပါ၏။ အို ထာဝရဘုရားဤဒုက္ခအပေါင်းမှ ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။
ထိုအခါငါသည်``အို အနန္တတန်ခိုးရှင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်ဖြောင့်မှန်စွာတရား စီရင်တော်မူတတ်သောအရှင်ဖြစ်တော်မူ ပါ၏။ လူတို့၏အကြံအစည်နှင့်စိတ်နေ သဘောထားတို့ကိုလည်းစစ်ဆေးကြည့်ရှု တော်မူတတ်ပါ၏။ ကျွန်တော်မျိုးသည်မိမိ ၏အမှုကိုကိုယ်တော်ရှင်၏လက်တော်တွင် အပ်နှံထားပါပြီ။ သို့ဖြစ်၍ထိုသူတို့အား ကိုယ်တော်ရှင်လက်စားချေတော်မူသည်ကို ကျွန်တော်မျိုးမြင်ပါရစေ'' ဟုဆုတောင်း၏။
ငါရွေးချယ်ထားသည့်ငါ၏အမွေခံတို့သည် တောတွင်းမှခြင်္သေ့ကဲ့သို့ငါ့ကိုတော်လှန်ကြ လေပြီ။ သူတို့သည်ငါ့ကိုဟိန်းဟောက်ကြသဖြင့် ငါသည်သူတို့ကိုမုန်း၏။
``ငါထာဝရဘုရားသည်လူတို့၏စိတ်နေ သဘောထားကို ရှာဖွေ၍ကြည့်တတ်၏။ စိတ်နှလုံးအကြံအစည်ကိုလည်းစစ်ဆေး၍ ကြည့်တတ်၏။ ငါသည်လူအပေါင်းတို့အားသူတို့လုပ်ဆောင်သည့် အကျင့်အရ ထိုက်သင့်သည့်အကျိုးအပြစ်ကိုပေးတတ်၏'' ဟုမိန့်တော်မူ၏။
ကျွန်တော်မျိုးအားနှိပ်စက်ညှင်းဆဲသူတို့ကို အရှက်ကွဲစေတော်မူ၍ ကျွန်တော်မျိုးအား အရှက်ရမှုမှချမ်းသာပေးတော်မူပါ။ ထို သူတို့အားထိတ်လန့်တုန်လှုပ်စိတ်နှင့်ပြည့်ဝ စေတော်မူ၍ ကျွန်တော်မျိုးကိုထိတ်လန့်တုန် လှုပ်စေတော်မမူပါနှင့်။ သူတို့၏အပေါ်သို့ ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော် မူ၍သူတို့အားကျိုးပဲ့ကြေမွစေတော် မူပါ။
မိမိအားပုတ်ခတ်ပြောဆိုသောအခါတုံ့ပြန် ပုတ်ခတ်ပြောဆိုမှုပြုတော်မမူ။ ဝေဒနာခံ တော်မူရသောအခါခြိမ်းခြောက်တော်မမူဘဲ ဖြောင့်မှန်စွာတရားစီရင်တော်မူသောဘုရား သခင်၏လက်တော်သို့မိမိ၏အမှုကိုအပ် တော်မူ၏။-
သို့ဖြစ်၍ဘုရားသခင်၏အလိုတော်နှင့် အညီဆင်းရဲခံရကြသူတို့သည်အကျင့် ကောင်းကိုပြုလျက် မိမိတို့အားဖန်ဆင်းတော် မူ၍သစ္စာတည်တော်မူသောအရှင်၏လက် တော်သို့မိမိတို့ကိုယ်ကိုအပ်နှံကြစေ။
ကောင်းကင်ဘုံသားတို့၊ ထိုမြို့ပျက်စီးသည့် အတွက်ဝမ်းမြောက်ရွှင်မြှုးကြလော့။ ဘုရား သခင်၏လူစုတော်ဝင်များ၊ တမန်တော်များ၊ ပရောဖက်များတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ သင်တို့အားပြုသမျှအတွက်ဘုရားသခင် သည်ထိုမြို့ကိုအပြစ်ဒဏ်စီရင်တော်မူပြီ။
သူ၏နောက်လိုက်တို့သည်အသတ်ခံကြရ လိမ့်မည်။ ထိုအခါ၌ငါသည်လူတို့၏စိတ် နှလုံးနှင့်အကြံအစည်တို့ကိုသိမြင် တော်မူသောအရှင်ဖြစ်ကြောင်း အသင်းတော် အပေါင်းတို့သိရှိကြလိမ့်မည်။ သင်တို့ အသီးသီး၏အကျင့်အလျောက်အကျိုး အပြစ်ကိုငါပေးမည်။
ထိုဝိညာဉ်များက``သန့်ရှင်းမြင့်မြတ်ဖြောင့်မှန် တော်မူသောအနန္တတန်ခိုးရှင်၊ အကျွန်ုပ်တို့အား သတ်ဖြတ်ခဲ့သည့်အပြစ်အတွက်ကမ္ဘာသူကမ္ဘာ သားတို့အား အဘယ်ကာလတိုင်အောင်တရား စီရင်အပြစ်ဒဏ်မပေးဘဲနေတော်မူမည် နည်း'' ဟုအသံကျယ်စွာဟစ်အော်ကြ၏။-
ဟန္နက``အရှင်၊ ကျွန်မသည်အရက်မမူးပါ။ အရက်မသောက်ပါ။ ကျွန်မသည်အလွန်ပင် စိတ်ပျက်၍ မိမိ၏ဆင်းရဲဒုက္ခကိုရင်ဖွင့်ကာ ထာဝရဘုရားထံတွင်ဆုတောင်းပတ္ထနာ ပြုလျက်နေခဲ့ပါ၏။-