ထိုနောက်ဧလျာကိမ်၊ ရှေဗနနှင့်ယောအာ တို့သည် ဝမ်းနည်းပူဆွေးလျက်မိမိတို့အဝတ် များကိုဆုတ်ဖြဲကာ အာရှုရိအရာရှိ၏ စကားများကိုမင်းကြီးထံသွားရောက် လျှောက်ထားကြ၏။
ယေရမိ 18:13 - Common Language Bible သို့ဖြစ်၍ငါထာဝရဘုရားက၊ ``ဣသရေလသမီးပျိုသည်ကြောက်မက်ဖွယ် ကောင်းသည့်အမှုကိုပြုကြလေကုန်ပြီ။ အဘယ်အခါကများဤအမှုမျိုးဖြစ် ပျက်ခဲ့ဖူးသနည်းဟု လူမျိုးတကာတို့အားမေးမြန်းလော့။ Garrad Bible ငါ ထာ ဝ ဘု ရား မိန့် ဆို သည် မှာ၊ ထို သို့ သော အ ခြင်း အ ရာ များ ကို၊ မည် သူ ကြား ဖူး သ နည်း ဟု လူ မျိုး ခြား တို့ တွင် မေး မြန်း ကြ လော့။ က ညာ ဖြစ် သော ဣ သ ရေ လ လူ မျိုး သည်၊ အ လွန် စက် ဆုပ် ဖွယ် ရာ ကို ပြု ကျင့် ခဲ့ လေ စွ။ Judson Bible သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့သောအမှုကို အဘယ်သူကြားဖူးသနည်းဟု သာသနာပလူတို့တွင် မေးကြလော့။ ဣသရေလသတို့သမီးကညာသည် အလွန်စက်ဆုပ် ရွံရှာဖွယ်သောအမှုကို ပြုလေပြီ။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ထာဝရဘုရားက “လူမျိုးခြားတို့တွင်မေးကြည့်လော့။ ဤသို့သောအမှုကို မည်သူကြားဖူးသနည်း။ အစ္စရေးအပျိုကညာသည် စက်ဆုပ်ဖွယ်အမှုကို ပြုလေပြီ။ |
ထိုနောက်ဧလျာကိမ်၊ ရှေဗနနှင့်ယောအာ တို့သည် ဝမ်းနည်းပူဆွေးလျက်မိမိတို့အဝတ် များကိုဆုတ်ဖြဲကာ အာရှုရိအရာရှိ၏ စကားများကိုမင်းကြီးထံသွားရောက် လျှောက်ထားကြ၏။
ဤသို့သောအမှုမျိုးမြင်ဖူးကြားဖူးသူ တစ်စုံတစ်ယောက်ရှိပါသလော။ တိုင်းနိုင်ငံ တစ်ခုသည်တစ်နေ့ခြင်းတွင်ပေါ်ပေါက်လာ ဖူးပါသလော။ ဇိအုန်မြို့သည်ဣသရေလ နိုင်ငံမပေါ်ထွန်းမီကြာရှည်ဆင်းရဲဒုက္ခ ရောက်ရလိမ့်မည်မဟုတ်။-
ငါ၏ကြေကွဲမှုကိုပြည်သူတို့အားဤသို့ ပြောပြရန်ငါ့အားထာဝရဘုရားအမိန့် ပေးတော်မူ၏။ ``ငါ၏မျက်စိများသည်နေ့ညဥ့်မပြတ် မျက်ရည်ထွက်လျက်နေပါစေသော။ ငါ့အမျိုးသားတို့သည်ပြင်းစွာ ဒဏ်ရာရလျက် များစွာနာကျင်လျက်ရှိသဖြင့်၊ငါသည်အဘယ် အခါ၌မျှအငိုမတိတ်နိုင်ဘဲရှိပါစေသော။
လေဗနုန်ကျောက်တောင်ထိပ်တို့သည်မိုးပွင့် များနှင့် ကင်းသည့်အခါရှိဖူးသလော။ ထိုတောင်မှစီးဆင်းလာသောအေးမြသည့် ချောင်းများသည်ခန်းခြောက်သည့်အခါများ ရှိဖူးသလော။
သို့ရာတွင်ယေရုရှလင်မြို့မှပရောဖက်များကမူ ထိုသူတို့ထက်ပင်ပို၍ဆိုးရွားစွာပြုကျင့်ကြ သည်ကို တွေ့မြင်ရ၏။ သူတို့သည်သူတစ်ပါး၏အိမ်ရာကိုပြစ်မှား၍ မုသားကိုပြောဆိုကြ၏။ သူတို့ကလူတို့အားအမှားကိုပြုကျင့်ရန် အားပေးကူညီကြသဖြင့် အဘယ်သူမျှမိမိပြုသည့်မကောင်းမှုများ ကို မရပ်စဲကြတော့ပေ။ ထိုသူအပေါင်းတို့သည်သောဒုံမြို့သား များနှင့်တူကြ၏။ ယေရုရှလင်မြို့သားတို့သည် ဂေါမောရမြို့သူမြို့သားများကဲ့သို့ပင် ဆိုးညစ်ယုတ်မာကြ၏'' ဟုမိန့်တော်မူ၏။
သင်တို့အားတစ်ဖန်ငါပြန်လည်ထူထောင်ပေး မည်။ သင်တို့သည်ပတ်သာများကိုတစ်ဖန်တီး မှုတ်၍ ပျော်ရွှင်စွာကခုန်ရကြလိမ့်မည်။-
``ထာဝရဘုရားသည်ငါ၏ဘက်မှ စွမ်းရည်အကြီးဆုံးစစ်သည်တော်တို့ကို ပျက်ရယ်ပြုတော်မူပါ၏။ ကိုယ်တော်သည်ငါ၏လူငယ်လူရွယ်များကို သုတ်သင်ချေမှုန်းရန်တပ်မတော်ကိုစေလွှတ် တော်မူပါပြီ။ ထာဝရဘုရားသည်ငါ၏လူတို့အား စပျစ်သီးနယ်ရာကျင်းမှစပျစ်သီးများ ကဲ့သို့ ကြေမွစေတော်မူပါ၏။''
ဣသရေလပြည်သားတို့၏စက်ဆုပ်ဖွယ် ကောင်းသောအမှုကိုငါမြင်ရပြီ။ ငါ၏ လူမျိုးတော်သည်ရုပ်တုများကိုကိုးကွယ် ၍မိမိတို့ကိုယ်ကိုညစ်ညမ်းစေကြပြီ။''
အို ဣသရေလပြည်သားတို့၊ သင်တို့ကို သင်္ဂြိုဟ်ဖို့ငါသီဆိုမည့်ဤအသုဘ တေးကိုနားဆင်ကြလော့။
အပျိုကညာဣသရေလသည် ဘယ်ခါမျှပြန်မထနိုင်အောင်လဲရ ချေပြီ။ မြေပေါ်မှာအထီးကျန်စွာလဲနေရှာပြီ။ သူ့အားထူမရန်မည်သူမျှမရှိပြီ။
မယုံကြည်သူများပင်လျှင်ပြုကျင့်ကြမည် မဟုတ်သည့်ကာမဂုဏ်လိုက်စားမှု သင်တို့တွင် ရှိနေကြောင်းကိုငါကြားသိရ၏။ လူတစ် ယောက်သည်မိမိ၏မိထွေးနှင့်ပေါင်းသင်းနေ ထိုင်လျက်ရှိသည်ဟုငါကြားသိရ၏။-
ကြောက်လန့်ကြလျက်``ထိုသူတို့တပ်စခန်း သို့ ထာဝရဘုရားကြွလာတော်မူလေပြီ။ ငါတို့အကျိုးနည်းကြပေတော့အံ့။ ယခင် ကဤသို့တစ်ခါမျှမဖြစ်စဖူး။-