ယေရမိ 17:19 - Common Language Bible ထာဝရဘုရားသည် ငါ့အား``ယေရမိ၊ ယုဒ ဘုရင်များထွက်ဝင်ရာ၊ ပြည်သူ့မြို့တံခါး သို့သွား၍ဗျာဒိတ်တော်ကိုကြေညာလော့။ ထိုနောက်ယေရုရှလင်မြို့ရှိအခြားမြို့ တံခါးများသို့သွားလော့။- Garrad Bible ငါ့ အား ထာ ဝ ရ ဘု ရား က၊ ယု ဒ ဘု ရင် အ ဆက် အ ဆက် တို့ ဝင် ထွက် လေ့ ရှိ သော၊ အ မျိုး သား တို့၏ တံ ခါး ဝ မှ စ၍၊ ယေ ရု ရှ လင် မြို့ တံ ခါး ဝ တိုင်း သို့ သွား ရောက် ရပ် နေ လျက်၊ Judson Bible ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ယုဒရှင်ဘုရင် ထွက်ဝင်သော အမျိုးသားချင်း မြို့တံခါးမှစ၍၊ ခပ်သိမ်းသော ယေရုရှလင်မြို့တံခါးဝ၌ သွား၍ရပ်လျက်၊ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ငါ့အား “ယုဒဘုရင်များ ဝင်ထွက်သွားလာရာ ပြည်သူ့တံခါးဝနှင့် ဂျေရုဆလင်မြို့တံခါးဝအားလုံး၌ သွားရပ်၍ |
ကျွန်တော်မျိုးအားနှိပ်စက်ညှင်းဆဲသူတို့ကို အရှက်ကွဲစေတော်မူ၍ ကျွန်တော်မျိုးအား အရှက်ရမှုမှချမ်းသာပေးတော်မူပါ။ ထို သူတို့အားထိတ်လန့်တုန်လှုပ်စိတ်နှင့်ပြည့်ဝ စေတော်မူ၍ ကျွန်တော်မျိုးကိုထိတ်လန့်တုန် လှုပ်စေတော်မမူပါနှင့်။ သူတို့၏အပေါ်သို့ ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော် မူ၍သူတို့အားကျိုးပဲ့ကြေမွစေတော် မူပါ။
ယုဒဘုရင်များနှင့်ပြည်သားတို့အားလည်း ကောင်း၊ ထိုတံခါးများဖြင့်ထွက်ဝင်သွားလာ တတ်သူယေရုရှလင်မြို့သူမြို့သားအပေါင်း တို့အားလည်းကောင်းငါ၏အမိန့်တော်ကိုနား ထောင်ရန်မှာကြားလော့။-
အိုးကွဲမြို့တံခါးကိုဖြတ်၍ပင်ဟိန္နုံချိုင့်ဝှမ်း သို့သွားရောက်ရန်မှာကြားတော်မူ၏။ ထိုအရပ် တွင် ငါသည်ထာဝရဘုရားပေးတော်မူသော ဗျာဒိတ်တော်ကိုဆင့်ဆိုရန်ဖြစ်၏။-
ဤသို့မိန့်တော်မူ၏။ ``ဗိမာန်တော်တံတိုင်း အတွင်း၌ရပ်ပြီးလျှင် ထိုအရပ်သို့ယုဒ မြို့များမှထာဝရဘုရား၏အိမ်တော်တွင် ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောလူတို့ အား ငါမိန့်မှာသမျှသောစကားတို့ကိုပြော ကြားလော့။ တစ်ခွန်းတစ်လေကိုမျှချန်မ ထားနှင့်။-
ထိုအခါဗာရုတ်သည်စာလိပ်ပါငါနှုတ် တိုက်ချပေးသမျှသောစကားတို့ကို ဗိမာန် တော်တွင်းရှိလူတို့ကြားနိုင်လောက်သောအရပ် မှဖတ်ပြလေသည်။ သူသည်ဂေမရိ၏သား ဘုရင်၏အတိုင်ပင်ခံအမတ်ရှာဖန်၏အခန်း မှနေ၍ထိုစာလိပ်ကိုဖတ်သတည်း။ ထိုအခန်း သည်ဗိမာန်တော်အဝင်ဝတံခါးသစ်အနီး အထက်တံတိုင်းအတွင်း၌တည်ရှိလေသည်။
သို့ရာတွင်နောက်တစ်ကြိမ်လူတို့အစာရှောင် ကြသောအခါ၌ ငါသည်သင့်အားဗိမာန် တော်သို့သွားစေလိုသည်။ ငါ့အားထာဝရ ဘုရားမိန့်ကြားသဖြင့်သင့်အားငါနှုတ် တိုက်ချပေးခဲ့သမျှသောစကားများကို လူတို့ကြားသိကြစေရန်သင်သည်ထိုစာ လိပ်ကိုကျယ်စွာဖတ်ပြရမည်။ မိမိတို့မြို့ ရွာများမှရောက်ရှိလာကြသောယုဒပြည် သားအပါအဝင်ရှိရှိသမျှသောလူတို့ ကြားသိကြစေရန်သင်သည်ဤစာလိပ် ကိုဖတ်ပြလော့။-
ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရန် ဤတံခါးမှဝင်ရောက်လာကြသည့်၊ အို ယုဒ ပြည်သူတို့၊ ထာဝရဘုရား၏စကားကို နားထောင်ကြလော့။-
``သင်တို့သည်ဗိမာန်တော်သို့သွား၍ လူတို့ အားဘဝသစ်အကြောင်းအလုံးစုံကို ဟောပြောကြလော့'' ဟုဆို၏။-