ယေရမိ 15:2 - Common Language Bible
သူတို့ကမိမိတို့သည်အဘယ်အရပ်သို့ သွားရပါမည်နည်းဟု သင့်အားမေးသော အခါဤသို့ပြောကြားလော့။ ``သင်တို့အချို့သည်အနာရောဂါဘေး သင့်ပြီး သေရကြမည်ဖြစ်၍ အနာရောဂါဖြစ်ပွားရာသို့လည်းကောင်း၊ အချို့တို့မှာစစ်ပွဲတွင်ကျဆုံးရကြမည်ဖြစ်၍ စစ်မက်ဖြစ်ပွားရာသို့၊အချို့တို့ကားငတ်မွတ် ခေါင်းပါးခြင်းဘေးသင့်၍ သေရကြမည်ဖြစ်၍ငတ်မွတ်ခေါင်းပါးရာသို့၊ အချို့သူတို့မှာမူသုံ့ပန်းအဖြစ်ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရကြမည်ဖြစ်၍၊ အဖမ်းခံရကြမည့်အရပ်သို့သွားရမည်ဟု'' ငါအားမိန့်တော်မူ၏။''
အခန်းကိုကြည့်ပါ။
မည် သည့် အ ရပ် သို့ သွား ကြ ရ အံ့ နည်း ဟု မေး ကြ လျှင်၊ သင် က၊ သေ ဘေး ခံ သင့် သူ တို့ သည် သေ ခြင်း သို့ လည်း ကောင်း၊ ဓား ဘေး ခံ သင့် သူ တို့ သည် လုပ် ကြံ ခြင်း သို့ လည်း ကောင်း၊ အ စာ ခေါင်း ပါး ဘေး ခံ သင့် သူ တို့ သည် အ စာ ခေါင်း ပါး ခြင်း သို့ လည်း ကောင်း၊ သုံ့ ပန်း ဘေး ခံ သင့် သူ တို့ သည် သုံ့ ပန်း ခြင်း သို့ လည်း ကောင်း၊ သွား ကြ စေ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊
အခန်းကိုကြည့်ပါ။
အကျွန်ုပ်တို့သည် အဘယ်အရပ်သို့ ထွက်သွားရပါမည်နည်းဟု မေးမြန်းလျှင်၊ သင်ကလည်း၊ သေတန်သောသူတို့သည် သေခြင်းသို့လည်းကောင်း၊ ကွပ်မျက်တန်သော သူတို့သည် ကွပ်မျက်ခြင်းသို့လည်းကောင်း၊ ငတ်မွတ်တန်သောသူတို့သည် ငတ်မွတ်ခြင်းသို့လည်းကောင်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့သည် သိမ်းသွားချုပ်ထားခြင်းသို့လည်းကောင်း ထွက်သွားကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အားဆင့်ဆိုလော့။
အခန်းကိုကြည့်ပါ။
သူတို့က ‘အကျွန်ုပ်တို့သည် မည်သည့်အရပ်သို့ သွားရမည်နည်း’ဟု သင့်အားမေးလျှင် သင်က သူတို့အား ထာဝရဘုရားက ‘သေသင့်သောသူတို့သည် သေဘေးရှိရာသို့၊ ဓားဘေးသင့်မည့်သူတို့သည် ဓားဘေးရှိရာသို့၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးသင့်မည့်သူတို့သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးရှိရာသို့၊ ဖမ်းခေါ်သွားခြင်းခံရမည့်သူတို့သည် ဖမ်းခေါ်သွားရာသို့ သွားရမည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။