သင်သည်ရှုတ်ချခြင်းကိုခံရကာအရှက်ကွဲ လျက် အဝတ်အချည်းစည်းဖြစ်၍နေသည်ကို လူတို့တွေ့မြင်ကြလိမ့်မည်။ ငါသည်သင့်အားလက်စားချေမည်။ ငါ့ကိုအဘယ်သူမျှဆီးတားရလိမ့်မည် မဟုတ်'' ဟုထာဝရဘုရားမိန့်တော်မူ၏။
ယေရမိ 13:26 - Common Language Bible ထာဝရဘုရားကိုယ်တော်တိုင်ပင်သင်တို့ ၏အဝတ်များကိုဆွဲချွတ်တော်မူ၍ သင် တို့အားအရှက်ကွဲစေတော်မူလိမ့်မည်။- Garrad Bible လွင် ပြင် ရှိ ကုန်း ပေါ် တွင်၊ သင်၏ မှား ယွင်း ခြင်း၊ ဟီ ခြင်း၊ ယုတ် မာ စွာ ပြည် တန် ဆာ လုပ် ခြင်း တည်း ဟူ သော စက် ဆုပ် ဖွယ် အ မှု များ ကို၊ ငါ သိ မြင် သည် နှင့် အ ညီ၊ သင့် မျက် နှာ ပေါ် ၌၊ အ ရှက် ထင် ရှား သည့် တိုင် အောင် ထ မီ ကို လှစ် မည်။ အို ယေ ရု ရှ လင် မြို့၊ သင် သည် အ မင်္ဂ လာ ရှိ လေ စွ။ သန့် ရာ မ ရောက် လျက် နေ သည် မှာ၊ မည် မျှ ကြာ အံ့ နည်း။ Judson Bible ထိုသို့နှင့်အညီ သင်ရှက်စရာအကြောင်းကို ထင်ရှားစေခြင်းငှာ၊ သင်၏အဝတ်ကို ငါဖွင့်လှစ်၍ ပြမည်။ မြန်မာ့စံမီသမ္မာကျမ်း ငါကိုယ်တော်တိုင် သင့်အဝတ်ကို မျက်နှာဖုံးသည်အထိလှန်ပစ်မည်။ သင့်အရှက် ထင်ရှားလိမ့်မည်။ |
သင်သည်ရှုတ်ချခြင်းကိုခံရကာအရှက်ကွဲ လျက် အဝတ်အချည်းစည်းဖြစ်၍နေသည်ကို လူတို့တွေ့မြင်ကြလိမ့်မည်။ ငါသည်သင့်အားလက်စားချေမည်။ ငါ့ကိုအဘယ်သူမျှဆီးတားရလိမ့်မည် မဟုတ်'' ဟုထာဝရဘုရားမိန့်တော်မူ၏။
အကယ်၍သင်တို့က``ဤအမှုအရာသည် အဘယ်ကြောင့်ဖြစ်ပျက်ရပါမည်နည်း။ ငါ တို့၏အဝတ်များသည်အဘယ်ကြောင့်စုတ် ပြတ်သွားရပါသနည်း။ ငါတို့သည်အဘယ် ကြောင့်အနှောင့်အယှက်ခံရကြပါသနည်း'' ဟူ၍မေးပါမူ``သင်တို့၏အပြစ်သည် ကြောက်လန့်ဖွယ်ကောင်းလှသောကြောင့် ဖြစ်သည်'' ဟုဖြေကြားရပေမည်။-
သို့ရာတွင်ငါမူကားဧသော၏သားမြေး များထံမှရှိသမျှသောပစ္စည်းဥစ္စာများ ကိုရုပ်သိမ်းမည်။ သူတို့ဆက်လက်ပုန်းအောင်း ၍မနေနိုင်စေရန်သူတို့ပုန်းအောင်းရာအရပ် များကိုဖော်ထုတ်မည်။ ဧဒုံပြည်သားအပေါင်း တို့အားငါသုတ်သင်ပယ်ရှားလိုက်လေပြီ။ သူတို့တစ်စုံတစ်ယောက်မျှမကျန်ရှိကြ တော့ပေ။-
သူ၏ဂုဏ်အသရေကင်းမဲ့ရလေပြီ။ အဝတ်အချည်းစည်းနှင့်စက်ဆုတ်ရွံရှာဖွယ် ဖြစ်၍နေ၏။ သူသည်ညည်းတွားကာရှက်သဖြင့်မျက်နှာကို အုပ်၍ထား၏။ ယေရုရှလင်မြို့သည်ဆိုးရွားသည့်အပြစ် ဒုစရိုက်အားဖြင့်မိမိကိုယ်ကိုညစ်ညမ်း စေခဲ့၏။
ဤအကြောင်းကြောင့်ငါသည်သင်နှစ်သက် သောသင်၏ချစ်သူများကိုစုဝေးစေပြီး နောက် သင်ချစ်သူမုန်းသူအားလုံးကိုစု ဝေးစေပြီးလျှင်သင့်အားဝန်းရံ၍နေစေ မည်။ ထိုနောက်သင်၏အဝတ်များကိုချွတ် ၍ သင်အဝတ်အချည်းစည်းဖြစ်နေပုံ ကိုပြမည်။-
သူတို့သည်သင့်ကိုမုန်း၍သင်စုဆောင်းထား သမျှသောပစ္စည်းဥစ္စာတို့ကိုယူ၍ သင့်အား အဝတ်အချည်းစည်းနှင့်ထားခဲ့ကြလိမ့်မည်။ သင့်အားအဝတ်အချည်းစည်းရှိသူပြည့် တန်ဆာကဲ့သို့ဖြစ်စေကြလိမ့်မည်။ သင်သည် တဏှာရာဂစိတ်ရှိမှုကြောင့်၊ ပြည့်တန်ဆာ အလုပ်ကိုလုပ်ကိုင်မှုကြောင့်၊-
ငါသည်သူ၏ချစ်သူများရှေ့တွင်သူ၏ အဝတ်ရှိသမျှကိုချွတ်ပစ်မည်။ ငါ၏လက် တွင်းမှသူ့အားမည်သူမျှမကယ်နိုင်။-
သူ၏ချစ်သူများကသူ့အားလက်ဆောင် အဖြစ်ပေးသည်ဟုဆိုသောစပျစ်ပင်နှင့် သဖန်းပင်များကိုငါဖျက်ဆီးမည်။ ငါသည် သူ၏စပျစ်ခြံနှင့်သစ်သီးခြံတို့ကိုသားရဲ များကိုက်ဖြတ်ဖျက်ဆီးသဖြင့် ချုံနွယ်ပိတ် ပေါင်းထူသောအရပ်ဖြစ်စေမည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက ``အို နိနေဝေမြို့ငါသည်သင့်ကိုအပြစ်ဒဏ် ခတ်မည်။ အဝတ်အချည်းစည်းဖြစ်စေ၍၊လူမျိုးတကာ တို့အား ရှုကြည့်ခွင့်ပေးမည်။ သင်အရှက်ကွဲသည်ကိုနိုင်ငံများ တွေ့မြင်ရကြလိမ့်မည်။