ထိုသို့သောဆုလပ်ကို ဘုရားသခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို၏။
ယေရမိ 13:25 - Common Language Bible ဤသည်ကားသင်တို့ကံကြမ္မာဖြစ်လိမ့်မည် ဟုထာဝရဘုရားကမိန့်တော်မူလေပြီ။ သင်တို့သည်ကိုယ်တော်အားမေ့လျော့ကာ ဘုရားအတုအယောင်များကိုယုံကြည် အားကိုးကြသည်ဖြစ်၍၊ ကိုယ်တော်သည် သင်တို့အားဤသို့စီရင်ရန်ဆုံးဖြတ် တော်မူခြင်းဖြစ်၏။- Garrad Bible ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ငါ့ ကို မေ့ လျော့၍ မု သာ၌ အား ထား သော ကြောင့်၊ ငါ တိုင်း တာ ရာ သင် ၏ ပိုင် စု နှင့် ဝေ ပုံ ကား၊ ထို သို့ ပင် တည်း။ Judson Bible သင်သည် ငါ့ကိုမေ့လျော့၍၊ မုသား၌မှီဝဲဆည်းကပ်သောကြောင့်၊ သင့်အဖို့ ငါတိုင်းထွာ၍ ပေးလတ္တံ့သော အငန်းအတာကား ဤသို့တည်း။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “သင်သည် ငါ့ကိုမေ့လျော့၍ အချည်းနှီးသောအရာကို ယုံကြည်ကိုးစားသောကြောင့် ဤသည်ကား သင့်ကို ငါခွဲဝေပေးသော ဝေစုဖြစ်၏။ |
ထိုသို့သောဆုလပ်ကို ဘုရားသခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို၏။
ကိုယ်တော်သည်သူယုတ်မာတို့အပေါ်သို့ မီးကျီးခဲများကိုလည်းကောင်း၊ပူလောင်လှသည့် မီးလျှံကိုလည်းကောင်းကျစေတော်မူ၏။ သူတို့အားပူလောင်လှသောလေပူဖြင့် အပြစ်ဒဏ်ခတ်တော်မူ၏။
ထာဝရဘုရားကိုပစ်ပယ်သူအပေါင်းနှင့် သူယုတ်မာတို့သည်သေခြင်းတွင် လမ်းဆုံးရကြလိမ့်မည်။
ထာဝရဘုရားက``ဣသရေလပြည်၏ ဘုန်းအသရေမှေးမှိန်ရာနေ့ရက်ကာလ ကျရောက်လာလိမ့်မည်။ ထိုပြည်သည်ကြွယ် ဝချမ်းသာရာမှဆင်းရဲနွမ်းပါး၍သွား လိမ့်မည်။-
သင်တို့သည်သေမင်းနှင့်မဟာမိတ်စာချုပ် ချုပ်ဆိုထားပြီဟူ၍လည်းကောင်း၊ မရဏ နိုင်ငံနှင့်သဘောတူညီမှုရရှိပြီဟူ၍ လည်းကောင်းကြွားဝါတတ်ကြ၏။ သင်တို့ သည်လိမ်လည်လှည့်စားမှုများကိုအမှီ သဟဲပြုကာဘေးမဲ့လုံခြုံမှုကိုရှာသူ များဖြစ်သဖြင့် ဘေးအန္တရာယ်ကျရောက် ချိန်၌လည်းအသက်ချမ်းသာရာရလိမ့် မည်ဟုစွဲမှတ်ယုံကြည်ကြလေသည်။-
ထိုသတ္တဝါအသီးသီးတို့အားမြေကြီး ပေါ်တွင် နယ်မြေခွဲဝေသတ်မှတ်ပေးတော် မူသောအရှင်ကားထာဝရဘုရားတည်း။ သူတို့သည်အမျိုးစဉ်ဆက်ထိုနယ်မြေများ တွင်နေရကြလိမ့်မည်။ ယင်းတို့ကိုလည်း ထာဝစဉ်ပိုင်ရကြလိမ့်မည်။
သူတို့၏အပြစ်ကြွေးများကိုလည်းကောင်း၊ သူတို့ဘိုးဘေးတို့၏အပြစ်ကြွေးများကို လည်းကောင်းငါဆပ်စေမည်။ သူတို့သည်တောင် ပေါ်ရှိရုပ်တုကိုးကွယ်ရာဌာနများတွင်နံ့ သာပေါင်းကိုမီးရှို့ပူဇော်ကာ ငါ့ကိုကဲ့ရဲ့ ကြလေပြီ။ သို့ဖြစ်၍သူတို့အားထိုက် လျောက်ရာအပြစ်ဒဏ်ကိုငါပေးမည်'' ဟု မိန့်တော်မူ၏။
ဤအခြင်းအရာကိုမြင်ခြင်းကြောင့် လူအပေါင်းတို့သည်ထုံထိုင်း၍အသိဉာဏ် ကင်းမဲ့သူများဖြစ်လာရကြလေသည်။ ပန်းတဉ်းဆရာအပေါင်းတို့သည် မိမိတို့သွန်းလုပ်သည့်ဘုရားများမှာ အစစ်အမှန်မဟုတ်သဖြင့်စိတ်ပျက် ရကြ၏။ အဘယ်ကြောင့်ဆိုသော်ရုပ်တုများတွင် အသက်မရှိသောကြောင့်တည်း။
သို့ရာတွင်ငါ၏လူမျိုးတော်မူကားငါ့ကို မေ့လျော့ကြလေပြီ။ သူတို့သည်တန်ဖိုးမရှိသောရုပ်တုများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ကြ၏။ သူတို့သည်မိမိတို့လိုက်သင့်သောလမ်းတွင် ခြေချော်၍လဲကြလေပြီ။ လမ်းဟောင်းကိုမလိုက်ကြတော့ပေ။ သူတို့သည်အမှတ်အသားပြမထားသည့် မတည်ဆောက်ရသေးသောလမ်းများကိုလိုက် ကြ၏။
ငါ၏လူမျိုးတော်သည်အသက်စမ်းရေတည်းဟူသော ငါ့အားစွန့်ပစ်၍ရေမလုံ၊ကွဲအက်လျက်ရှိသည့်၊ ရေလှောင်ကန်များကိုတူးကြသည်ဖြစ်၍ အပြစ်ဒုစရိုက်နှစ်ပါးကိုကူးလွန်ကြလေပြီ။
မိန်းမပျိုသည်မိမိ၏ကျောက်မျက်ရတနာ များကိုလည်းကောင်း၊ မင်္ဂလာဆောင်သတို့ သမီးသည်မိမိ၏မင်္ဂလာဆောင်ဝတ်စုံကို လည်းကောင်းမေ့လျော့တတ်ပါသလော။ သို့ ရာတွင်ငါ၏လူမျိုးတော်မူကားမရေ မတွက်နိုင်သောနေ့ရက်များတွင်ငါ့ကို မေ့လျော့ကြလေပြီ။-
တောင်ထိပ်များပေါ်တွင်အသံတစ်ခုကို ကြားရကြ၏။ ထိုအသံကားဣသရေလပြည်သားတို့သည် အပြစ်ဒုစရိုက်တွင်ကျင်လည်ကာ၊ မိမိတို့ဘုရားသခင်ထာဝရဘုရားအား မေ့လျော့ခဲ့ကြသဖြင့်၊ ငိုကြွေးလျက်ပန်ကြားလျှောက်ထားကြသည့် အသံပင်ဖြစ်၏။
အရှင်ထာဝရဘုရားသခင်က``သင်ငါ့ကိုမေ့ လျော့ကာကျောခိုင်းလျက် တဏှာရာဂစိတ်နှင့် ပြည့်တန်ဆာလုပ်သည့်အတွက်သင်သည်ဒုက္ခ ရောက်ရပေတော့အံ့'' ဟုမိန့်တော်မူ၏။
မြို့ကိုအုပ်ချုပ်သူတို့သည်တံစိုးလက်ဆောင် စား၍အုပ်ချုပ်ကြ၏။ ယဇ်ပုရောဟိတ်တို့ သည်အခကြေးငွေယူ၍စီရင်ဆုံးဖြတ် ကြ၏။ ပရောဖက်တို့သည်ငွေယူ၍ဗျာဒိတ် တော်ကိုဖွင့်ပြကြ၏။ ထိုသူအပေါင်းတို့ ကထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူသည်ဟုဆိုကြ၏။ သူတို့က``ငါ တို့တွင်ဘေးဥပဒ်မရောက်နိုင်၊ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ သည်'' ဟုပြောကြ၏။
ထိုမြို့သည်ထာဝရဘုရား၏ဗျာဒိတ်တော် ကိုနားမထောင်။ ကိုယ်တော်၏စည်းကမ်းကို မလိုက်နာ။ ကိုယ်တော်ကိုယုံကြည်ကိုးစား မှုမပြု။ ကိုယ်တော်၏ကူမမှုကိုလည်းမ တောင်းခံခဲ့။-
သူ့ကိုပြင်းစွာကြိမ်ဒဏ်ခတ်၍ကြောင်သူတော်တို့ ခံရသောကံကြမ္မာဆိုးကိုခံစေလိမ့်မည်။ သူသည် ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ်လျက်နေရ လိမ့်မည်။
သူတို့သည်ဘုရားသခင်၏တရားမှန်ကို အမှားနှင့်လဲလှယ်ကြ၏။ ဖန်ဆင်းတော်မူ သောအရှင်အစားအဖန်ဆင်းခံအရာကို ကိုးကွယ်ဝတ်ပြုကြ၏။ ဖန်ဆင်းတော်မူသော အရှင်၏ဂုဏ်တော်ကိုထာဝစဉ်ချီးမွမ်း ထောမနာပြုကြစေသတည်း။ အာမင်။