မင်းကြီးသည်ဟိရံ၏သင်္ဘောစုနှင့်အတူ ကူးသန်း သွားလာရန်ပင်လယ်ကူးသင်္ဘောများရှိလေသည်။ ထိုသင်္ဘောတို့သည်သုံးနှစ်လျှင်တစ်ကြိမ်ပြည်တော် သို့ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များ ကိုယူဆောင်လာတတ်ကြ၏။
ယေရမိ 10:9 - Common Language Bible သူတို့ကိုးကွယ်သည့်ရုပ်တုများသည်တာရှု ပြည်မှ ထွက်သည့်ငွေနှင့်လည်းကောင်း၊ ဥဖတ်မြို့မှထွက်သည့်ရွှေနှင့်လည်းကောင်း မွမ်းမံထားသဖြင့်၊ အနုပညာသည်တို့၏လက်ရာဖြစ်ပေသည်။ ထိုရုပ်တုများသည်ကျွမ်းကျင်သူယက်ကန်း သည်တို့၊ ယက်လုပ်ထားသောခရမ်းရောင်ထည်၊ အပြာရောင်ထည်တို့ဖြင့်တန်ဆာဆင်၍ ထား၏။ Garrad Bible လက် မြောက် သူ တို့ လုပ် ပြီး သော ထို ရုပ် တု များ ကို၊ တာ ရှု မြို့ မှ ဆောင် လာ သော ငွေ၊ ဩ ဖိ ရ ပြည် မှ ဆောင် လာ သော ရွှေ များ ဖြင့်၊ ပန်း တည်း နှင့် ပန်း တိမ် များ တို့ ထု လုပ် မွမ်း မံ ကြ ပြီး လျှင်၊ အ ပြာ ထည်၊ အ မောင်း ထည် များ နှင့် ခြုံ လေ့ ရှိ၏။ Judson Bible ထုလုပ်တတ်သောသူ၊ သွန်းတတ်သောသူ၏ လက်လုပ်ရာငွေပြားကို တာရှုမြို့မှလည်းကောင်း၊ ရွှေကိုလည်း ဥဖတ်မြို့မှလည်းကောင်း ဆောင်ခဲ့တတ်၏။ ပြာသောအထည်၊ မောင်းသောအထည်နှင့် ခြုံတတ်၏။ လိမ္မာသောသူ လုပ်ရာသက်သက်ဖြစ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း ကျွမ်းကျင်သောလက်မှုပညာသည်နှင့် ပန်းထိမ်သမားတို့က တာရှုမြို့မှလာသည့်ငွေပြား၊ ဥဖတ်မြို့မှလာသောရွှေတို့ဖြင့် တန်ဆာဆင်ပေးကြ၏။ ကျွမ်းကျင်သူတို့က အပြာရောင်အထည်၊ ခရမ်းရောင်အထည်တို့ဖြင့်လည်း တန်ဆာဆင်ပေးကြ၏။ |
မင်းကြီးသည်ဟိရံ၏သင်္ဘောစုနှင့်အတူ ကူးသန်း သွားလာရန်ပင်လယ်ကူးသင်္ဘောများရှိလေသည်။ ထိုသင်္ဘောတို့သည်သုံးနှစ်လျှင်တစ်ကြိမ်ပြည်တော် သို့ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များ ကိုယူဆောင်လာတတ်ကြ၏။
မင်းကြီး၌ဟိရံမင်း၏သင်္ဘောစုနှင့်အတူပင် လယ်သွားသင်္ဘောများရှိ၏။ သူ၏သင်္ဘောတို့ သည် ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များကို တင်ဆောင်၍သုံးနှစ်တစ်ကြိမ်ပြန်လည်ရောက် ရှိလေသည်။-
သူတို့ဘုရားများကားရွှေငွေဖြင့်ပြီး၍ လူ့လက်ဖြင့် ပြုလုပ်သောဘုရားများဖြစ်ကြ၏။
စပိန်ပြည်နှင့်ကျွန်းများမှရှင်ဘုရင်တို့သည် အခွန်ဆက်သကြပါလိမ့်မည်။ အာရေဗျပြည်နှင့်အဲသရောပိပြည်မှ ရှင်ဘုရင်များသည်လက်ဆောင်ပဏ္ဏာများကို ယူဆောင်လာကြပါလိမ့်မည်။
အချင်းဖိုနီးရှားပြည်သူတို့၊ ဝမ်းနည်း လျက်ညည်းတွားမြည်တမ်းကြလော့။ စပိန် ပြည်သို့ထွက်ပြေးရန်ကြိုးစားကြလော့။-
ကိုယ်တော်သည်အတတ်ပညာသည်များသွန်း လုပ်၍၊ ပန်းထိမ်ဆရာတို့ရွှေဖြင့်မွမ်းမံကာ၊ငွေ အခြေခံတွင် တပ်ဆင်ထားသည့်ရုပ်တုနှင့်မတူ။
``သင်သည်မိမိ၏များမြောင်သောကုန်စည် တို့ကိုတာရှုမြို့တွင် ငွေ၊ သံ၊ သံဖြူ၊ ခဲတို့ နှင့်လဲလှယ်ကာကုန်သွယ်မှုကိုပြု၏။-
သင်၏ရွက်များကိုအီဂျစ်ပြည်မှရသော ပန်းထိုးထည် ပိတ်ချောဖြင့်ပြုလုပ်ထားကြောင်းအဝေးကပင် အလံသဖွယ်အလွယ်တကူသိနိုင်၏။ သင်၏နေရောင်ကာများသည်ဧလိရှကျွန်း မှရရှိသော မရမ်းစေ့ရောင်အကောင်းစားပိတ်ချောဖြင့် ပြုလုပ်ထား၏။
မော်၍ကြည့်လိုက်သောအခါပိတ်ချော အင်္ကျီကိုဝတ်၍ ရွှေခါးပတ်ကိုပတ်ထား သူလူတစ်ယောက်ကိုငါမြင်ရ၏။-
ဣသရေလအမျိုးသားလက်မှုပညာ သည်သွန်းလုပ်သောရုပ်တုသည်ဘုရား မဟုတ်။ ရှမာရိမြို့သားတို့ကိုးကွယ်သော ရွှေနွားရုပ်သည်အစိတ်စိတ်အမြွှာမြွှာ ဖြစ်ရလိမ့်မည်။-
သို့ရာတွင်ယောနသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးရန်ယုပ္ပေသင်္ဘောဆိပ်သို့သွား၏။ ယုပ္ပေမြို့သို့ရောက်လျှင်စပိန်ပြည်သို့ထွက်ခွာသွားတော့မည်ဖြစ်သောသင်္ဘောကိုအဆင်သင့်တွေ့လေ၏။ ယောနသည်သင်္ဘောခကိုပေးပြီးလျှင် ထာဝရဘုရားနှင့်ဝေးရာစပိန်မြို့သို့သင်္ဘောသားများနှင့်အတူလိုက်ရန်သင်္ဘောပေါ်သို့တက်လေ၏။
သင်တို့သည်အမင်္ဂလာရှိကြ၏။ သစ်သား% တုံးအား``နိုးတော်မူပါ'' ဟူ၍လည်းကောင်း၊ % ကျောက်တုံးအား``ထတော်မူပါ'' ဟူ၍လည်း% ကောင်းသင်တို့ဆိုတတ်ကြ၏။ ရုပ်တုတစ်ခု% သည်သင်တို့အားအဘယ်အမှုကိုရှင်းလင်း% ဖော်ပြနိုင်ပါသနည်း။ ရွှေငွေများဖြင့်မွမ်း% မံထားကောင်းထားမည်ဖြစ်သော်လည်း % ထိုရုပ်တုတွင်အသက်ကားမရှိ။ %