သူတို့ဘုရားများကားရွှေငွေဖြင့်ပြီး၍ လူ့လက်ဖြင့် ပြုလုပ်သောဘုရားများဖြစ်ကြ၏။
ယေရမိ 10:3 - Common Language Bible ထိုသူတို့၏ဘာသာတရားသည်အချည်းနှီး ဖြစ်၏။ တော၌သစ်ပင်ခုတ်လှဲပြီးလျှင်ပန်းပုဆရာသည် ဆူးဆောက်ဖြင့်ရုပ်တုကိုထုလုပ်၍၊ Garrad Bible တော သစ် ပင် ကို ရွေး ခုတ် ခြင်း၊ စူး ဆောက် ဖြင့် ပန်း ပု ထု လုပ် ခြင်း၊ ရွှေ ငွေ ဖြင့် ခြယ် လှယ် ခြင်း၊ မ လဲ စေ ခြင်း ငှာ၊ တူ ဖြင့် သံ မှို နှက် ခြင်း အ မှု ဖြစ် သော၊ လူ မျိုး ခြား တို့၏ ထုံး တမ်း သည်၊ အ န တ္တ ဖြစ် ၏။ Judson Bible လူအမျိုးမျိုးကျင့်သော အကျင့်ဓလေ့တို့သည် အချည်းနှီးဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ သူတို့သည် တော၌ သစ်ပင်ကိုခုတ်လှဲ၍၊ ပုဆိန်နှင့်လုပ်တတ်သော လက်သမား၏ လက်လုပ်ရာဖြစ်သောအရာကို၊ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား လူမျိုးတို့၏ဓလေ့စရိုက်တို့သည် အချည်းနှီးဖြစ်၏။ သူတို့သည် တောထဲမှသစ်ပင်ကိုခုတ်၍ လက်မှုပညာသည်တို့သည် ပုဆိန်ဖြင့်ထွင်းထု၏။ |
သူတို့ဘုရားများကားရွှေငွေဖြင့်ပြီး၍ လူ့လက်ဖြင့် ပြုလုပ်သောဘုရားများဖြစ်ကြ၏။
ထာဝရဘုရားက၊ ``လူမျိုးတကာတို့လာရောက်စုဝေးကြလော့။ ဧကရာဇ်နိုင်ငံကျဆုံးပြီးနောက်အသက် မသေဘဲ ကျန်ရှိနေသူအပေါင်းတို့၊ အချင်းအသိပညာကင်းမဲ့သူတို့၊ မိမိတို့၏သစ်သားရုပ်တုများကို ခင်းကျင်းပြသကာ၊ ကယ်တင်နိုင်စွမ်းမရှိသည့်ဘုရားများထံတွင် ဆုတောင်းပတ္ထနာပြုသူတို့၊ တရားဆိုင်ရန်လာရောက်ကြလော့။
ဤနည်းအားဖြင့်ငါသည်အပြစ်ကူးလွန် သူများ၊ ငါ့ကိုစွန့်ပစ်သူများ၊ အခြားဘုရား တို့အားနံ့သာပေါင်းဖြင့်မီးရှို့ပူဇော်သူ များနှင့် မိမိတို့သွန်းလုပ်သည့်ရုပ်တုများ ကိုဝတ်ပြုကိုးကွယ်သူတို့အားအပြစ် ပေးတော်မူမည်။-
သူတို့အပေါင်းသည်ထုံထိုင်းမိုက်မဲကြ ပါ၏။ သစ်သားရုပ်များကသူတို့အားအဘယ် အမှုအရာကို သွန်သင်ပေးနိုင်ပါမည်နည်း။
လူမျိုးတကာတို့ကိုးကွယ်သည့်ရုပ်တုများ သည် မိုးကိုမရွာစေနိုင်ပါ။ ကောင်းကင်သည်အလိုအလျောက်မိုးရေ ပေါက်များ ကျလာအောင်မတတ်နိုင်ပါ။ ကိုယ်တော်ရှင်သာလျှင်ဤအမှုများကို ပြုတော်မူသောကြောင့် ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ကို မျှော်ကိုးကြပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကွယ်ကာစောင့်ထိန်းတော်မူ၍ ခွန်အား ကိုပေးတော်မူပါ၏။ ဒုက္ခရောက်ချိန်၌ကူမတော် မူပါ၏။ ကမ္ဘာမြေကြီးစွန်းမှလူမျိုးတကာတို့ သည် အထံတော်သို့လာ၍``ကျွန်တော်မျိုးတို့ ဘိုးဘေးများကိုးကွယ်ခဲ့သည့်ဘုရားတို့သည် အတုအယောင်များသာလျှင်ဖြစ်ပါ၏။ အသုံး မဝင်အကျိုးမပေးသောရုပ်တုများသာဖြစ် ပါ၏။-
ထာဝရဘုရားမိန့်တော်မူသည်ကား ``ငါ၌အဘယ်အပြစ်ကိုတွေ့ရှိ၍သင်တို့၏ ဘိုးဘေးတို့သည်ငါ့ထံမှထွက်သွားကြသနည်း။ သူတို့သည်တန်ဖိုးမရှိသောရုပ်တုများကို ဝတ်ပြုရှိခိုး၍ မိမိတို့ကိုယ်တိုင်ပင်တန်ဖိုးမဲ့လာကြ၏။
ထာဝရဘုရားက``ငါ၏ပညတ်များကို စောင့်ထိန်းလော့။ သင်တို့အလျင်ထိုပြည်၌ နေထိုင်ခဲ့သော သူတို့၏အလေ့အကျင့်များ ကိုအတုမခိုးနှင့်။ သင်တို့သည်ထိုအကျင့် များကိုကျင့်ခြင်းအားဖြင့် ကိုယ်ကိုမညစ် ညမ်းစေကြနှင့်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏'' ဟု မိန့်တော်မူ၏။
``သင်တို့သည်ဆုတောင်းပတ္ထနာပြုသောအခါ ဘုရားသခင်ကိုမကိုးကွယ်သူတို့နည်းတူ အနက်အဋ္ဌိပ္ပါယ်မရှိသောစကားများကို မသုံးကြနှင့်။ ထိုသူတို့သည်ရှည်လျားစွာ ဆုတောင်းပတ္ထနာပြုလျှင် တောင်းသောဆုရ လိမ့်မည်ဟုထင်မှတ်ကြ၏။-
ဤပေါလုဆိုသူသည်ဧဖက်မြို့တွင်သာမက အာရှပြည်တစ်ခုလုံးလိုလို၌ပင် `လူ့လက်ဖြင့် ပြုလုပ်သည့်ဘုရားများသည်ဘုရားလုံးဝ မဟုတ်' ဟုဆို၍လူအမြောက်အမြားကို ဖြားယောင်းသွေးဆောင်ကာ မှောက်မှားလမ်းလွဲ စေသည်ကိုသင်တို့ကိုယ်တိုင်ကြားနိုင်မြင် နိုင်ကြ၏။-
သူတို့သည်ဘုရားသခင်ကိုသိကြသော် လည်း ကိုယ်တော်၏ဂုဏ်တော်ကျေးဇူးတော်ကို ချီးမွမ်းသင့်လျက်နှင့်မချီးမွမ်းကြ။ ချီးမွမ်း မည့်အစားအကျိုးမဲ့သည့်အရာများကို သာ တွေးတောဆင်ခြင်လျက်နေကြ၏။ သူတို့ ၏အသိဉာဏ်ကင်းမဲ့သည့်စိတ်နှလုံးများ သည်လည်းအမှောင်ဖုံး၍နေ၏။-
မိမိတို့ဘိုးဘေးများထံမှဆက်ခံရရှိ သောအချည်းနှီးသောဘဝမှအဘယ်သို့ အဖိုးအခပေး၍ သင်တို့အားလွတ်မြောက် စေကြောင်းကိုသင်တို့သိကြ၏။ ထိုအဖိုး အခသည်ရွှေ၊ ငွေအစရှိသည့်ဖောက်ပြန် ပျက်စီးတတ်သောအရာမဟုတ်။-