ကိုယ်တော်၏လမ်းစဉ်ကိုသာလိုက်လျှောက်ခဲ့ပါ၏။ ထိုလမ်းစဉ်မှမတိမ်းမစောင်းခဲ့ပါ။
ယေရမိ 10:23 - Common Language Bible အို ထာဝရဘုရား၊အဘယ်သူမျှမိမိ၏ ကံကြမ္မာကို ဖန်တီး၍မရကြောင်းကျွန်တော်မျိုးသိ ပါ၏။ အဘယ်သူမျှမိမိဘဝကိုအစိုးမရပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ ကိုယ့် သွား ရာ လမ်း ကို လူ ယုတ် သော်လည်း ကောင်း၊ ကိုယ့် ခြေ လှမ်း ခြင်း၊ လျှောက် သွား ခြင်း ကို လူ မြတ် သော် လည်း ကောင်း၊ မ ပိုင် ကြောင်း၊ အ ကျွန်ုပ် သိ လှ ပါ ၏။ Judson Bible အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။ မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို မိမိမပိုင်၊ လမ်းလျှောက်နေသောသူသည် ကိုယ့်ခြေလှမ်းကို ကိုယ်မတည့်မတ်စေနိုင်သည်ကို အကျွန်ုပ်သိပါ၏။ |
ကိုယ်တော်၏လမ်းစဉ်ကိုသာလိုက်လျှောက်ခဲ့ပါ၏။ ထိုလမ်းစဉ်မှမတိမ်းမစောင်းခဲ့ပါ။
ထာဝရဘုရားသည်လူတို့လိုက်လျှောက်အပ်သည့် လမ်းကိုပြညွှန်တော်မူ၏။ ကိုယ်တော်နှစ်သက်တော်မူသောသူတို့ကို ကွယ်ကာတော်မူ၏။
စိတ်နှလုံးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ၏။ လျှာနှင့်ပြန်ပြောချက်ကိုကား၊ ထာဝရဘုရားပိုင်တော် မူ၏။
လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။
လူသွားရာလမ်းတို့ကို ထာဝရဘုရား စီရင်တော် မူ၏။ သို့ဖြစ်၍ သူသည် မိမိသွားရာလမ်းတို့ကို အဘယ် သို့ နားလည်နိုင်သနည်း။
သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။
အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် သူတော်ကောင်းတို့လမ်းကိုဖြောင့်စေတော်မူပါ၏။ သူတို့သွားရသောခရီးလမ်းသည်လည်းညီညာ ပါ၏။
ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-