သို့ရာတွင်မိက္ခာက``ငါသည်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်းဖော်ပြမည်ဖြစ်ကြောင်း အသက်ရှင်တော်မူသောထာဝရဘုရားကို တိုင်တည်၍ငါဆို၏'' ဟုပြော၏။
ယေရမိ 1:7 - Common Language Bible သို့ရာတွင် ထာဝရဘုရားက``သင်သည် အသက်အရွယ်ငယ်လွန်းသည်ဟုမဆိုနှင့်။ ငါစေလွှတ်သည့်သူထံသို့သင်သွား၍ ငါ မိန့်မှာတော်မူသမျှကိုပြန်ကြားလော့။- Garrad Bible ထာ ဝ ရ ဘု ရား က ငယ် ရွယ် သူ ဖြစ် ပါ သည် ဟု မ လျှောက် လင့်။ ငါ စေ လွှတ် သ မျှ သို့ သွား ၍၊ မိန့် မှာ သ မျှ ကို ဆင့် ဆို ရ မည်။ Judson Bible ထာဝရဘုရားကလည်း၊ အကျွန်ုပ်သည်သူငယ်ဖြစ်ပါ၏ဟု မပြောနှင့်။ အကြင်သူရှိရာသို့ သင့်ကိုငါစေလွှတ်၏။ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင်စကားကို ငါမှာထား၏။ ထိုစကားကို သင်ဆင့်ဆိုရမည်။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထာဝရဘုရားက ငါ့အား “ ‘အကျွန်ုပ်သည် သူငယ်သာဖြစ်ပါသည်’ဟု မဆိုနှင့်။ သင့်ကိုငါစေလွှတ်သော လူအပေါင်းတို့ထံသို့ သင်သွားရမည်။ ငါမိန့်မှာသောစကားအလုံးစုံတို့ကို သင်ပြောကြားရမည်။ |
သို့ရာတွင်မိက္ခာက``ငါသည်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်းဖော်ပြမည်ဖြစ်ကြောင်း အသက်ရှင်တော်မူသောထာဝရဘုရားကို တိုင်တည်၍ငါဆို၏'' ဟုပြော၏။
အို ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ် သည်အသက်အရွယ်ငယ်၍တိုင်းပြည်ကို မအုပ်စိုးတတ်သော်လည်း ကိုယ်တော်ရှင်သည် အကျွန်ုပ်အားခမည်းတော်အရိုက်အရာ ကိုဆက်ခံစေ၍နန်းတင်တော်မူပါပြီ။-
သို့ရာတွင်မိက္ခာက``ငါသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်းဖော်ပြရလိမ့်မည်ဖြစ် ကြောင်း အသက်ရှင်တော်မူသောထာဝရဘုရား ကိုတိုင်တည်၍ငါဆို၏'' ဟုပြော၏။
ဤသို့မိန့်တော်မူ၏။ ``ဗိမာန်တော်တံတိုင်း အတွင်း၌ရပ်ပြီးလျှင် ထိုအရပ်သို့ယုဒ မြို့များမှထာဝရဘုရား၏အိမ်တော်တွင် ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောလူတို့ အား ငါမိန့်မှာသမျှသောစကားတို့ကိုပြော ကြားလော့။ တစ်ခွန်းတစ်လေကိုမျှချန်မ ထားနှင့်။-
ငါသည်လူတို့ကိုပြောကြားရန်သူတို့၏ ဘုရားသခင်ထာဝရဘုရား စေလွှတ်မှာ ကြားတော်မူသမျှသောစကားတို့ကို ဆင့်ဆိုပြီးသောအခါ၊-
``သို့ဖြစ်၍အချင်းယေရမိ၊ သင်သည်ဤ စကားများကိုသူတို့အားပြောကြားသော် လည်း သူတို့နားထောင်ကြလိမ့်မည်မဟုတ်။ သင်သည်သူတို့အားခေါ်သော်လည်း သူတို့ ထူးကြလိမ့်မည်မဟုတ်။-
သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင် သည်ဖြစ်စေ၊ ငါမိန့်တော်မူသမျှတို့ကိုသူ တို့အားဆင့်ဆိုရမည်။ သူတို့သည်ပုန်ကန် တတ်ကြောင်းကိုသတိရလော့။''
ထိုနောက်သင့်အားငါတစ်ဖန်ပြောကြားစေ လိုသောအခါ၌သင်၏နှုတ်ကိုဖွင့်မည်။ ထို အခါသင်သည်သူတို့အားငါ့အရှင်ထာဝရ ဘုရား ဤသို့မိန့်တော်မူသည်ဟုဆင့်ဆိုရ မည်။ အချို့သောသူတို့သည်သင့်စကားကို နားထောင်၍ အချို့တို့သည်နားမထောင်ဘဲ နေကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ တို့သည်ပုန်ကန်တတ်သောလူမျိုးဖြစ်သော ကြောင့်တည်း။''
ထာဝရဘုရားသည်ငါ့ကိုသိုးကျောင်း နေရာမှခေါ်ယူပြီး လူမျိုးတော်ဣသရေလ ထံသို့သွားရောက်၍ဗျာဒိတ်ပေးရန်စေခိုင်း တော်မူခဲ့သည်။-
ထိုနေ့ညတွင်ဘုရားသခင်သည်ဗာလမ်ထံ သို့ကြွလာ၍``ဤသူတို့သည်သင့်ကိုသူတို့ နှင့်အတူလိုက်ပါရန် ခေါ်ဖိတ်လျှင်လိုက်သွား လော့။ သို့ရာတွင်သင်သည်ငါညွှန်ကြားသည့် အတိုင်းသာဆောင်ရွက်ရမည်'' ဟုမိန့်တော် မူ၏။-
ဗာလမ်က``ငါယခုရောက်လာပြီ။ သို့ရာတွင် ငါသည် ကိုယ်တိုင်ပြောပိုင်ခွင့်မရှိ။ ဘုရားသခင်ကငါ့အားပြောစေလိုသမျှကို သာငါပြောနိုင်မည်'' ဟုဆိုလေ၏။-
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
အဘယ်ကြောင့်ဆိုသော်ငါသည်ဘုရားသခင် ၏အကြံအစည်တော်ကို သင်တို့အားအကုန် အစင်ဖော်ပြပြီးသောကြောင့်ဖြစ်၏။-